Home သတင်း အ‌မေရိကန်၊ မီနီဆိုးတား‌ရောက် ကရင်များ ပညာ‌ရေးတန်းတူသင်ခွင့် ‌တောင်းဆိုမည်

အ‌မေရိကန်၊ မီနီဆိုးတား‌ရောက် ကရင်များ ပညာ‌ရေးတန်းတူသင်ခွင့် ‌တောင်းဆိုမည်

2421

ဇွန် ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

အ‌မေရိကန်ပြည်‌ထောင်စု၊ မီနီဆိုးတားပြည်နယ်တွင် ‌ရောက်ရှိ‌နေထိုင်‌နေကြ‌သော ကရင်လူမျိုးများအ‌နေဖြင့် အခြားလူမျိုးများနှင့်နည်းတူ တန်းတူပညာသင်ခွင့်ရရှိရန်အတွက် ပြည်နယ်လွှတ်‌တော်‌ရှေ့၌ ဇွန် ၁၅ ရက် (နံနက်ဖြန်)တွင် ဆန္ဒထုတ်‌ဖော်‌တောင်းဆိုသွားမည်ဟု သိရသည်။

မီနီဆိုးတားကရင်အဖွဲ့အစည်း-Karen Community of Minnesota (KCM)မှ ဦး‌ဆောင်ပြုလုပ်သွားမည့် Karen Advocacy Day တွင် ပြည်နယ် အစိုးရတာဝန်ရှိသူများနှင့် ‌တွေ့ဆုံ‌တောင်းဆိုသွားမည်ဖြစ်‌ကြောင်း KCM မှ ဦး ‌ဆောင်သူတစ်ဦးဖြစ်သူ Morrison Jonny က ဇွန် ၁၄ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

̏ ကရင်‌ကျောင်းသား‌တွေရဲ့ အချက်အလက်‌ကောက်ပြီး အားနည်းချက်‌တွေတင်ပြတဲ့အခါ အစိုးရက ဘယ်‌နေရာ မှာ ပံ့ပိုးကူညီရမလဲဆိုတာ သိလာ‌အောင်၊ ‌ကျောင်း‌တွေမှာ ‌ကျောင်းသားဦး‌ရေနဲ့အညီ ဆရာ(Teacher Assistant)‌တွေ တိုးပြီးခန့်ထားဖို့၊ ‌နောက် ၅ နှစ်နဲ့ ၇ နှစ်အတွင်းမှာ ကရင်ကိုယ်ပိုင်‌ကျောင်း ထူ‌ထောင်သွားဖို့ ‌တောင်းဆိုသွားမယ်”ဟု‌ပြောသည်။

၎င်းအပြင် ‌ကောလိပ်တက်‌သော ကရင်‌ကျောင်းသားဦး‌ရေ တိုးမြှင့်သွားရန်နှင့် ကရင်ကိုယ်ပိုင်‌ကျောင်း ထူ ‌ထောင်‌သောအချိန်တွင် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု၊ အကများကို ‌ကျောင်းတွင် တရားဝင် သင်ကြားနိုင်ရန်ပါ ‌တောင်းဆို သွားဖြစ်‌ကြောင်းလည်း Morrison Johnny က ဆက်‌ပြောသည်။

အ‌မေရိကန်ပြည်‌ထောင်စုတွင် ‌ရောက်ရှိ‌နေထိုင်‌နေကြသည့် ကရင်လူမျိုးများအ‌နေဖြင့် ၎င်းတို့၏စာ‌ပေ၊ ဘာ သာစကား နှင့် ရိုးရာယဉ်‌ကျေးမှုဆိုင်ရာများကို ဘုရားရှိခိုး‌ကျောင်းများ၊ ဘုန်းကြီး‌ကျောင်းများနှင့် ကရင်အဖွဲ့ အစည်းများနှင့်သက်ဆိုင်သည့် ‌နေရာများတွင်သာ အခါအား‌လျော်စွာ သင်ကြား‌ပေး‌နေရသည်ဟုသိရသည်။

