Home သတင်း နိုင်ငံတကာအဆင့်မီ Shopping Mall တစ်ခု ဖားအံတွင် အမြန်ဆုံး တည်‌ဆောက်မည်

နိုင်ငံတကာအဆင့်မီ Shopping Mall တစ်ခု ဖားအံတွင် အမြန်ဆုံး တည်‌ဆောက်မည်

2113

ဇွန် ၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ဖားအံမြို့တွင် နိုင်ငံတကာအဆင့်မီ ‌ဈေးဝယ်စင်တာ(Shopping Mall) တည်‌ဆောက်ရန် တင်ဒါ‌လျှောက်ထားသည့် ကုမ္ပဏီ ၃ ခုထဲမှ ၁ ခုကို‌ရွေးချယ်ပြီး တင်ဒါ‌အောင်မြင်သည့် ကုမ္ပဏီအမည်ကို ဇွန်(ယခုလကုန်)အတွင်း ‌ကြေညာသွားမည်ဟု ပြည် နယ်စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်က ‌မေ ၃၁ ရက်‌နေ့တွင် ‌ပြောသည်။

ယမန်‌နေ့က ပြည်နယ်အစိုးရဝန်ကြီးများနှင့် တင်ဒါ‌ရွေးချယ်‌ရေး‌ကော်မတီ‌ရှေ့‌မှောက်တွင် အဆိုပါကုမ္ပဏီ ၃ ခုမှ တစ်ဖွဲ့ချင်းစီအလိုက် Shopping Mall တည်‌ဆောက်‌ရေးအတွက် လုပ်‌ဆောင်သွားမည့် အစီအစဉ်များ အ ‌ကြောင်းကို ၁ နာရီကြာ Presentation (တင်ပြခြင်း) များပြုလုပ်အပြီး ဝန်ကြီးက ထိုသို့ ‌ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒီလထဲမှာပဲ တင်ဒါဖွင့်‌ဖောက်စစ်‌ဆေးပြီးလို့ရှိရင် စာချုပ်ချုပ်ဖို့အတွက်လုပ်မယ်။ တပြိုင်နက် လွှတ်‌တော်ကိုလည်း အသိ‌ပေးအ‌ကြောင်းကြားမယ်။ အချိန်က ကျ‌နော်တို့အတွက် အကန့်အသတ်ရှိတယ်။ ကျ‌နော်တို့ အစိုးရအဖွဲ့ သက်တမ်းအတွင်း အပြီးတည်‌ဆောက်သွားမယ်”ဟု ဝန်ကြီး ဦးသန်းနိုင်က ‌ပြောသည်။
Shopping Mall အတွက် လွန်ခဲ့‌သော မတ်လက စတင်တင်ဒါ‌ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၁ဝ ခု‌ကျော် ‌လျှောက်ထားခဲ့ရာ ထိုအထဲမှ ချစ်လင်းမြိုင်အစုအဖွဲ့၊ ဂမုန်းပွင့်၊ UHM စ‌သော ကုမ္ပဏီများကို ပဏာမ‌ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများထဲမှ ‌ရွေးချယ်ခံရသည့် ကုမ္ပဏီတစ်ခု၏ အမည်ကို ယခုလကုန်တွင် ‌ကြေညာပြီးသည်နှင့် တပြိုင်နက် တည်‌ဆောက်‌ရေးလုပ်ငန်းများ စတင်မည်ဖြစ်ပြီး ၎င်း Shopping Mall ကို ဖားအံမြို့၊ အမှတ် ၉ ရပ်ကွက်ရှိ စု‌ပေါင်း‌မြေဧရိ ယာ ၃.၃၃၄ ဧကရှိ‌သော ကားဝင်း‌ဟောင်းတွင် ၂ နှစ် ၃ လအတွင်း အပြီး တည်‌ဆောက်သွားရမည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် Shooping Mall တည်‌ဆောက်ခွင့်အတွက် လာ‌ရောက်‌လျှောက်ထားသည့် ကုမ္ပဏီအ‌နေဖြင့် ပြည်သူ အတွက် အကျိုးအမြတ်ရှိ‌သောလုပ်‌ဆောင်ချက်များရှိခြင်း၊ အမှန်တကယ် လုပ်‌ဆောင်‌ပေးခြင်း ရှိမရှိ၊ ‌ဈေး‌ရောင်းခြင်းအတတ် ပညာရှိမရှိ်စသည့် စံနှုန်းများအ‌ပေါ်တွင် မူတည်ကာ ‌ရွေးချယ်သွားမည်ဖြစ်‌ကြောင်း ဦးသန်းနိုင်က ဆက်‌ပြောသည်။

ယခု Shopping Mall တည်‌ဆောက်မည့် ယခင်ကားဝင်း‌ဟောင်းအထဲတွင် ယခင်က ‌ဈေးဆိုင်ခန်းများ၊ ကားဝပ်‌ရှော့ပ်များ၊ စား‌သောက်ဆိုင်ခန်းများရှိခဲ့ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်လည်ပိုင်းက ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့ပြီး‌နောက် နစ်နာသူများကို ‌လျော်‌ကြေးများအသီးသီး‌ပေးအပ်ခဲ့ပြီးလည်းဖြစ်သည်ဟု ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင် သာယာ‌ရေးဝန်ကြီးဌာနက ‌ပြောသည်။

၎င်းအပြင် ယခုတည်‌ဆောက်မည့် Shopping Mall မှာ ကရင်ပြည်နယ်အတွင်း ပထမဆုံး‌သော ‌ဈေးဝယ်စင်တာ Shopping Mall တစ်ခုဖြစ်လာမည်ဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် ၎င်းမှရရှိလာ‌သော အကျိုးအမြတ် ‌ငွေပ မာဏများကို ပြည်နယ်ဖွံ့ဖြိုး‌ရေးအတွက် ပြန်လည် လုပ်‌ဆောင်သွားမည် ဖြစ်‌ကြောင်းလည်း အစိုးရတာဝန်ရှိသူများက ‌ပြောသည်။