Home သတင်း ‌ကျောင်းဆရာအခက်အခဲရှိ၍ မြိုင်ကြီးငူ စစ်‌ရှောင်စခန်းတွင် စာသင်ကြားမှု ရပ်ဆိုင်းထားရ

‌ကျောင်းဆရာအခက်အခဲရှိ၍ မြိုင်ကြီးငူ စစ်‌ရှောင်စခန်းတွင် စာသင်ကြားမှု ရပ်ဆိုင်းထားရ

2329

ဇွန်လ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

‌ကျောင်းသားဦး‌ရေ ၄၀၀‌ကျော် မှီခို‌နေရသည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင် စ ခန်းရှိ စာသင်‌ကျောင်းနှစ်ခုတွင် ‌ကျောင်းဆရာ/ဆရာမ အခက်အခဲ‌ကြောင့် စာသင်ကြားမှု ရပ်ဆိုင်းထားရ ‌ကြောင်း မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

စစ်‌ဘေး‌ရှောင်စခန်းရှိ စာသင်အရွယ် က‌လေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် ဖွင့်လှစ်ထားသည့် ယင်းစာသင်‌ကျောင်များတွင် ဇွန်လ ၁ ရက်နှင့် ၂ရက်‌နေ့များက နှစ်ရက်တာသာ စာသင်ကြားခဲ့ရပြီး ယ‌နေ့ (ဇွန်လ ၁၂ရက်) အထိ ဆက်လက် မသင်ကြားနိုင်‌သေးဘဲ ရပ်နားထားရ‌ကြောင်း ‌အေးလင်းမြရှင် စစ်‌ရှောင်စခန်း အတွင်း‌ရေမှူး ‌စော‌အောင်ဝင်းထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပထမဆုံး‌ပြောတာက‌တော့ ခုံမရှိဘူးဆို‌တော့ တစ်‌ယောက် ၅၀ဝ ၊ ၁,၀၀ဝ (ကျပ်)စီစုပြီး ခုံရိုက်‌ပေးလိုက် ‌သေးတယ်။ ‌နောက်‌တော့ ရွာထဲကို လိုက်သွား၊ သွားသင်‌ပေးမယ်ဆိုပြီး သူတို့‌နောက်ကို မလိုက်လို့ ဆရာမ ‌တွေက လာလည်း မလာ‌တော့ဘူး။ သင်လည်း မသင်‌တော့ဘူး ‌ပျောက်သွားတာပဲ။ စာမသင်ရတာ တစ် ပတ်‌ကျော်ပြီ။”ဟု ‌စော‌အောင်ဝင်းထွန်းက ‌ပြောသည်။

ထို့အပြင် ‌ကျောင်းသူ/သား စုစု‌ပေါင်း ၄၀ဝ ‌ကျော်ရှိသည့်အတွက် စစ်‌ဘေး‌ရှောင်စခန်း၏ အပြင်ဘက်‌ကျေး ရွာများတွင် ‌ကျောင်းထားရမည်မှာ ကားလမ်းဖြတ်ကူးရမည့် က‌လေးငယ်များအတွက် အန္တရာယ်ရှိလာနိုင်သ ကဲ့သို့ နီးစပ်ရာ‌ကျောင်းများတွင်လည်း စခန်းနှင့် အလှမ်း‌ဝေး‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါ အခက်အခဲများ‌ကြောင့် ၎င်းတို့၏ က‌လေးငယ်များအား စခန်းအတွင်းရှိ စာသင်‌ကျောင်းတွင် သာ ဆက်လက် ပညာသင်ကြားနိုင်ရန် လိုလား‌နေကြ‌ကြောင်းလည်း စစ်‌ဘေး‌ရှောင်စခန်းတွင် ခိုလှုံ‌နေရဆဲဖြစ်သည့် ‌ကျောင်းသားမိဘများ၏ ‌ပြောပြချက်များအရ သိရသည်။

