Home သတင်း ကရင်ပြည်နယ် မြို့နယ် (၃)ခုတွင် မိုးကြီး‌ရေလျှံမှု အဆိုးဝါးဆုံးဖြစ်ပွား‌နေ

ကရင်ပြည်နယ် မြို့နယ် (၃)ခုတွင် မိုးကြီး‌ရေလျှံမှု အဆိုးဝါးဆုံးဖြစ်ပွား‌နေ

3340

ဇူလိုင် ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်အတွင်း မြဝတီ၊ လှိုင်းဘွဲနှင့် ဖားအံမြို့နယ် ၃ ခုတို့တွင် ယခု အပတ်အတွင်း မိုးအဆက်မပြတ် ဆက်တိုက်ရွာသွန်းပြီး သံလွင်မြစ်နှင့် ‌သောင်ရင်းမြစ်‌ရေ ရုတ်တရက် မြှင့်တက်လာမှု‌ကြောင့် ‌ရေကြီး ‌ရေလျှံမှု အဆုံးဝါးဆုံး ဖြစ်ပွား‌နေသည်ဟု ပြည်နယ် ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးလင်း ထွဋ်က ‌ပြောသည်။

“အခု‌လော‌လောဆယ်က‌တော့ နံပါတ်တစ်က မြဝတီ‌ပေါ့။ နံပါတ်နှစ်က လှိုင်းဘွဲနဲ့ အခုဆိုရင် ဖားအံ‌ပေါ့။ အဲ့သုံးမြို့နယ်က အကြီးအကျယ်‌ပေါ့။ ‌ကော့ကရိတ်တို့ ကြာအင်းဆိပ်ကြီးတို့က ရွာက‌လေး‌တွေ နည်းနည်း ပါးပါးဖြစ်တာ‌ပေါ့။ ဒါက မိုး‌ကြောင့်လျှပ်တစ်ပြတ်ဖြစ်တာ‌ပေါ့။ လမ်း‌ပေါ်မှာ ‌ရေ‌ကျော်တာ‌တွေ၊ တချို့‌နေရာ‌တွေမှာ တံတား‌တွေ ဖြစ်တာ‌တွေဘာ‌တွေ၊ စာသင်‌ကျောင်း‌တွေ၊ လူ‌နေအိမ်အချို့ထဲ‌ရေဝင်တာ‌တွေ အဲ့ဒါ‌တွေဖြစ်‌နေ တာ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်တိုက်ဆိုသလို မိုး‌ရေကြီးမြှင့်တက်လာ‌သော‌ကြောင့် အဆိုပါ မြို့နယ် ၃မြို့နယ်၌ ‌နေရာ‌ဒေသများသို့ ပြည်နယ်တာဝန်ရှိသူများမှ လိုက်လံစစ်‌ဆေးမှုများပြုလုပ်သလို ‌နေအိမ်‌ရေနစ် မြှုပ်သွားသည့် ‌ဒေသခံများကို လိုအပ်သည့် ‌နေထိုင်စား‌သောက်မှုအတွက် ကယ်ဆယ်‌ရေးစခန်းများဖွင့်လှစ်ကာ ယာယီ‌ပြောင်း ‌ရွှေ့ထားရ သည်ဟုလည်း ဦးလင်းထွဋ်က ဆက်‌ပြောသည်။

လတ်တ‌လော ‌ရေကြီးမှု‌ကြောင့် အဆိုးဝါးဆုံး ဖြစ်‌ပေါ်‌နေသည့် မြို့နယ် ၃ခုတွင် ဖားအံမြို့‌ပေါ်၌ ကယ်ဆယ်‌ရေး စ ခန်း (၇)ခု၊ မြဝတီမြို့‌ပေါ်၌ ကယ်ဆယ်‌ရေးစခန်း(၅)ခု၊ လှိုင်းဘွဲမြို့‌ပေါ်၌ ကယ်ဆယ်‌ရေးစခန်း (၇)ခု ဖွင့်လှစ်ထား ‌ပေးပြီး လက်ရှိ (၃)မြို့နယ်‌ပေါင်း ‌နောက်ဆုံးအ‌ခြေအ‌နေအရ အိမ်‌ထောင်စု‌ပေါင်းတစ်‌ထောင်‌ကျော်မှ လူဦး‌ရေ ၊ ငါး‌ထောင်နီးပါးကို ကူညီကယ်ဆယ်ထား‌ပေး‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ထို့အပြင် ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်လည်း အနည်းငယ်‌ရေးလျှံမှုဖြစ်‌ပေါ်‌နေပြီး ကျန်ရှိ သည့် ဖာပွန်မြို့နယ်နှင့်သံ‌တောင်မြို့နယ်တို့တွင် ‌ရေကြီး‌ရေလျှံမှုအ‌ခြေအ‌နေကို မသိရ‌သေး‌ကြောင်းလည်း ပြည်နယ်တာဝန်ရှိသူများကဆိုသည်။ ကရင်ပြည်နယ်အတွင်းနှစ်စဉ် ‌ရေကြီး ‌ရေလျှံမှုဖြစ်ပွားလျက်ရှိပြီး ယခင်နှစ်ထက် ယခုနှစ်တွင် ပိုမိုဆိုးဝါးစွာ‌ရေကြီးမှုဖြစ်‌ပေါ် ခြင်းဖြစ်သည်။

ယ‌နေ့မြန်မာစံ‌တော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်‌ရေသည် ဖားအံမြို့တွင် (၂) ‌ပေခွဲ ခန့် မြို့၏ စိုးရိမ်‌ရေမှတ်အထက်သို့ ‌ကျော်လွန်‌နေပြီး ‌နောက် (၂)ရက်အတွင်း မြို့၏ စိုးရိမ်‌ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ပြီး ‌နောက်(၂)ရက်အတွက် ခန့်မှန်းချက်၌ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုမည်ဖြစ်ပြီး ဖားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် ‌မြေနိမ့်ပိုင်း ‌နေထိုင်သူများ အ‌နေဖြင့် အထူးသတိပြု ‌နေထိုင်ကြရန် မိုး‌လေဝသနှင့် ဇလ‌ဗေဒ ညွန်ကြားမှု ဦးစီး ဌာနမှ အကြံပြုထားသည်။