Home သတင်း ယခု ဘဏ္ဍာ‌ရေးနှစ်တွင် ကျပ်သိန်း ၇၀ဝ သုံးစွဲသွားရန် လျာထားသည်ဟု ကရင်ဝန်ကြီး‌ပြော

ယခု ဘဏ္ဍာ‌ရေးနှစ်တွင် ကျပ်သိန်း ၇၀ဝ သုံးစွဲသွားရန် လျာထားသည်ဟု ကရင်ဝန်ကြီး‌ပြော

2073

ဇွန် ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ယခု ဘဏ္ဍာ‌ရေးနှစ်တွင် ကရင်တိုင်းရင်းသား‌ရေးရာ ကိစ္စရပ်များအတွက် ကျပ်သိန်း ၇၀ဝ သုံးစွဲသွားရန် လျာထားသည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုကြား ဘတ်ဂျက်အတွင်းမှာ ကျပ်သိန်း ၇၀ဝ သုံးစွဲဖို့ လျာထားတယ်။ တိုင်းအဆင့် လက်ချည်ပွဲအတွက် ကျပ် သိန်း ၅၀ဝ သုံးဖို့ စီစဉ်ထားတယ်။ ကရင့်‌ရေးရာကိစ္စ‌တွေအပြင် ရှမ်း၊ မွန်၊ အရှိုချင်းနဲ့ ပအိုဝ်းစတဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ တိုင်းရင်းသား‌တွေအတွက်လည်း ခွဲ‌ဝေသုံးစွဲသွားဖို့ ရှိတယ်”ဟု ဇွန် ဒုတိယအပတ်အတွင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကျင်းပမည့် တိုင်းအဆင့် ချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားအတွက် ကျပ်သိန်း ၅၀ဝ သုံးစွဲရန် လျာထား‌သော်လည်း အခမ်းအနားအတွက် အလှူရှင်များရှိပါက အစိုးရ ဘတ်ဂျက်သုံးစွဲ‌ငွေ ‌လျော့နည်းသွားမည်ဟု ဝန်ကြီးက ဆက်‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင့်‌ရေးရာ ကိစ္စရပ်များအတွက် လက်ရှိ အစိုးရလက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာ‌ရေး နှစ်တွင် ကျပ်သိန်း ၇၀ဝ နှင့် ၂၀၁၇-၁၈
ဘဏ္ဍာ‌ရေးနှစ်များတွင်လည်း ကျပ်သိန်း ၇၀ဝ သုံးစွဲခဲ့ပြီးဖြစ်သည်။ အလားတူ ယခု ကြားဘတ်ဂျက်တွင်လည်း ကျပ်သိန်း ၇၀ဝ သုံးစွဲသွားမည်ဖြစ်ကာ လက်ရှိ ဘဏ္ဍာ‌ရေးနှစ် ‌ပြောင်းလဲ သတ်မှတ်ထား သည့်အတွက် ကြားဘတ်ဂျက်ကို ဧပြီ ၁ မှ စက်တင်ဘာ ၃ဝ ရက်ထိ ၆ လကြာထားရှိပြီး အဆိုပါ ကာလအတွင်း လျာထားဘတ်ဂျက်ကို သုံးစွဲသွားရမည်ဖြစ်‌ကြောင်း သိရသည်။