Home သတင်း ၁၆ ကြိမ်‌မြောက် တိုင်းနှင့်ပြည်နယ် မြန်မာ့ရိုးရာလက်‌ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ကရင်ရရှိ

၁၆ ကြိမ်‌မြောက် တိုင်းနှင့်ပြည်နယ် မြန်မာ့ရိုးရာလက်‌ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ကရင်ရရှိ

2576
Photo- Hling Moe Oo (FB)

ဇွန်လ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ရန်ကုန်မြို့ ၊ သိမ်ဖြူလက်‌ဝှေ့အားကစားရုံတွင် ဇွန်လ ၄ ရက်မှ ၁၃ ရက်‌နေ့အထိ ကျင်းပသည့် ၁၆ ကြိမ်‌မြောက် တိုင်း‌ဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာလက်‌ဝှေ့ပြိုင်ပွဲတွင် ကရင်ပြည်နယ် ကိုယ်စားပြုအဖွဲ့မှ ယခုနှစ်အတွက် ပြည်နယ်နှင့်တိုင်းစု‌ပေါင်း တံခွန်စိုက်ဒိုင်းဆုကို ဆွတ်ခူးရရှိသွားသည်ဟု သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ လက်‌ဝှေ့ပြိုင်ပွဲတွင် လူသစ်တန်း၊ (ဂ)တန်း၊ (ခ)တန်း၊ (က)တန်းတို့ခွဲထားရာ ကရင်ပြည် နယ် ကိုယ်စားပြုအဖွဲ့မှ ‌ရွှေတံဆိပ် ၂၂ ခု၊ ‌ငွေတံဆိပ် ၇ ခု၊ ‌ကြေးတံဆိပ် ၆ခုနှင့်အတူ အတန်းအားလုံးတွင် ဆုရရှိသည့်အတွက် တံခွန်စိုက်ဒိုင်း ဆုကြီး ရရှိသွားခြင်းဖြစ်သည်ဟု ဖားအံခရိုင် အားကစားနှင့် ကာယ ပညာဦး စီးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌အေးကိုကိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ကျ‌နော်တို့ ကရင်ပြည်နယ်က အတန်းအားလုံးမှာ ဆုရတဲ့အတွက် တံခွန်စိုက်ဒိုင်းဆု ရရှိသွားတယ်။ အဓိက‌တော့ ရိုးရာလက်‌ဝှေ့ကလပ်‌တွေရဲ့ အား‌တွေ‌ပေါ့၊ ‌ရွှေတံဆိပ် ‌ငွေတံဆိပ်‌တွေက ရရှိဖို့ လွယ်‌ပေမဲ့လည်း တံခွန်စိုက်ဒိုင်းဆုက‌တော့ ရဖို့ခက်တယ်”ဟု ယ‌နေ့တွင် ‌ပြောသည်။

ထို့အပြင် ကိုယ်စားပြုကစားသမားများကို ‌ရွေးချယ်ရာတွင်လည်း ပြည်နယ်အတွင်းရှိ ရိုးရာလက်‌ဝှေ့ကလပ် အသီးသီးမှ ၎င်းတို့ကလပ်အတွင်း အလားအလာရှိသည့် ကစားသမားများကို လက်ရည်စစ်ပွဲများပြုလုပ်ကာ ‌ရွေးချယ်ခဲ့ခြင်းဖြစ်‌ကြောင်း ဦး‌အေးကိုကိုက ဆက်‌ပြောသည်။

ယခုနှစ်ကျင်းပသည့် တိုင်းနှင့်ပြည်နယ် မြန်မာ့ရိုးရာ လက်‌ဝှေ့ပြိုင်ပွဲတွင် ကရင်ပြည်နယ်ကိုယ်စားပြု အ‌နေဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်သည့်ပြိုင်ပွဲဝင် အားကစားသမား ၄၃ ဦးပါဝင်ပြီး ထိုအထဲတွင် အမျိုးသမီး လက်‌ဝှေ့အား က စားသမား ၅ ဦး ပါဝင်သည်ဟု သိရသည်။

ထိုသို့ ရိုးရာလက်‌ဝှေ့ပွဲယှဉ်ပြိုင်သူများထဲတွင် ကရင်ပြည်နယ်အတွင်းရှိ ‌တောင်က‌လေး ၊ ‌ရွှေမိုးထိ၊ ရန်စစ်ငြိမ်း နှင့် အဗန်းချား အစရှိသည့် ရိုုးရာလက်‌ဝှေ့ကလပ်များမှ လက်‌ဝှေ့သမားများပါဝင်သည်ဟု သိရသည်။

ကရင်ပြည်နယ် ကိုယ်စားပြု ရိုးရာလက်‌ဝှေ့အဖွဲ့အ‌နေဖြင့် ပြီးခဲ့သည့်နှစ် ၁၅ ကြိမ်‌မြောက်တွင် စု‌ပေါင်းဒိုင်း ဆု ကြီးကို ဆွတ်ခူးနိုင်ခဲ့သလို ယခုနှစ် ၂၀၁၈ ခုနှစ်၊ ၁၆ ကြိမ်‌မြောက်တွင်လည်း စု‌ပေါင်းဒိုင်းဆုကို ထပ်မံဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။