Home သတင်း ကရင်ရိုးရာအစားအ‌သောက်ပြပွဲနှင့် ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက် ပြိုင်ပွဲကျင်းပ

ကရင်ရိုးရာအစားအ‌သောက်ပြပွဲနှင့် ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက် ပြိုင်ပွဲကျင်းပ

2685

ဇူလိုင်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ပထမဆုံးအကြိမ် ကရင်ရိုးရာ အစားအ‌သောက်ပြပွဲ နှင့် ကရင်ရိုးရာ တာလ‌ပေါ့ ဟင်းချက်ပြိုင်ပွဲကို ယ‌နေ့ (ဇူူလိုင်လ ၈ရက်)‌နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါပွဲကို ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စား‌သောက်ဆိုင်လုပ်ငန်းရှင်များ အသင်း (ကရင်ဇုန်) နှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) တို့မှ စု‌ပေါင်းကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်ကိုယ်တိုင် တက်‌ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံ စား‌သောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်)ဥက္ကဌ ဦး‌အောင်မျိုးသန့်က “ ကရင်ရိုးရာ တာလ ‌ပေါ့ဟင်းဟာဆိုရင် ကျ‌နော်တို့ကရင်ပြည်နယ်ရဲ့ အထွဋ်အထိပ်ထားတဲ့ အစားအ‌သောက် တစ်ခု ဖြစ်တယ်။ ဒီပွဲက‌တော့ အဲဒီလိုရိုးရာ‌တွေကို ပြန်လည်‌ဖော်ထုတ်တဲ့ ပွဲ‌လေးလည်းဖြစ်ပါတယ်” ဟု ‌ပြောသည်။

ထို့အပြင် ကရင်ရိုးရာတာလ‌ပေါ့ဟင်းအား စား‌သောက်ဆိုင်များအ‌နေဖြင့် စိတ်ဝင်စားမှုများရှိလာသည် နှင့် အမျှ ပြည် နယ်အတွင်း လာ‌ရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များနှင့် နိုင်ငံခြားခရီးသွားများအတွက် ကရင်ပြည်နယ်၏ ပြယုဒ်တစ်ခုဖြစ်လာနိုင်သည်ဟု ယူဆမိ‌ကြောင်းလည်း ၎င်းက ဆက်လက် ‌ပြောကြားသည်။

ယ‌နေ့ကျင်းပသည့် ကရင်ရိုးရာအစားအ‌သောက်ပြပွဲတွင် မုန့်ပဲသ‌ရေစာများဖြစ်သည့် ကဒတ်မုန့်၊ ထန်းသီး မုန့်၊ ငါးသား ‌လေး ဆနွင်းကင်၊ ‌ကောက်ညှင်းဝါးကျည်‌ထောက်၊ ဝက်ဝါးကျည်‌ထောက် အစာသွပ်၊ ကြက်‌ကောက်ညှင်း ၊ ဆန်အ ရက်၊ ကရင်ရိုးရာ‌ခေါင်ရည်များအပြင် ကရင်ရိုးရာ ငါးဆုပ်ဟင်း၊ ပိန်းဥမျှစ်ချဉ် စသည့် ကရင်ရိုးရာ အစားအစာများစွာကို ခင်းကျင်းပြသထားပြီး မည်သူမဆို အခမဲ့ ဝင်‌ရောက်‌လေ့လာ စား‌သောက်နိုင်သည်ဟုလည်း သိရသည်။

ကရင်ရိုးရာ တာလ‌ပေါ့ဟင်းချက် ပြိုင်ပွဲကို KFC ကရင်‌ကျောင်းသားများရိပ်သာ၊ ကရင်ပြုံးပြုံး‌လေး၊ မုက္ကဒိ‌ကျေးရွာ၊ ရ‌သေ့ပျံ‌ကျေးရွာ၊ အုန်းတပင်‌ကျေးရွာ၊ ဖားအံမြို့နယ် စာ‌ပေနှင့် ယဉ်‌ကျေးမှု၊ ဖုုံပညာ့တွါန့်(ကရင့်ပညာ‌ရေး‌ကျေးရွာ)၊ ‌တောင်က‌လေး‌ကျေးရွာ၊ Thai Village စား‌သောက်ဆိုင်၊ SKY -1+3 စား‌သောက်ဆိုင်၊ ခွယ်က‌ဘောင် ဂါးဒင်းစား ‌သောက်ဆိုင်၊ Thai Good စား‌သောက်ဆိုင်၊ မိုးမိုးစား‌သောက်ဆိုင်၊ Mr. VIP စား‌သောက်ဆိုင် ၊ ပန်း‌ဗေဒါစား‌သောက် ဆိုင်၊ ဝါဝါလွင် စားဖွယ်စုံ စသည့် စုစု‌ပေါင်းအဖွဲ့ (၁၆)ဖွဲ့မှ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

တာလ‌ပေါ့ ဟင်းချက်ပြိုင်ပွဲတွင် မျှစ်၊ ပိန္နဲသီး ၊ မဲဇလီ၊ ဆိတ်ဖူး ၊ ပိတ်ချင်း စသည့် တာလ‌ပေါ့ အမျိုးအစား ၅ မျိုးကို ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအချိန် ၁နာရီ ၊ အချိုမှုန့် ၊ ဆန်မှုန့် မသုံးရ စသည့် စည်းကမ်းချက်များအပြင် ကြက်၊ ဝက်၊ ခရု၊ ငါး ၊ပုစွန် စသည့် အသား ၅ မျိုးသာ သုံးရမည့် စည်းကမ်းချက်များ ပါရှိသည်။

၎င်းအပြင် ဝတ်စုံတူညီမှုစည်းလုံးမှု၊ သတ်မှတ်ဦး‌ရေ မှန်ကန်မှု၊ သန့်ရှင်းသပ်ရပ်မှု ၊ အချိန်ကိုက်‌ဆောင်ရွက် နိုင်မှု၊ သတ်မှတ်စည်းကမ်းများ လိုက်နာမှု စသည့် အမှတ်‌ပေးစည်းမျဉ်းများဖြင့် ဒိုင်လူကြီးများမှ အကဲဖြတ်အမှတ်‌ပေးပြီး ပထမဆုကို ကျပ် ၂ သိန်း၊ ဒုတိယဆုကို ၁ သိန်းခွဲနှင့် တတိယဆုကို ၁ သိန်၊ နှစ်သိမ့်ဆုရရှိသူများကို ကျပ် ၂ ‌သောင်း အသီးသီးချီးမြှင့်သွားမည်ဖြစ်သည်။

ယ‌နေ့ကျင်းပသည့် ပထမအကြိမ် ကရင်ရိုးရာအစားအ‌သောက်ပြပွဲ နှင့် ကရင်ရိုးရာတာလ‌ပေါ့ဟင်းချက် ပြိုင်ပွဲမှ ပြိုင်ပွဲဝင် ၁၆ ဖွဲ့ရှိသည့်အနက် မုက္ကဒိ‌ကျေးရွာအဖွဲ့မှ ပထမ၊ Thai Village စား‌သောက်ဆိုင်အဖွဲ့မှ ဒုတိယ၊ SKY -3 စား‌သောက်ဆိုင် အဖွဲ့မှ တတိယ အသီးသီး ရရှိခဲ့သည်ဟု သိရသည်။