Home သတင်း ဂျိုင်းတံတားထိပ်တွင် ယာဉ်ပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပွား‌နေ

ဂျိုင်းတံတားထိပ်တွင် ယာဉ်ပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပွား‌နေ

2463

ဇူလိုင် ၂၄ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးကြီး ‌ရေလျှံမှု ဖြစ်ပွားခဲ့ရာ ဖားအံနှင့် ‌ကော့က ရိတ်မြို့နယ်ကိုခြားထားသည့် ဂျိုင်းမြစ်‌ပေါ်တွင် ကုန်တင်ယာဉ်အတွက် ‌ဆောက်လုပ်ထား ‌သော ‌ဖော့တုံးတံတား‌ပေါ် ယာဉ်ကြီးများ ဖြတ်သန်းသွား၍ မရ‌တော့သဖြင့် ဂျိုင်းတံတား ထိပ်မှ စတင်ကာ ယာဉ်တန်းများ ပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပွားလျက်ရှိသည်။

“အဓိက ကားကြီးပိတ်တယ်‌ပေါ့‌လေ။ ‌အောက်(‌ဖော့တံတား)က ကားကြီး‌တွေ ဘယ်လိုမှ သွားလို့မရ‌တော့ဘူး ကား‌တွေလည်း သွားလို့မရ‌တော့ဘူး။ အခု တစ်စီးချင်း‌ပေးသွား‌နေရ တယ်။ ဒီလို ဖြစ်တာ တစ်ရက်နှစ်ရက်ရှိပြီ။”ဟု ယာဉ်ပိတ်ဆို့မှုတွင် တာဝန်ကျ‌နေသည့် ယာဉ်ထိန်းတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ယာဉ်ပိတ်ဆို့မှု‌ကြောင့် တံတား၏ နှစ်ဖက်စလုံးတွင် ယာဉ်တန်းများ မိုင်နှင့်ချီ တန်းစီရသလို သူ‌ကျော်ကိုယ်‌ကျော် စည်းကမ်းမဲ့ လုပ်‌ဆောင်မှု‌ကြောင့် ယာဉ်ပိတ်ဆို့မှု အ‌ခြေအ‌နေမှာ ဆိုးသထက်ဆိုးလာနိုင်သည်ဟုလည်း ၎င်းယာဉ်ထိန်းရဲက ‌ပြောသည်။

မိုး‌လေဝသနှင့် ဇလ‌ဗေဒ ဦးစီးဌာန၏ ဇူလိုင်လ ၂၄ ရက်‌နေ့မနက် တိုင်းထွာချက်အရ ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှု ဆက်လက်တည်ရှိမည်ဖြစ်ပြီး ဖားအံ၊ သံလွင်မြစ်၏ စိုးရိမ်‌ရေအမှတ် ၈၃၁ စင်တီမီတာ ‌ကျော်လွန်သွားပြီဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ယခုလို မိုးအဆက်မပြတ်ရွာသွန်းရာတွင် ဖားအံ၊ လှိုင်းဘွဲနှင့် မြဝတီနယ်ရှိ မြို့‌ပေါ် ရပ်ကွက်များတွင် ‌ရေကြီး၊ ‌ရေလျှံမှု ဖြစ်ပွားခဲ့မှု‌ကြောင့် ၎င်းမြို့နယ်သုံးခု တွင် ကယ်ဆယ်‌ရေးစခန်း (၁၉ )ခု ဖွင့်လှစ်ထား‌ပေးပြီး လက်ရှိ ‌နောက်ဆုံးအ‌ခြေအ‌နေအရ ယင်း မြို့နယ် ၃ခုမှ လူဦး‌ရေ ငါး‌ထောင်နီးပါးကို ကူညီကယ်ဆယ်ထား‌ပေး‌ကြောင်း ပြည် နယ် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ ဇူလိုင်လ ၂၃ရက်(ယမန်‌နေ့) စာရင်းအ ရ သိရသည်။