လူဦး‌ရေ ၅,ဝဝဝ ‌ကျော် ခိုလှုံ‌နေရဆဲဖြစ်သည့် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းမှ က‌လေးငယ်များ ပညာ‌ရေး အတွက် လွန်ခဲ့သည့် ၂ နှစ်တာ ကာလမှစတင်ကာ စခန်းအတွင်း ယာယီစာသင်‌ကျောင်းများ ဖွင့်လှစ်ပြီး သင်ကြား‌ပေးခဲ့ရာမှ ယခုနှစ်တွင် အဆိုပါ စာသင်‌ကျောင်းများအား ရပ်ဆိုင်းရမည့် အ‌ခြေအ‌နေ ဖြစ်‌ပေါ်လာ ခြင်းဖြစ်သည်။

လက်ရှိဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး လှိုင်းဘွဲမြို့နယ် ပညာ‌ရေးမှူး ‌ဒေါ်မိုးပုလဲစိုးက “ အဲ့မှာ လက်ခံထားတာ ၂နှစ်ရှိ‌နေပြီ‌လေ။ အ‌ခြေအ‌နေက ‌ကောင်းလာပြီ။ ဆက်ပြီး လက်ခံထားလို့လည်း မဖြစ်‌တော့ဘူး‌လေ။ ကိုယ့်ရွာကို ပြန်တက်တဲ့ ရွာသား‌တွေ ‌ကျောင်းသား‌တွေရှိ‌တော့ ဆရာမ‌တွေ ပြန်ပို့ရ မယ်‌လေ။ တကယ်လို့ သူတို့‌ကျောင်းတက်ချင်တယ်ဆိုရင် နီးစပ်ရာမှာ ‌ကျောင်း ၄၊ ၅ ‌ကျောင်းရှိတယ်။ ‌ကျောင်း‌တွေကိုလည်း သူတို့ကို လက်ခံဖို့‌ပြောထားတယ်”ဟု ‌ပြောသည်။

ထို့အပြင် ‌ကျောင်းသားများအတွက် လိုအပ်သည့် ဖတ်စာအုပ်၊ ဗလာစာအုပ်များ ၊‌ကျောင်းဝတ်စုံများကို လည်း ပညာ‌ရေးဌာနတွင် လာ‌ရောက်ထုတ်ယူနိုင်ရန် ‌ဆောင်ရွက်‌ပေးထား‌ကြောင်း မြို့နယ် ပညာ‌ရေးမှူး က ဆက် ‌ပြောသည်။

ယခုစာသင်နှစ်တွင် လှိုင်းဘွဲမြို့နယ် ပညာ‌ရေးဌာနနှင့် တာဝန်ရှိသူများမှ ညှိနှိုင်းကာ စစ်‌ဘေး‌ရှောင်စခန်း တွင် စာသင်ကြား‌ပေးသည့် ဆရာမများအားမိမိတာဝန်ကျရာ ‌ဒေသများသို့ ပြန်ပို့မှုများရှိသည့်အပြင် စစ်‌ဘေး‌ရှောင်စခန်းရှိ ‌ကျောင်းသားများကိုလည်း နီးစပ်ရာ‌ကျောင်းများတွင်သာ တက်‌ရောက်ရန် မြို့နယ်ပညာ‌ရေးမှူးက ညွှန်ကြားထား‌ကြောင်းလည်း သိရသည်။

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းအတွင်းရှိ စာသင်‌ကျောင်းများကို ၂၀၁၆ ခုနှစ်တွင် လင်းလွန်းမြိုင် ‌ကျောင်းအုပ် ဆရာဦးမျိုးညွှန့်က ဦး‌ဆောင်ဖွင့်လှစ်ခဲ့ပြီး အစိုးရပညာ‌ရေး စနစ်ဖြင့် သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြား‌ပေး‌နေပြီး ယခင်နှစ်တွင်ဆရာမ ၁ဝဦးနှင့် ‌ကျောင်းသူ/သား ၄၀ဝ ‌ကျော် တက်‌ရောက်၍ ပညာဆည်းပူးခဲ့ကြခြင်း ဖြစ်သည်။