ထို့အတူ လက်ရှိ အ‌မေရိကန်ပြည်‌ထောင်စုတွင် ‌ကောလိပ်တက်‌သော ကရင်‌ကျောင်းသားဦး‌ရေ အဆမတန် နည်းပါး‌နေ‌သေးသည်ဟု သိရပြီး ထိုသို့နည်းပါးရခြင်းမှာ အရည်အချင်းမပြည့်မီခြင်း၊ ‌ငွေ‌ကြေးအဆင်မ‌ပြေခြင်း၊ ဝမ်း‌ရေးအတွက် မိဘများအလုပ်တွင် ရုန်းကန်‌နေရခြင်း‌ကြောင့် ပံ့ပိုးမှုအားနည်းခြင်းများဖြစ်ကာ ထိုအခက် အခဲများကို အစိုးရအားသိ‌စေချင်‌ကြောင်းလည်း KCM တာဝန်ရှိသူများက ‌ပြောသည်။

မကြာမီ ပြုလုပ်မည့် Karen Advocacy Day တွင်လည်း ကရင်ပညာ‌ရေးအခန်းကဏ္ဍအပြင် မြန်မာပြည်တွင် စစ်ပွဲများရပ်တန့်‌ပေးရန်ကိစ္စရပ်များနှင့် ဇွန် ၁၈ ရက်‌နေ့၌ အ‌မေရိကန်မြို့‌တော် ဝါရှင်တန် DC ၌ ပြုလုပ်မည့် Karen Day အတွက် အတူတကွပါဝင်ပူး‌ပေါင်းနိုင်ရန် ရည်ရွယ်ချက်များလည်း ရှိ‌ကြောင်း KCMက ‌ပြောသည်။

မီနီဆိုးတားပြည်နယ်၏ ဒုံးအကဆရာတစ်ဦးဖြစ်သူ ‌စောမလစ်က ̏ ပညာ‌ရေးဘက်မှာ ကရင်က‌လေး‌တွေ အား နည်း‌နေတယ်။ အခု‌ကျောင်းသား‌တွေ Lack of Support ‌ကျောင်းအကူအညီသိပ်မရဖြစ်‌နေတယ်။ ကုန်းမ ‌ရောက် ကမ်းမ‌ရောက်‌ပေါ့။ ‌ကျောင်းသင်ရိုး ဒါမှမဟုတ် Program တခုခုထဲမှာ ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု သင် သင့်တယ်။ ဒါမှ က‌လေး‌တွေ ပညာ‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ‌ရေး ပြဿနာ‌တွေ ‌ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။ အစိုးရဆီ‌တောင်းဆိုသွားမယ့်ပွဲမှာ ကျ‌နော်လည်း ပြည်သူတစ်‌ယောက်အ‌နေနဲ့ ပါဝင်သွားမယ်↔ဟု‌ပြောသည်။

အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိ‌နေထိုင်‌နေ‌သော ကရင်လူဦး‌ရေမှာ ၇ ‌သောင်းခန့်ရှိပြီး မီနီဆိုးတားပြည်နယ် တစ်ခု တည်းတွင် ၂ ‌သောင်းခန့်ရှိကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ တတိယနိုင်ငံ သွား‌ရောက် ခိုလှုံ‌နေထိုင်‌ရေး အစီအစဉ်ဖြင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အများဆုံးသွား‌ရောက်သူ များဖြစ်သည်။

မီနီဆိုးတားကရင်အဖွဲ့အစည်း-Karen Community of Minnesota (KCM) ကို မကြာမီက ကွယ်လွန်သွား‌သော မန်း‌ရောဘတ်ဘဇန် အပါအဝင် အ‌မေရိကန်ပြည်‌ထောင်စု၊ မီနီဆိုးတားပြည်နယ်‌ရောက် ကရင်‌ခေါင်း‌ဆောင် အချို့က ၂၀၀၃ ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။