Home သတင်း ဗိုလ်ချုပ်‌ကြေးရုပ် ကန့်ကွက်ဆန္ဒပြသူများကို အ‌ရေးယူမှုနှင့် အကြမ်းဖက်မှုအ‌ပေါ် NEYA ရှုတ်ချ

ဗိုလ်ချုပ်‌ကြေးရုပ် ကန့်ကွက်ဆန္ဒပြသူများကို အ‌ရေးယူမှုနှင့် အကြမ်းဖက်မှုအ‌ပေါ် NEYA ရှုတ်ချ

3054

ဇူလိုင် ၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့တွင် ဗိုလ်ချုပ်‌အောင်ဆန်း‌ကြေးရုပ်ထု ထားရှိမည့်ကိစ္စကို ကန့်ကွက် ဆန္ဒပြသည့် ကရင်နီ(ကယား)တိုင်းရင်းသားလူငယ်များအား အစိုးရမှ အ‌ရေးယူမှုနှင့် အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းအ‌ပေါ် ရှုတ်ချ‌ကြောင်း တိုင်းရင်းသားလူငယ်များမဟာမိတ် (NEYA)က ယ‌နေ့(ဇူလိုင်လ ၄ရက်) သ‌ဘောထားထုတ်ပြန်လိုက်သည်။

ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်‌ကြေးရုပ်တည်‌ဆောက်ခြင်းကိစ္စအား ကန့်ကွက်‌ကြောင်း နှိုး‌ဆော်စာ ဖြန့်‌ဝေခဲ့သည့် ကရင် နီ(က ယား)ပြည် ဌာ‌နေတိုင်းရင်းသားလူငယ် (၁၀)ဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ (ဂ)တို့ဖြင့် ဇူလိုင်လ ၂ရက်‌နေ့က အမှုဖွင့်အ‌ရေးယူမှုနှင့် ယမန်‌နေ့က လမ်း‌လျှောက်ဆန္ဒပြရင်း တားမြစ်‌နေရာသို့ ‌ဖောက်ထွက်ရန် ကြိုးပမ်းမှု‌ကြောင့် အကြမ်း ဖက်ဖြိုခွဲခဲ့ခြင်းအ‌ပေါ် ရှုတ်ချခြင်းဖြစ်သည်ဟု NEYAက ဆိုသည်။

NEYA၏ ‌ပြောခွင့်ရ စိုင်း‌အောင်မြင့်ဦးက “တိုင်းရင်းသား‌ဒေသ‌တွေမှာ ဒီလိုမျိုး ဗိုလ်ချုပ်ရုပ်ထု‌တွေ တခြားရုပ်ထု ဖြစ် ဖြစ် ‌ပေါ့၊ တိုင်းရင်းသား‌ဒေသ‌တွေရဲ့ သ‌ဘောတူညီချက်မရပဲနဲ့ အဲ့လိုမျိုးလုပ်တာကို ကျ‌နော်တို့ ရှုတ်ချပါတယ်။ ‌နောက်ပြီး ကန့် ကွက်ဆန္ဒပြတဲ့ ညီ‌နောင်တိုင်းရင်းသား‌တွေအ‌ပေါ် ဖမ်းဆီးတာ အ‌ရေးယူတာကို မလုပ်သင့်ဘူး။ ဒီအ‌ပေါ်မှာလည်း အပြင်း အထန်ရှုတ်ချပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများတွင်လည်း ၎င်းတို့၏ ‌လေးစားရသည့် ‌ခေါင်း‌ဆောင်များစွာရှိပြီး ၎င်းအ‌ပေါ် အ‌လေးမ ထားဘဲ ဗမာမှုပြုသည့် ပုံစံဖြင့် ယခင်စစ်အာဏာရှင် အစိုးရလက်ထက်သဏ္ဍာန်တူလုပ်ရပ်များကို လက်ရှိ ဒီမိုက‌ရေစီ အစိုးရအ‌နေဖြင့် မပြုလုပ်သင့်‌ကြောင်းနှင့် တန်းတူညီမျှမှုကို ‌လေးစားသည့်အ‌နေဖြင့် ယခု ကန့်ကွက်ဆန္ဒပြပြီး အ‌ရေးယူခံရ သည့် တိုင်းရင်းသားလူငယ်များနှင့် ‌တွေ့ဆုံညှိနှိုင်းသ‌ဘောထားရယူသင့်သည်ဟုလည်း စိုင်း‌အောင်မြင့်ဦးက ဆက်‌ပြော သည်။

အရပ်သားအစိုးရအ‌နေဖြင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးလုပ်‌ဆောင်မည်ဟု ‌ပြောဆိုထားမှုအ‌ပေါ် ‌လေးစားတန် ဘိုးထားခြင်းဖြင့် ‌ဖော်‌ဆောင်‌ပေးရန်လိုအပ်‌ကြောင်း၊ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး အတွက် အမျိုးသားတန်း တူ‌ရေး ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ဒီမိုက‌ရေစီ စံတန်ဘိုးများကို မဖြစ်မ‌နေလက် ခံကျင့်သုံး ရမည်ဖြစ်ပြီး မကြာမီ ကျင်းပမည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအ‌ဝေးအတွက် တိုင်းရင်းသားအားလုံးပါဝင်‌ရေး၊ ‌ဆွေး ‌နွေးနိုင်‌ရေးများကို ကယားပြည်နယ်အစိုးရမှ ဆန့်ကျင်လုပ်‌ဆောင်‌နေခြင်းကို ရှုတ်ချသည်ဟုလည်း NEYA ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ဗိုလ်ချုပ်‌အောင်ဆန်း‌ကြေးရုပ်ကို ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့၊ ဂန္ဓာ‌ဟေဝန်ပန်းခြံတွင် ထားရှိရန် ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးတွင် အတည်ပြုခဲ့ပြီး ၎င်းအ‌ပေါ် ကန့်ကွက် ‌ကြောင်း အသိ‌ပေး နှိုး‌ဆော် စာ ဖြန့်‌ဝေခဲ့သူ ‌ကျောင်းသား လူငယ်များမှာ အ‌ရေးယူခံထားရသလို ယမန်‌နေ့က ပြည်နယ်တွင်းရှိ တိုင်းရင်းသားလူငယ် တစ်‌ထောင်ခန့်ကလည်း လမ်း‌လျှောက်ချီတက်ဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး ၎င်းအ‌ပေါ် အကြမ်းဖက်ဖြိုခွဲမှုများခံခဲ့ရသည်ဟု သိရ သည်။

၎င်း‌ကြေးရုပ်ထုထားရှိမည့်ကိစ္စကို ကန့်ကွက်သည့် အရပ်ဖက်အဖွဲ့အစည်းများမှ ပြည်နယ်အစိုးရထံသို့ ကန့်ကွက်‌ကြောင်း အိတ်ဖွင့်‌ပေးစာကို ဇွန်လ ဒုတိယ အပတ်က ‌ပေးပို့ထားခဲ့ပြီး အ‌ရေးယူမှုနှင့် အကြမ်းဖက်ဖြိုခွဲမှုအ‌ပေါ်တွင်လည်း ပြည်နယ်အရပ်ဖက်နှင့် တိုင်းရင်းသားလူငယ်အဖွဲ့အချို့တို့မှ ဆန့်ကျင်ရှုတ်ချ‌ကြောင်း သ‌ဘောထားများ အသီးသီးထုတ် ပြန်ထားသည်။