Home သတင်း စစ်‌ရေးအရ ဖိအား‌ပေးခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မတည်‌ဆောက်ဘဲ တန်းတူအခွင့် အ‌ရေး ဖြင့်သာ တည်‌ဆောက်နိုင်မည်ဟု ‌ကေအဲန်ယူ‌ပြော

စစ်‌ရေးအရ ဖိအား‌ပေးခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မတည်‌ဆောက်ဘဲ တန်းတူအခွင့် အ‌ရေး ဖြင့်သာ တည်‌ဆောက်နိုင်မည်ဟု ‌ကေအဲန်ယူ‌ပြော

2268

ဇူလိုင် ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ပြည်‌ထောင်စုအတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို စစ်‌ရေးအရ ဖိအား‌ပေးခြင်း၊ အတင်းအကျပ် တည် ‌ဆောက်၍ ရမည်မဟုတ်ဘဲ တိုင်းရင်သားလူမျိုးများအကြား လွတ်လပ်မှု၊ တန်းတူညီ်မျှမှု၊ တရားမျှတမှု အခြခံ များဖြင့်သာ တည်‌ဆောက်နိုင်မည်ဟု ‌နေပြည်‌တော် MCC-2 ခန်းမ၌ ယ‌နေ့ ပြလုပ်သည့် ပြည်‌ထောင်စု ငြိမ်းချမ်း ‌ရေး ညီလာခံ-၂၁ ရာစုပင်လုံဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ‌ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ‌ပြောဆို လိုက်သည်။

၎င်းက ” တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးကို စစ်‌ရေးအရ ဖိအား‌ပေးခြင်း အတင်းအကျပ်တည်‌ဆောက်လို့ မရပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးကို တိုင်းရင်းသားလူမျိုးများအကြား လွတ်လပ်မှု၊ တန်းတူညီမှု၊ တရားမျှတမှုအ‌ခြေခံ တရားများဖြင့် တည်‌ဆောက် နိုင်မည်ဖြစ်ပါသည်။ ယုံကြည်မှု နာလည်းမှု စာနာမှုများဖြင့် တည်‌ဆောက်ရမှာဖြစ်ပါတယ်” ဟု တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုယ်စား မိန့်ခွန်း‌ပြောကြားရာ၌ အထက်ပါအတိုင်း ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုအပြင် ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် ‌ချောတိုင်တက်သကဲ့သို့ ဖြစ်‌နေပြီး လက်ရှိ‌ရောက်‌နေသည့် အဆင့် ထက်‌လျော့ကျမသွား‌အောင် ဝိုင်းဝန်ထိမ်းသိမ်းကြရန် ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက တိုက်တွန်း‌ပြောဆို ခဲ့ သည်။

ဇူလိုင် ၁၁ ရက်‌နေ့ နံနက် ၁ဝ နာရီတွင်စတင်ကျင်းပသည့် ၂၁ ရာစုပင်လုံ တတိယအကြိမ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ‌တော် သမ္မတ၊ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင် များ၊ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ အသီးသီး တက်‌ရောက်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ တပ်မ‌တော်ကာကွယ် ‌ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် နိုင်ငံ‌ရေးပါတီအစုအဖွဲ့များ ကိုယ်စား ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ‌ဒေါ်‌အေးနုစိန်တို့မှ အသီးသီး မိန့်ခွန်း‌ပြောကြားခဲ့သည်။

ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဌ ‌ဒေါ်‌အေးနုစိန်က ” တိုင်းရင်းသား အင်အားစု‌တွေကို သ‌ဘောထားကျဉ်း‌မြောင်း သူ‌တွေ အစွန်း‌ရောက်‌တွေလို့ မမှတ်ယူသင့်ပါဘူး။ အင်အားကြီးတဲ့ အင်အားစု‌တွေ အထူးသဖြင့် ဗမာပါတီကြီး ‌တွေအပါအဝင် ခိုင်မာစွာတည် ‌ဆောက်ထားတဲ့ တပ်မ‌တော်ရဲ့ သ‌ဘောထားကြီးမှုကို ကျမတို့ ‌မျှော်လင့် ချင်ပါ တယ်။ သ‌ဘောထားကြီးမှု ‌တွေရဲ့ ‌အောက်မှာမှ သ‌ဘောထားကျဉ်း‌မြောင်းမှု‌တွေဟာ မှုန်ဝါး‌ပျောက်ကွယ်သွား ကြရမြဲ ဖြစ်ပါတယ်” ဟု တိုင်းရင်းသားများအ‌ပေါ် သ‌ဘောထားကြီးရန် တိုက်တွန်း‌ပြောဆိုခဲ့သည်။

အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ပြည်‌ထောင်စုငြိမ်ချမ်း‌ရေးညီလာခံ (၂၁ ရာစု ပင်လုံ) အခမ်း အနားကို ၂၀၁၆ ခုနှစ် ဩဂုတ် ၃၁မှ စက်တင်ဘာ ၂ ရက်‌နေ့ထိ ပထမအကြိမ်ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ ခုနှစ် ‌မေ ၂၄ မှ ၂၈ ရက်‌နေ့ထိ ကျင်းပခဲ့သလို ယခု တတိယအကြိမ် ညီလာခံကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ မှ ၁၆ ရက်‌နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။

ထို့ အပြင် ယခု ၂၀၁၈ ခုနှစ်အတွင်း တစ်ကြိမ် ထပ်မံကျင်းပမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းညီခံနှစ်ကြိမ် စုစု‌ပေါင်း ၂၀၂ဝ ပြည့်နှစ်မတိုင်မီ ၃ ကြိမ် ထပ်မံကျင်းပရန် လျာထားသည်ဟု နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်က ‌ပြောကြားခဲ့သည်။