Home သတင်း မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်း ကျန်းမာ‌ရေးလုပ်ငန်းများအတွက် ကရင်နှင့်မွန် ကျန်းမာ‌ရေးအဖွဲ့များကို USAID ရံပုံ‌ငွေ ‌ထောက်ပံ့

မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်း ကျန်းမာ‌ရေးလုပ်ငန်းများအတွက် ကရင်နှင့်မွန် ကျန်းမာ‌ရေးအဖွဲ့များကို USAID ရံပုံ‌ငွေ ‌ထောက်ပံ့

2815

ဇွန် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

အ‌မေရိကန်၏ နိုုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီ‌ပေး‌ရေးအဖွဲ့ -USAIDမှ မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းရှိ ပြည် သူများ အတွက် ကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ်ငန်းများလုပ်‌ဆောင်နိုင်ရန် ကရင်နှင့် မွန်ကျန်းမာ‌ရေးအဖွဲ့များ ပါဝင်သည့် ကျန်းမာ‌ရေးအဖွဲ့ ၄ ဖွဲ့ကို ဇွန် ၁၂ ရက်‌နေ့က ဖားအံမြို့တွင် ရံပုံ‌ငွေများ အသီးသီး‌ပေးအပ်ခဲ့သည်ဟု သိရသည်။

USAID ၏ လူထုုစွမ်းအားမြင့်မားလာ‌စေ‌ရေးအတွက် တိုးမြှင့်လုပ်‌ဆောင်ခြင်း စီမံကိန်းအတွက် ‌ငွေ‌ကြေး ‌ထောက်ပံ့မှုရရှိထားသည့်အဖွဲ့များမှာ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန(KDHW)နှင့် ကရင်တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့များအစုအဖွဲ့၊ Global Neighbors Thailand Foundation၊ Mae Tao Clinic နှင့် မွန်အမျိုး သားကျန်းမာ‌ရေး‌ကော်မတီ (MNHC)တို့ ဖြစ်သည်။

ယခုစီမံကိန်းကို ဦး‌ဆောင်စီစဉ်‌ဆောင်ရွက်‌ပေးသည့် (Pact)ပက် အဖွဲ့အစည်းမှ ဦးမိုးခိုင်က “ အထူးသဖြင့် ထိုုင်း-မြန်မာနယ်စပ်တ‌လျှောက်နဲ့ လက်လှမ်းမှီဖို့ ခက်ခဲတဲ့‌ဒေသ‌တွေက ‌နေရပ်စွန့်ခွာ တိမ်း‌ရှောင်ရသူ‌တွေ၊ ကိုယ်ဝန်‌ဆောင် အမျိုးသမီး‌တွေနဲ့ ၅ နှစ်‌အောက်က‌လေးတို့အတွက် မရှိမဖြစ်လိုုအပ်တဲ့ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုဆိုင်ရာ လိုအပ်ချက် ‌တွေကို လိုက်လံ‌ဆောင်ရွက်‌ပေး‌နေတဲ့ ဒီကျန်းမာ‌ရေး အဖွဲ့‌တွေကို ‌ပေးအပ်ခဲ့တာပါ”ဟု ဇွန် ၁၅ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ရံပုံ‌ငွေ‌ထောက်ပံ့မှုအခွင့်အလမ်းသည် မြန်မာနိုုင်ငံအ‌ရှေ့‌တောင်ပိုုင်းအတွင်းရှိ တိုင်းရင်းသားများ စီ မံအုပ်ချုပ် သည့်နယ်‌မြေများ၊ အစိုုးရနှင့်တိုုင်းရင်းသားလူမျိုး စုု‌ပေါင်းစီမံအုုပ်ချုပ်သည့် ‌ဒေသများတွင် ကျန်းမာ‌ရေးနှင့် ပညာ‌ရေးဝန် ‌ဆောင်မှုများ ‌ပေးနိုင်‌စေရန်အတွက် ကူညီ‌ထောက်ပံ့‌ပေးခြင်းဖြစ်‌ကြောင်း Pact အဖွဲ့ထံမှ သိရသည်။

မွန်အမျိုးသားကျန်းမာ‌ရေး‌ကော်မတီ(MNHC)မှ နိုင်‌အောင်းစွန်းက ̏ Pact အဖွဲ့နဲ့ ဇွန်လက‌နေစ ၆ လ စာချုပ် ချုပ်ဆိုပြီး ဒီအ‌တော အတွင်း ကျန်းမာ‌ရေးရဲ့ဘယ်ကဏ္ဍကို ဦးစား‌ပေးလုပ်သွားမလဲဆိုတာ‌တော့ ကျ‌နော်တို့ အဖွဲ့အတွင်း ပြန်လည် ‌ဆွေး‌နွေးသွား မယ်”ဟု ‌ပြောသည်။

အဆိုပါ စီမံကိန်းမှာ ၅နှစ် စီမံကိန်းဖြစ်ပြီး USAID မှ ‌ထောက်ပံ့သည့် ပမာဏမှာ အ‌မေရိကန်‌ဒေါ်လာ ၄၈သန်းကို ကျန်းမာ‌ရေးအ ပြင် ပညာ‌ရေး၊ အသက်‌မွေးဝမ်း‌ကျောင်းလုပ်ငန်း၊ ဂျဲန်ဒါနှင့် လူငယ်‌ရေးရာကဏ္ဍများတွင် (Pact) နှင့် အတူတကွ ပူး‌ပေါင်း အ‌ကောင်အထည်‌ဖော်‌ဆောင်လျက်ရှိ‌ကြောင်း သိရသည်။

ထို ၅နှစ်တာ စီမံကိန်းတွင် ကယား/ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပဲခူးတိုင်း‌ဒေသ ကြီးအ‌ရှေ့ပိုင်းနှင့် တနသင်္ာရီတိုင်း‌ဒေသကြီး ‌မြောက်ပိုင်း‌ဒေသများကို လွှမ်းခြုံနိုင်မည်ဟု ခန့်မှန်းထား‌ကြောင်းလည်း Pact အဖွဲ့မှ ထုတ်ပြန်‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလတွင် ကယား(ကရင်နီ)ပြည်နယ် လွိုင်‌ကော်မြို့တွင် အဆိုပါ‌ဒေသရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ရံပုံ‌ငွေ‌ကြေး‌ထောက်ပံ့ချီးမြှင့် လက်မှတ်‌ရေးထိုးခဲ့ပြီး ယခုစီမံကိန်း‌အောက်မှ စီမံကိန်း အဆိုပြု‌လျှောက်လွှာများကို ဇူလိုင်လတွင် ထပ်မံ‌ခေါ်ယူရန် အစီအစဉ်ရှိ‌ကြောင်းလည်း Pact အဖွဲ့ထံမှ သိရသည်။