Home သတင်း သာသနာ့ဗိမ္မာန်တည်‌ဆောက်‌ရေးအတွက် ဖားအံ မြို့မ‌ဘောလုံးကွင်းအား သံဃာ‌တော်များ ‌ရွေးချယ်ဆုံးဖြတ်

သာသနာ့ဗိမ္မာန်တည်‌ဆောက်‌ရေးအတွက် ဖားအံ မြို့မ‌ဘောလုံးကွင်းအား သံဃာ‌တော်များ ‌ရွေးချယ်ဆုံးဖြတ်

2471
ပြည်နယ်သံဃာ့နာယက အဖွဲ့နှင့် ဝန်ကြီးချုပ်တို့ ‌တွေ့ဆုံခဲ့စဉ် (ပုံ-‌ကေအိုင်စီ)

ဇွန်လ ၁ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အစိုးရမှ ခွင့်ပြု‌ပေးရန် လျာထားသည့် ဖားအံမြို့၊ မြို့မ‌ကျောက်တိုင်‌ဘောလုံးကွင်း ‌မြေ‌နေရာအား ပြည်နယ် ကျက်သ‌ရေ‌ဆောင်သာသနာ့ဗိမ္မာန်တည်‌ဆောက်‌ရေး‌မြေ‌နေရာအဖြစ် သံဃာ‌တော်များက ဇွန်လ ၉ရက်‌နေ့ (ယမန်‌နေ့) က သ‌ဘောတူလက်ခံ ဆုံးဖြတ်လိုက်သည်။

အဆိုပါ ‌မြေ‌နေရာ‌ရွေးချယ်သတ်မှတ်နိုင်‌ရေးအတွက် ဖားအံမြို့တွင်းရှိ ‌ကျောင်း‌ပေါင်းစုံ၊ ဂိုဏ်း‌ပေါင်းစုံမှ သံဃာ‌တော် ၄၁ ပါးနှင့် မြိုခံလူထုအချို့ပါဝင်ပြီး ယမန်‌နေ့က သရက်‌တော‌ကျောင်းတိုက်၌ ပြုလုပ်သည့် အစည်းအ‌ဝေးတွင် ယခုလို‌ရွေး ချယ်လိုက်ခြင်းဖြစ်သည်ဟု ‌တောင်တန်းသာသနာပြုဗဟို‌ကျောင်းမှ ပြည်နယ်သံဃာ့နာယကအဖွဲ့ အကျိုး‌တော်‌ဆောင်နှင့် အတွင်း‌ရေးမှူး ဦးဓမ္မပါလက မိန့်ကြားသည်။

“သာသနာ့ဗိမ္မာန်ဆိုတာက အများအမြင်အထင်ကရ‌နေရာလုပ်‌လေ ‌ကောင်း‌လေပဲ။ သာသနာ့ အ‌ဆောက်အဦးဖြစ်တဲ့ အတွက် သန့်သန့်ရှင်းရှင်း ‌လေးဘက်‌လေးတန်နဲ့ အများမြင်နိုင်တဲ့‌နေရာ ‌လေ‌ကောင်း၊ ‌လေသန့်လည်းရမယ့် ဒီ‌နေရာကို ဆုံးဖြတ်လိုက်တာဖြစ်တယ်”ဟု ဦးဓမ္မပါလက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

သာသနာ့ဗိမ္မာန်တည်‌ဆောက်‌ရေး ‌မြေ‌နေရာအတွက် ဇွန်လ ၇ ရက်‌နေ့က ပြည်နယ်သံဃာ့နာယက အဖွဲ့နှင့် ပြည်နယ်ဝန် ကြီးချုပ်တို့ ဖားအံမြို့ ၊ မိုးကယ်‌ကျောင်းတိုက်တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြရာ ဝန်ကြီးချုပ်မှ ဖားအံကမ်းနားလမ်းရှိ ‌ဘောလုံး ကွင်း‌ဟောင်း‌နေရာနှင့် တက္ကသိုလ်‌ရှေ့ရှိ ‌မြေလွတ်‌နေရာများထဲမှ အဆင်‌ပြေမည့် တစ်‌နေရာအား ‌ပေးရန်စီစဉ်ထား‌ကြောင်း ‌ပြောဆိုမှုများရှိခဲ့ပြီး‌နောက် သာသနာ့ ဗိမ္မာန်အတွက် ‌မြေ‌နေရာအား ယခုလို အတည်ပြုဆုံးဖြတ်လာခြင်းဖြစ်သည်။

ယမန်‌နေ့က သရက်‌တော‌ကျောင်းတိုက်တွင် ပြုလုပ်သည့်‌ဆွေး‌နွေးမှုတွင်လည်း လျာထား‌မြေ‌နေရာ နှစ်ခုထဲမှ ‌ဘောလုံး ကွင်း‌ဟောင်း ‌မြေ‌နေရာအား အသင့်‌တော်ဆုံး‌မြေ‌နေရာအဖြစ် ‌ရွေးချယ်မှုနှင့်ပတ်သက်ပြီး တက်‌ရောက်လာသည့် မဂ္ဂင် ဆရာ‌တော် ဦးဣန္ဒဝံသနှင့်မြို့ခံအချို့တို့က ကန့်ကွက်‌ပြောဆိုမှုများလည်း ရှိခဲ့သည်။

၎င်းအ‌ခြေအ‌နေအ‌ပေါ် ယခင်မြို့မ‌ဘောလုံးကွင်းပြန်လည်ရရှိ‌ရေး ‌ကော်မတီမှ တွဲဖက်အတွင်း‌ရေးမှူးအဖြစ် တာဝန်ယူခဲ့သူ မြို့ခံ ဦးမျိုးညွန့်က “ အခု‌ဘောလုံးကွင်းအဖြစ် သတ်မှတ် ခါနီးအချိန်ကျမှ သာသနာ့ဗိမ္မာန်လုပ်မယ်ဆို‌တော့ ကျ‌နော်တို့က ဗုဒ္ဓဘာသာဝင်တစ်‌ယောက်အ‌နေနဲ့ ဒီသာသနာ့ဗိမ္မာန်ကို ကန့်ကွက်‌နေတာ မဟုတ်ပါဘူး။ ‌ဘောလုံးကွင်းကို ‌ဘောလုံးကွင်း အဖြစ်ပဲလိုချင်လို့ ကျ‌နော်တို့‌ပြော‌နေရတာ။ သူတို့က သူတို့ ‌ဆောက်တာကို သ‌ဘောမတူဘူးဆိုတာနဲ့ ကန့်ကွက်တယ် ဆိုတဲ့ အမြင်မျိုးဖြစ်လာကြတာ”ဟု‌ပြောသည်။

ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တည်ရှိပြီး ‌မြေဧရိယာ(၂ ဒသမ ၅၅၆) ဧကရှိ မြို့မ‌ဘောလုံးကွင်းအတွင်း မြ‌ဌေးကြွယ် လင်း ကုမ္ပဏီ၏ ဟိုတယ်‌ဆောက်လုပ်မှုကိစ္စကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်ကာ ဖားအံမြို့ မိမြို့ဖများနှင့် သံဃာ‌တော် များစု‌ပေါင်းပြီး အကြိမ်ကြိမ် ကန့်ကွက် ‌တောင်းဆိုမှုများပြုလုပ်ခဲ့ရာ ယခုသမိုင်းဝင်မြို့ မ ‌ဘောလုံးကွင်းအတွင်း တည် ‌ဆောက်‌ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ခြင်းလည်း ဖြစ်သည်။