Home သတင်း နာမည်‌ကျော်ကြား‌နေသည့် ‌ကော့ကရိတ်မြို့ ‌လောင်းကစားရုံများ ဖယ်ရှားလိုက်ပြီ

နာမည်‌ကျော်ကြား‌နေသည့် ‌ကော့ကရိတ်မြို့ ‌လောင်းကစားရုံများ ဖယ်ရှားလိုက်ပြီ

2273

ဇူလိုင် ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့တွင် ဖွင့်လှစ်ထား‌သော ‌လောင်းကစား ငါးဂိမ်းရုံများကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဖြစ် ‌ကြောင်း ‌ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုး‌ဌေးက ဇူလိုင် ၁၈ ရက် (ယမန်‌နေ့)တွင် မီဒီယာများ သို့ ‌ပြောသည်။

ဦးစိုး‌ဌေးက“‌လောင်းကစားရုံ‌တွေကို တစ်မြို့နယ်လုံး ပိတ်သိမ်းဖို့၊ မပိတ်သိမ်းရင် အိမ်‌ရော ‌မြေ‌ရော သိမ်းမယ်။ ‌မြေပိုင် ရှင်‌ရော ရပ်ကွက်အုပ်ချုပ်‌ရေးမှူး‌တွေ‌ရော အ‌ပေါင်ခံတဲ့လူ‌ရော အ‌ရေးယူမယ်လို့ ညွှန်ကြားခဲ့တယ်။ အခု‌တော့ အကုန် ပိတ် သွားပါပြီ”ဟု ‌ပြောသည်။

‌လောင်းကစားရုံဖွင့်လှစ်ထား‌သော ‌မြေပိုင်ရှင်၊ ဖွင့်လှစ်ရန် လက်ခံထား‌သော ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ အစည်း အမည်လိမ်ညာခံယူထား‌သော ပုဂ္ဂိုလ်များကို သက်ဆိုင်ရာ ဥပ‌ဒေများဖြင့် အ‌ရေးယူ‌ပေးပါရန် ဦးစိုး‌ဌေးက ခရိုင်အုပ်ချုပ် ‌ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့ ဇူလိုင် ၁ဝ ရက်တွင် စာတင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာတင်ခဲ့သည့် ဇူလိုင် ၁ဝ ရက်‌နေ့မှ စတင်၍ ၁၅ ရက်‌နေ့အထိ ရဲနှင့်တာဝန်ရှိသူများပူး‌ပေါင်းကာ ‌ကော့ကရိတ်မြို ‌ပေါ်ရှိ ရပ်ကွက်‌ပေါင်း (၄)ရပ်ကွက်တွင် ဖွင့်လှစ်ထား‌သော ‌လောင်းကစားရုံ ၈ ရုံအထိ ပိတ်သိမ်း ဖြိုဖျက်ခြင်းများ ပြုလုပ်နိုင်ခဲ့‌ကြောင်းကိုလည်း လွှတ်‌တော်ကိုယ်စားလှယ်နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ‌ပြောဆိုသည်။

အမှတ်(၄) ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦးထွန်းဝင်းက “ဂိမ်းက ကွန်ပျူတာနဲ့ထိန်းထားတဲ့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ထိုးသား က ရှုံးမှာပဲ။ ရှုံးတဲ့အခါ ‌လျော်ဖို့ ပိုက်ဆံမရှိရင် ဆိုင်ကယ်‌ပေါင်တယ်။ ပစ္စည်းခိုးတယ်။ ဒါ‌တွေ ပြဿနာဖြစ်‌ပေါင်းများ လာ ‌တော့ ရပ်ကွက်က ‌အေး‌အေးချမ်းချမ်းမရှိ‌တော့ဘူး။ ဒါ‌ကြောင့် မြို့နယ်မှူး၊ စခန်းမှူး‌တွေနဲ့ ပူး‌ပေါင်းပြီး အ‌ရေးယူခဲ့တာဖြစ် တယ်”ဟု ‌ပြောသည်။

‌လောင်းကစားရုံများကို အဖွဲ့အစည်းအမည်ခံယူထား‌သော သူများက ဦး‌ဆောင်လုပ်ကိုင်‌နေခဲ့ပြီး ပြန်လည်‌ပေါ် ‌ပေါက်လာပါက ယခုထက် ပိုမိုထိ‌ရောက်‌သော ပြစ်ဒဏ်များကို ‌ပေးသွားရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းကိုလည်း ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးစိုး‌ဌေးက ‌ပြောကြားသည်။

‌ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်‌နောက်ပိုင်းမှစတင်ကာ ‌လောင်းကစားရုံများ၊ ‌လောင်းကစားမှုများ ဆိုးဆိုးရွားရွားဖြစ်‌ပေါ်‌နေသည့်အတွက် မြို့ခံများက ထို‌လောင်းကစားမှုများကို အ‌ရေးယူ‌ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များ၊ လွှတ်‌တော်ကိုယ်စားလှယ်များထံ မကြာခဏ တင်ပြ‌တောင်းဆိုမှုများရှိခဲ့‌သော်လည်း ယခုမှ ထိထိ‌ရောက်‌ရောက် နှိမ်နင်းမှုများပြုလုပ်နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း မြို့ခံများက ‌ပြောသည်။