Home သတင်း အစိုးရ‌ကျောင်းများတွင် ကရင်နှင့် မွန်အလံများ နိုင်ငံ‌တော်အလံနှင့် ယှဉ်တွဲထားရှိမှု မပြုရန် တားမြစ်

အစိုးရ‌ကျောင်းများတွင် ကရင်နှင့် မွန်အလံများ နိုင်ငံ‌တော်အလံနှင့် ယှဉ်တွဲထားရှိမှု မပြုရန် တားမြစ်

3323

ဇူလိုင် ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အစိုးရစာသင်‌ကျောင်းများတွင် နိုင်ငံ‌တော်အလံနှင့် ကရင် အလံ၊ မွန်အလံများ ယှဉ်တွဲထားရှိမှု မပြုလုပ်‌စေရန် မြို့နယ်ပညာ‌ရေးမှူးရုံးက သက်ဆိုင်ရာ ‌ကျောင်းအုပ်ကြီး၊ ‌ကျောင်းအုပ်စုမှူးများထံသို့ ဇွန် ၂၇ ရက်‌နေ့တွင် အ‌ကြောင်းကြားစာများကို ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။

ယင်း အ‌ကြောင်းကြားစာတွင် ‌ကော့ကရိတ်ခရိုင်ပညာ‌ရေးမှူးရုံး၏ (၂၇.၆.၂၀၁၈) ရက်စွဲပါ စာအမှတ် ၅၅၁/ ပြီး စီးမှု (၂၀၁၈) အထက် ရည်ညွှန်းချက်ပါစာအရ နိုင်ငံ‌တော်အလံနှင့် ယှဉ်တွဲထားရှိမှု မပြုလုပ်‌စေရန် သက်ဆိုင် ရာ မြို့နယ် ပညာ‌ရေးမှူးများနှင့် ‌ကျောင်းအုပ်ကြီးများ ညှိနှိုင်း‌ဆောင်ရွက်ပြီး ပြီးစီးမှုအ‌ခြေအ‌နေများအား ပြန်လည်တင်ပြရန် အ‌ကြောင်းကြားလာသဖြင့် ပြီးစီးမှုအ‌ခြေအ‌နေကို မြို့နယ်ပညာ‌ရေးမှူးရုံးသို့ ဇူလိုင် ၁ဝ ရက်‌နေ့တွင် ပြန်လည်တင်ပြရန် ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ (KNU) ဝင်း‌ရေးမြို့နယ် ကရင်ပညာ‌ရေးဌာန(KED) ဒုပညာ‌ရေးမှူး မန်းရှားထူး‌ဝေါ်က “လက်ရှိအချိန်မှာ ဝင်း‌ရေးမြို့နယ်အ‌နေနဲ့ ဒီကိစ္စကို ခဏဆိုင်းငံ့ ခိုင်းထားဖို့ သက်ဆိုင်ရာ‌ကျောင်းအုပ်‌တွေကို ‌ပြောထားတယ်။ အရင်က ရှိ‌နေတဲ့အတိုင်းပဲ အလံ‌တွေကို အတူတူယှဉ်တွဲပြီး ဆက်လက်ထားရှိထားပါတယ်။ ဘာမှ ဖြုတ်သိမ်းတာ‌တွေ မရှိ‌သေးပါဘူး”ဟု ‌ပြောသည်။

ထို့အပြင် လာမည့် ဇူလိုင် ၁၃ ရက်‌နေ့တွင် ပြည်နယ်အစိုးရပညာ‌ရေးဌာနနှင့် ကရင် ပညာ‌ရေးဌာန (KED)တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး‌နောက် သက်ဆိုင်ရာ ‌ကျောင်းအုပ်ကြီး၊ ‌ကျောင်းအုပ်စုမှူးများကို ပြန်လည် အ‌ကြောင်းပြန် သွားမည်ဖြစ်‌ကြောင်းလည်း မန်းရှားထူး‌ဝေါ်က ဆက်လက် ‌ပြောဆိုသည်။

အမည်မ‌ဖော်လိုသူ ကရင်ပြည်နယ်၊ ပညာ‌ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “ပြည်နယ် ပညာ‌ရေးမှူးရုံး အ‌နေနဲ့ ခရိုင်ပညာ‌ရေးမှူးရုံးကို ညွှန်ကြားထားတာ မရှိပါဘူး။ ဒါနဲ့ပြန်စုံစမ်းကြည့်လိုက်‌တော့ ခရိုင် ‌ထွေ/ အုပ် (အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး) က ညွှန်ကြားတာလို့ပဲ သိရပါတယ်။ အဲဒီ‌တော့ မှတ်ချက်‌ပေးဖို့ ခက်ပါတယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အစိုးရထိန်းချုပ်နယ်‌မြေ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်တို့သည် နှစ်ဖက်အုပ်ချုပ်‌နေ‌သော နယ်‌မြေများဖြစ်ပြီး ထိုနယ်‌မြေအတွင်းရှိ ခုံခံ(ခိုး‌ခေါ)‌ကျေးရွာမှ မူလတန်းစာသင်‌ကျောင်း၌ လွှင့်ထူထား‌သော ကရင်အမျိုးသားအလံကို တိုင်းမှူး လာ မည် ဟု အ‌ကြောင်းပြချက်ဖြင့် လမ်းလုံခြုံ‌ရေးယူသည့် အစိုးရ တပ်မ‌တော်၏ တပ်ဖွဲ့ဝင်များက ၂၀၁၆ ခုနှစ်၊ နိုဝင် ဘာလ ၁၁ရက်‌နေ့တွင် ဖြုတ်သိမ်းမှု ဖြစ်ပွားခဲ့ဖူးသည်။

ဒူးပလာယာခရိုင်တွင် ‌ကေအဲန်ယူနှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် (NCA) လက်မှတ် ‌ရေးထိုးခဲ့ပြီး‌နောက် ကရင်ပညာ‌ရေးဌာနနှင့် အစိုးရပညာ‌ရေးဌာနတို့ ‌ရော‌နှောအုပ် ချုပ်သည့် စာသင်‌ကျောင်းတိုင်းတွင် ကရင်အမျိုးသားအလံကို လွှင့်ထူထား‌လေ့ရှိသည်ဟုလည်း သိရသည်။