Home သတင်း စ‌ကော ကရင်စာသင်ရိုး ‌ရေးဆွဲ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

စ‌ကော ကရင်စာသင်ရိုး ‌ရေးဆွဲ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်မည်

4812

ဇူလိုင် ၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာသင်ကြားရာတွင် အဆင့်မှီပညာ‌ရေး စံချိန်စံနှုန်းများနှင့် ကိုက်ညီသည့် သင်ရိုး ‌ပေါ်ထွက်လာ‌ရေးအတွက် ရည်ရွယ်ကာ စ‌ကောကရင်စာသင်ရိုး‌ရေးဆွဲ‌ရေး အလုပ်ရုံ ‌ဆွေး‌နွေးပွဲ ကို ဇူလိုင် ၂၇ မှ ၂၈ ရက်‌နေ့ထိ ရန်ကုန်မြို့၊ ‌အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄ အ‌ပေါ်ဆုံးထပ်၌ ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်း ‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး-၁ ဖြစ်သူ မန်းသန်းဝင်းဦးက ‌ပြောသည်။

၎င်းက “အစိုးရ‌ကျောင်း‌တွေမှာ စ‌ကောကရင်စာကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန် စသဖြင့် သင်ကြား‌နေတာ ကျယ်ကျယ် ပြန့်ပြန့်ရှိတယ်။ သင်တဲ့အခါမှာ တ‌ပြေးညီ သင်ရိုးရှိဖို့ အတွက်ရည်ရွယ်ပြီး အလုပ်ရုံ‌ဆွေး‌နွေးပွဲ လုပ်သွားမယ်၊ ဆိုင်ရာ တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်‌တွေက ကရင့်‌ရေးရာဝန်ကြီး‌တွေကိုလည်း ဖိတ်ကြားသွားမယ်” ဟု ဇူလိုင် ၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်ကြာ ပြုလုပ်မည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင့်ဘာသာ‌ရေးအဖွဲ့အစည်းများမှ စာ‌ပေပညာရှင်များ၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အလိုက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီတို့မှ ကိုယ်စားလှယ်များနှင့် ကရင်စာ‌ပေပညာရှင်များ အပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ် ၇ဝ ဦး‌ကျော်တက်‌ရောက်ရန် ဖိတ်ကြားသွား မည်ဟု မန်းသန်းဝင်းဦးက ဆက်‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ပြန်ကြား‌ရေးတာဝန်ခံ ‌စောဩဂတ်စတင်းခူက“ ‌လော‌လောဆယ်‌တော့ ဖိတ်စာမ‌ရောက်‌သေးဘူး။ အလုပ်ရုံ‌ဆွေး‌နွေးပွဲ လုပ်တာ‌ကောင်းပါတယ်။ ကရင်‌ရေးရာ ဝန်ကြီး‌တွေ အားလုံး‌တွေ့ဆုံ‌ဆွေး‌နွေးပြီး အားလုံးပါဝင်တဲ့ ‌ဆွေး‌နွေးပွဲ ဖြစ်ရင် ပို‌ကောင်းမယ်လို ့မြင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ပိုးနှင့် စ‌ကောကရင်စာများကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ မွန်ပြည်နယ်စသည်တို့ရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် မူလတန်း‌အောက်အဆင့်ထိ သင်ကြားမှုများရှိ သလို ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ အချို့‌ကျောင်းများတွင် တတိယတန်းထိ ကရင်စာသင်ကြားမှုများရှိသည်ဟု ဆိုင်ရာ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများထံမှ သိရသည်။