Home သတင်း သာသနာ့ဗိမ္မာန်‌နေရာရရှိ‌ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ သံဃာ‌တော်များ‌တောင်းခံ

သာသနာ့ဗိမ္မာန်‌နေရာရရှိ‌ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ သံဃာ‌တော်များ‌တောင်းခံ

2428

ဇွန်လ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အတွင်း နိုင်ငံတကာအဆင့်မှီ ကုန်တိုက်ကြီး ‌ဆောက်လုပ်ရန်အစီအစဉ်ရှိသည့် ကားဝင်း‌ဟောင်း ‌နေရာတွင် သာသနာ့ဗိမ္မာန်‌နေရာ လှူဒါန်း‌ပေးနိုင်‌ရေးအတွက် ‌တောင်းခံထားမှုများရှိခဲ့သည့်အ‌ပေါ် ဇွန်လ ၇ ရက်‌နေ့က ပြည်နယ် သံဃာ့နာယကအဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ဖားအံမြို့ ၊ မိုးကယ်‌ကျောင်းတိုက်တွင် ‌တွေ့ဆုံ‌ဆွေး‌နွေး ခဲ့ကြ သည်။

အဆိုပါ ကားဝင်း‌ဟောင်း‌နေရာအား ပြည်နယ်ကျက်သ‌ရေ‌ဆောင် သာသနာ့ဗိမ္မာန်တည်‌ဆောက်ရန်အတွက် လှူ ဒါန်း‌ပေး ရန် ဖားအံမြို့‌ပေါ်ရှိ ဘုန်းကြီး‌ကျောင်း ၄၂ ‌ကျောင်းမှ ‌ကျောင်းထိုင်ဆရာ‌တော်များက မတ်လ ၂၁ရက်‌နေ့ကတည်း က ‌မေတ္တာ ရပ်ခံစာလက်မှတ်‌ရေးထိုးပြီး ဝန်ကြီးချုပ်ထံ ‌တောင်းခံတင်ပြထားမှုများရှိ‌သော်လည်း ပြည်နယ်အစိုးရဘက်မှ တစုံ တရာ အ‌ကြောင်းပြန်ခြင်းမရှိသည့်အတွက် ယခုလို ‌တွေ့ဆုံရခြင်းဖြစ်သည်ဟု ‌တောင်တန်းသာသနာပြုဗဟို‌ကျောင်းမှ ပြည်နယ် သံဃာ့ နာယကအဖွဲ့အကျိုး‌တော်‌ဆောင်နှင့် အတွင်း‌ရေးမှူး ဦးဓမ္မပါလက မိန့်ကြားသည်။

ဆရာ‌တော်ဦးဓမ္မပါလက“အရင်အစိုးရလက်ထက်က ဒီ‌မြေမှာ လူ‌တွေ‌နေထိုင်လို့ မ‌တောင်းဆိုတာ။ အခုက ပြည် သူပိုင်‌မြေဖြစ်ပြီးဆို‌တော့ ‌တောင်းတာဖြစ်တယ် ။ သူများကို နစ်နာ‌စေချင်လို့‌တောင်းတာမဟုတ်ဘူး။ ဖြစ်သင့်လို့ ‌တောင်း တယ်။ ‌ဘေးမှာ တက္ကသိုလ်ရှိတယ်။ ဘုန်းကြီး‌ကျောင်းရှိတယ်။ ပညာ‌ရေးဧရိယာနားမှာ ကုန်တိုက်ကြီး ‌ဆောက် ဖို့ဖြစ်သင့်လား။ ဖားအံမြို့‌သေး‌သေး‌လေးမှာ ကုန်တိုက်ဘယ်နှစ်ခုလိုလဲ အခုက မ‌ပေးမ‌နေရ ‌တောင်းတာမဟုတ်ဘူး ‌မေတ္တာရပ်ခံတာပါ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ် မြို့‌တော် ဖားအံမြို့တွင် သာသနာ့အ‌ရေးနှင့် စာ‌မေးပွဲများလုပ်‌ဆောင်ရန် ‌ကျောင်း‌ဆောင်‌နေရာ မရှိသလို လက်ရှိအချိန်တွင် သာမ‌ဏေများ စာ‌မေးပွဲများကျင်းပပါက အ‌ခြေခံပညာအထက်တန်း‌ကျောင်းများကိုသာ အားကိုး ‌နေရဆဲ ဖြစ်သည့်အတွက် ပြည်နယ်အစိုးရထံ‌တောင်းခံခြင်းဖြစ်‌ကြောင်း သံဃာ‌တော်များက ဆိုသည်။

ပြည်နယ်ကျက်သ‌ရေ‌ဆောင် သာသနာ့ဗိမ္မာန်တည်‌ဆောက်မည်ဆိုပါက ‌မြေ‌နေရာ ၃ ဧက အကျယ်အဝန်းလို အပ်သည့် အပြင် လူတိုင်း ဖူး‌မျှော်ကြည်ညိုနိုင်ရန် လမ်းမကြီး‌ဘေးနား ‌နေရာဖြစ်သည့် ကားဝင်း‌ဟောင်း‌နေရာသာ အသင့်‌တော်ဆုံး ‌နေရာဖြစ်သင့်‌ကြောင်း ပြည်နယ် သံဃာ့နာယကအဖွဲ့ အကျိုး‌တော်‌ဆောင်နှင့် အတွင်း‌ရေးမှူး ဦးဓမ္မပါလက ထပ်မံမြွက်ကြားသည်။

