Home သတင်း တပ်စွန့်လွှတ်‌မြေပြဿနာကို ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံ‌ဖြေရှင်းသွားမည်ဟု KNU ဗဟို‌ပြောဆို

တပ်စွန့်လွှတ်‌မြေပြဿနာကို ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံ‌ဖြေရှင်းသွားမည်ဟု KNU ဗဟို‌ပြောဆို

2111

ဇူလိုင် ၂၇ရက်၊၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ် စံပရီး‌ကျေးရွာအုပ်စု၊ စံပနုံရွာတွင် အစိုးရခွင့်ပြုချက်မရှိဘဲ တပ်စွန့်လွှတ်‌မြေ‌ပေါ် ‌ဆောက်လုပ်ထားသည့် ‌နေအိမ် အ‌ဆောက်အဦးများ ဖယ်ရှားရှင်းလင်းခံရမှုနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရနှင့် ‌ဒေသခံလူထုအကြား ဖြစ်‌ပေါ်‌နေ‌သော ‌မြေယာပြဿနာများကို ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံ ‌ဖြေရှင်း‌ပေးသွားမည်ဖြစ်‌ကြောင်း KNU ဗဟို တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ‌မြေ‌နေရာများတွင် KNU က ‌မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်‌ပေးမှုများရှိခဲ့ပြီး ယခုဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ‌ကြောင့် ‌ဒေသခံများတွင် နစ်နာမှုများရှိ‌နေသည့်အတွက် KNU ဗဟို‌မြေယာ‌ဖြေရှင်း‌ရေး‌ကော်မတီက သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံပြီး ‌ဖြေရှင်း‌ပေးသွားမည်ဟု KNU ဗဟိုလယ်ယာဌာနနှင့် စိုက်ပျိုး‌ရေးဌာနမှူး ပဒို‌စော‌နေသဘ‌လေးက ယခုလို ‌ပြောသည်။

“ဖြစ်‌စေချင်တာက‌တော့ တစ်ခုခုမလုပ်ခင်မှာ KNU နဲ့ အစိုးရ‌ရော ‌တွေ့ဖို့၊ ညှိနှှိုင်းဖို့ လိုတယ်။ အဲဒါမှ ရလာတဲ့အ‌ဖြေက ‌ဒေသနဲ့ သဟဇာတ ဖြစ်လာနိုင်မယ့် အ‌ဖြေမျိုးထွက်လာနိုင်မှာ‌ပေါ့။ ကျ‌နော်တို့ ပြည်နယ်အစိုးရ တာဝန်ရှိသူ‌တွေနဲ့ ‌ဆွေး‌နွေးသွားဖို့ ရှိပါ တယ်။ ‌လော‌လောဆယ်‌တော့ ဘယ်အချိန်‌လောက် ‌တွေ့ဖြစ်မလဲ မသိ‌သေး‌ပေမယ့် ‌ခေါင်း‌ဆောင်‌တွေဆီက‌နေ လမ်းညွန်မှု ရတာနဲ့ ချက်ချင်း စတင်လုပ်‌ဆောင်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်စွန့်လွှတ်ထားသည့်‌မြေကို ‌ဒေသခံများ၏ ‌တောင်းဆိုမှုများ‌ကြောင့် KNU ထီလုံမြို့နယ်မှ ‌ဆောင်ရွက်‌ပေးခဲ့ခြင်းဖြစ်ပြီး ယခု ဖြစ်ပွားခဲ့သည့် ကိစ္စများအတွက် ဌာန၏ လုပ်ငန်းစဉ်အရ သက်ဆိုင်ရာ ပြည်သူလူထုနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည့်အပြင် ‌မြေယာသမိုင်း‌ကြောင်း၊ အချက်အလက်များကိုလည်း မြို့နယ်မှ ခရိုင်သို့ အဆင့်ဆင့် စိစစ်ကာ ‌ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

KNU မှ ‌မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်‌ပေးထား‌သော်လည်း အစိုးရက ခွင့်ပြုထားခြင်းမရှိသည့်အတွက် အဆိုပါ‌မြေ‌နေရာ၌ ‌ဆောက်လုပ်ထား‌သော ‌ဒေသခံပြည်သူများ၏ အ‌ဆောက်အဦးများကို ဇူလိုင်လ ၁၇ရက်နှင့် ၁၈ရက်‌နေ့များတွင် ပြည်နယ်အစိုးရ က ဖယ်ရှား ရှင်းလင်းခဲ့သည်။

ယင်း‌မြေ‌နေရာတွင် အိမ်‌ဆောက်‌နေထိုင်‌နေသည့် ဂါ့မူးငြိမ်းကလည်း “သူတို့အင်အားသုံးပြီး အိမ်လာဖြိုတာ အလုံး ၁၀ဝ ဂဏန်း အထက်ရှိတယ်။ ၂ရက်ပဲ လာဖြိုတာ‌တွေ့တယ်။ ကျမတို့အိမ်ကိုလည်း အစက လာဖြိုမယ့်‌နေရာထဲမှာ ပါတယ်လို့ကြားတယ်။ လာဖြို‌တော့မလားဆိုပြီး အမြဲစိုးရိမ်စိတ်ရှိတယ်။ ဒီကိစ္စကို အမြန်ဆုံး‌ဖြေရှင်း‌ပေးမှ ကျမတို့လည်း စိတ်‌အေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စံပနုံရွာတွင် တပ်စွန့်လွှတ်ထားသည့် ‌မြေဧက‌ပေါင်း ၁၁၂၈.၉၃ဧကကို အစိုးရက နိုင်ငံ‌တော်ပိုင်‌မြေအဖြစ် ၉၂၈.၉၃ဧက သတ် မှတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ်တွင် စားကျက်‌မြေနှင့် သချိုင်း‌မြေ အပါအဝင် ‌မြေဧရိယာ ၃၀၃ဧကကို ရွာခံများ‌နေထိုင်နိုင်ရန် KNU ထီလုံမြို့နယ် တာဝန်ရှိသူများက အကွက်‌ပေါင်း ၁,၁၇၁ကွက် ချထား‌ပေးခဲ့ခြင်းဖြစ်သည်။