Home ကဗျာ “အာဇာနည်သွေး ပီပီ”

“အာဇာနည်သွေး ပီပီ”

303

ရုပ်အလောင်းလည်း မတွေ့
အရိုးတွေတောင် ဆွေးကုန်လောက်ပြီ
ဒါပေမဲ့………….
ရှိသေးသည်။

ကာလ တစ်ခုကြာ
ဘဝတစ်ခု ခြားလို့
သူတို့ရုပ် သူတို့ရည်
မတွေ့ရတော့ပြီ
ဒါပေမဲ့…………..
ရှိသေးသည်။

ရာသီ အလီလီ
စနစ် တစ်သီသီနဲ့
တိမ်ပန်းချီတွေ
ဝေနေတဲ့ ကာလတစ်လျှောက်
မြေပေါ် မြေအောက်
အိမ်ကလေးတွေ ဆောက်လို့
ပေါ်တစ်လှည့် မြုပ်တစ်ချီ
ဒါပေမဲ့……….
ရှိသေးသည်။

မြစ်ဆုံ မုန်တိုင်းကာလမှာ
မာယာတွေမိ
အာဟာရတွေ ထိလို့
ရင်လွှာတွေ ခြားခဲ့ဖူးပြီ
ဒါပေမဲ့………….
ရှိသေးသည်။

ဒီအချိန် ဒီကာလ
သူတို့ကို အောက်မေ့ကြ ဂုဏ်ပြုကြ
သူတို့ရဲ့ ဝိဥာဉ်တွေက
စကားထပ်မှာကြားသလို…..

“ငါ့စကားကို မှတ်မိကြသေးရဲ့လား”
မှုန်ဝါးဝါးနဲ့ ပြန်နိုးကြား
နှစ်ရှည်လများ
ရင်ဘတ်ထဲက ကမ္ဗည်းထိုးထားတဲ့
မူ ၄ချက်ရဲ့ အနှစ်ကို ပြန်ဖတ်တော့
“ကရင်ကံကြမ္မာ ကရင်ဖန်တီးရမယ်” တဲ့။

ရုတ်တရက်
သွေးတစ်စက်ကို စစ်ချက်တင်
ရှင်သန်စီးမယ့် အာဇာနည်သွေးနဲ့အညီ
နီပါသေးသည်
ရှိပါသေးသည်
အာဇာနည်သွေး ပီပီ

အမျိုးသားသစ္စာဖြင့်
(စောယောင့်သာအဲဆန်)
သြဂုတ် ၁၂ရက်နေ့။ ကရင်အာဇာနည်နေ့အား ဂုဏ်ပြုလျက်