သံဃာ‌တော်များ၏ ‌တောင်းဆိုမှုများနှင့်ပတ်သက်၍ အဆိုပါ ကားဝင်း‌ဟောင်း‌နေရာတွင် နိုင်ငံတကာ အဆင့်မှီ ကုန်တိုက် ကြီး ‌ဆောက်ရန် စီစဉ်ထားပြီးဖြစ်သည့်အပြင် ယင်း‌နေရာတွင် ‌နေထိုင်သူများကိုပါ ‌လျော်‌ကြေး‌ပေးဖယ်ရှားမှု များရှိခဲ့ပြီးဖြစ် သည့်အတွက် သံဃာ‌တော်များသ‌ဘောတူနိုင်မည့် အခြား‌နေရာကို အစားထိုး‌ပေးရန် စီစဉ်‌ပေးထား‌ကြောင်း လည်း ပြည်နယ်အစိုးရဘက်က ‌ပြောဆိုသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က “ဒီ‌နေရာမှာ စပြီးလုပ်တုန်းက လုပ်ဖို့‌တောင်းရင်‌ပေးလို့ရမယ်။ အခုက စီမံ ကိန်းလုပ်ဖို့ စီစဉ်ပြီးသားဆို‌တော့ တပည့်‌တော်တို့‌ပေးလို့မရ‌တေ့ာဘူး ။ ‌ပေးမရတဲ့အတွက်‌တောင်းတဲ့ အချိန်မှာ ဘာမှ မ‌ပြောပဲ‌နေတာဖြစ်တယ်။ ‌နောက်တစ်ခုက အဲဒီ‌နေရာအစား ‌ဘောလုံးကွင်း‌ဟောင်း‌နေရာကို ‌ပေးရင်အဆင်‌ပြေမယ်ထင်လို့ အဲဒီ‌နေရာက သာသနာ့ဗိမ္မာန်‌ဆောက်ရင် ပြည်သူ‌တွေမကန့်ကွက်‌လောက်ဘူး ထင်တယ်။ ပြည်သူ အသံတစ်မျိုး ထွက် လာရင် ‌နောက်တစ်‌နေရာပြန်စီစဉ်‌ပေးမယ်”ဟု ပြည်နယ်သံဃာ့နာယကအဖွဲ့နှင့် ‌တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က ‌ပြောသည်။

လက်ရှိအချိန်တွင် ဖားအံကမ်းနားလမ်းရှိ ‌ဘောလုံးကွင်း‌ဟောင်း‌နေရာနှင့် တက္ကသိုလ်‌ရှေ့ရှိ ‌မြေလွတ်‌နေရာများကို ‌ပေးရန် ပြည်နယ်အစိုးရမှ စီစဉ်ထား‌သော်လည်း ယင်း‌ဘောလုံးကွင်း‌ဟောင်း‌နေရာမှာ ဟိုတယ်‌ဆောက်လုပ်ရန် ပြည်သူများ ကန့်ကွက်ပြီး ပြဿနာရှိ ထားသည့်‌နေရာဖြစ်သလို တက္ကသိုလ်‌ရှေ့ရှိ ‌မြေလွတ်‌နေရာမှာလည်း လမ်းမကြီး‌ဘေးနား မဟုတ်သည့်အတွက် သံဃာ‌တော်များအားလုံးသ‌ဘောထားပြန်လည် ‌တောင်းခံပြီးမှ ယူမယူအတည်ပြုမည်ဟု သံဃာ့နာယက အဖွဲ့ဝင်များက ဆိုသည်။

ပြည်နယ်သံဃာ့နာယကအဖွဲ့မှ ‌တောင်းခံထားသည့် ကားဝင်း‌ဟောင်း‌မြေ‌နေရာအကျယ်မှာ ၃.၃၃၄ ဧကရှိပြီး နှစ်နှစ်နှင့် သုံး လအပြီး နိုင်ငံတကာအဆင့်မှီ ‌ဈေးဝယ်စင်တာ(Shopping Mall) တည်‌ဆောက်ရန် တင်ဒါ‌ခေါ်ယူစိစစ်မှုများပြု လုပ်‌နေ သည့်အပြင် ယခုလကုန်တွင် တင်ဒါ‌လျှောက်ထားသည့် ကုမ္ပဏီ ၃ ခုထဲမှ ၁ ခုကို‌ရွေးချယ်ပြီး လုပ်ငန်း စတင်မည်ဖြစ် ‌ကြောင်း ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းနိုင်က ‌မေ ၃၁ ရက်‌နေ့က ‌ပြောဆိုခဲ့သည်။

ယမန်‌နေ့က ပြုလုပ်သည့် အဆိုပါ ‌တွေ့ဆုံပွဲတွင် ဖားအံမြို့အတွင်းရှိ ဝါရင့်သံဃာ‌တော်များနှင့်အတူ ပြည်နယ် သံဃာနာယအဖွဲ့ဝင်အပါအဝင် စုစု‌ပေါင်း သံဃာ ၁၅ ပါး တက်‌ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် ဦး‌ဆောင်‌သော အစိုးရအဖွဲ့ဝင်များလည်း တက်‌ရောက်ခဲ့သည်။