Home သတင်း အစိုးရ တက္ကသိုလ်ဝင်တန်းကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသား ၂၅ဦး ‌အောင်မြင်

အစိုးရ တက္ကသိုလ်ဝင်တန်းကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသား ၂၅ဦး ‌အောင်မြင်

2270

ဇွန်လ ၂ ရက်။ ၂၀၁၈ ခုနှစ် ။ စအိုင်ဆူး

မြန်မာနိုင်ငံပညာ‌ရေးဝန်ကြီးဌာနမှ ယ‌နေ့(ဇွန်လ ၂ရက်)တွင် ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ တက္ကသိုလ်ဝင် တန်းစာ ‌မေးပွဲ‌အောင်စာရင်း ရလဒ်အရ ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း(၃) ‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၂၁ ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ရာ ၂၅ ဦး‌အောင်မြင်ခဲ့သည်ဟု နယ်စပ်ပညာ‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

မဲ‌ဆောက်မှတစ်ဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် စာစစ်ဌာနတွင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသုံး‌ကျောင်းဖြစ်သည့် ဆာ သူး‌လေ‌ကျောင်းမှ ၄၈ ဦး၊ ‌သွေးသစ်‌ကျောင်းမှ ၅၄ ဦးနှင့် SAW အထက်တန်း‌ကျောင်းမှ ၁၉ ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ရာ ဆာသူး‌လေ‌ကျောင်းမှ ၅ဦး၊ ‌သွေးသစ်‌ကျောင်းမှ (၁၆)ဦး၊ SAW အထက်တန်း‌ကျောင်းမှ (၄)ဦး ‌ဖြေဆို‌အောင်မြင်ခဲ့သည်ဟု မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများ ပညာ‌ရေး‌ကော်မတီ-BMWECမှ ပြည်တွင်းပညာ‌ရေးတာဝန်ခံ ‌စောခလိထူးက ‌ပြော သည်။

၎င်းက “ဒီနှစ်က ‌ကျောင်းသား (၁၂၁)‌ယောက် ဝင်‌ဖြေတာ ၂၅ ‌ယောက်‌အောင်တယ်။ အဲ့ထဲမှာ ဂုဏ်ထူး တစ်‌ယောက်ပါတယ်။״ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

ယခင်နှစ် ၂၀၁၆-၁၇ ပညာသင်နှစ်၌ ဆာသူး‌လေနှင့် ‌သွေးသစ် အထက်တန်း‌ကျောင်းနှစ်‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား(၉၀)ဦး ဝင်‌ရောက်‌ဖြေဆိုခဲ့ရာ ၁၈ ဦး‌ဖြေဆို ‌အောင်မြင်ခဲ့ပြီး SAW အထက်တန်း‌ကျောင်းမှာ ယခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်းကို ပထမဦးဆုံးအကြိမ် ဝင်‌ရောက်‌ဖြေဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‌သွေးသစ်‌ကျောင်းမှ ‌ဖြေဆို‌အောင်မြင်ခဲ့သူ နန်းမူအွာသိဏ်က“ ကျမ အရမ်း‌ပျော်တယ်။ ကျမ‌ဖြေတာ ဒီနှစ်နဲ့ဆို ၃နှစ် ရှိသွားပြီး။ ကျမစာကို အရင်ကထက်ပုံမှန်‌လေးလုပ်သွားတယ်။ ဒါ‌ကြောင့်‌အောင်သွားတယ်လို့ထင်တယ်။ ‌အောင်သွားပြီးဆို‌တော့ မြန်မာပြည်မှာတက္ကသိုလ်ပြန်တက်ဖို့ ရည်ရွယ်ထားတယ်״ ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ အစိုးရစာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ၅၆ ဦး‌ဖြေဆိုခဲ့ရာတွင် ၈ ဦးသာ‌အောင်မြင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တွင် ၁၂၆ ဦး ‌ဖြေဆိုခဲ့ရာ၌ ၃၆ ဦးနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်၌ ၁၂၅ဦး ဝင်‌ရောက်‌ဖြေဆို ရာ ၃၃ ဦး ‌အောင်မြင်ခဲ့သည်။

ပညာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ ယခုနှစ် မတ်လ ၇ ရက်‌နေ့က စတင်ခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာ သင်နှစ် မြန်မာနိုင်ငံတက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာစစ်ဌာန ၁,၇၂၇ခုတွင် ‌ဖြေဆိုသူ ‌ကျောင်းသူ၊ ‌ကျောင်းသား‌ပေါင်း(၇၈၉,၈၄၅)ဦးရှိခဲ့ရာမှ (၂၅၉,၁၉၁)ဦး ‌ဖြေဆို‌အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံး‌အောင်ချက် အများဆုံးမှာ မန္တ‌လေးတိုင်း‌ဒေသကြီး ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ရန်ကုန်တိုင်း ‌ဒေသကြီးနှင့် တတိယ အများဆုံးမှာ မွန်ပြည်နယ်တို့ဖြစ်သည်။