Home သတင်း မိုးအဆက်မပြတ် ရွာမှု‌ကြောင့် ‌နေထိုင်သွားလာမှုသတိထားရန် ပြည်နယ် မိုး/ဇလဦးစီးမှူး တိုက်တွန်း

မိုးအဆက်မပြတ် ရွာမှု‌ကြောင့် ‌နေထိုင်သွားလာမှုသတိထားရန် ပြည်နယ် မိုး/ဇလဦးစီးမှူး တိုက်တွန်း

2158

ဇွန်လ ၁၈ရက်၊ ၂၀၁၈ခုနှစ်။ စဖန်း‌ရှောင်း

မိုးအဆက်မပြတ် ရွာသွန်းမှုများ‌ကြောင့် ကရင်ပြည်နယ်အတွင်း ‌နေထိုင်သူများအ‌နေဖြင့် ရုတ်တရက် ‌ရေကြီးခြင်းနှင့် ‌တောင်ပြိုမှု များ ဖြစ်‌ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြုကာ ‌နေထိုင်သွားလာရန် လိုအပ်‌ကြောင်း ကရင်ပြည်နယ် မိုး‌လေဝသနှင့်ဇလ‌ဗေဒ ညွန်ကြားမှုဦးစီးဌာန လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦး‌အောင်ကိုကိုက တိုက်တွန်း ‌ပြောဆိုလိုက်သည်။

၎င်းက “အခုလို မိုးအဆက်မပြတ်ရွာပြီး ၂၄နာရီအတွင်း မိုး‌ရေချိန်များလာပြီဆိုရင် ‌တောင်ကျ‌ရေ‌တွေ‌ကြောင့် ရုတ်တရက် ‌ရေကြီးတာ‌တွေ ဖြစ်လာနိုင်တယ်။ ‌တောင်ပြို‌မြေပြိုတာ‌တွေလည်း ဖြစ်လာနိုင်တယ်။ အထူး သဖြင့်‌တောင်‌ခြေရွာ‌တွေမှာ အထူး ဂရုပြု ‌နေထိုင်ကြဖို့ ကျ‌နော် အထူး တိုက်တွန်းလိုပါတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ပထမပတ်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုများ‌ကြောင့် မွန်ပြည်နယ်မြို့‌ပေါ်နှင့် အချို့‌နေရာများ၊ ကရင်ပြည်နယ်အတွင်းရှိ ဖာပွန်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အချို့‌နေရာများတွင် ‌ရေကြီး‌ရေလျှံမှုနှင့် ‌လေပြင်းတိုက်ခိုက်မှုများ ဖြစ်‌ပေါ်ခဲ့သလို ‌နောက် ၂ရက်အထိ မွန်နှင့် ကရင်ပြည်နယ်တို့ ‌နေရာအနှံ့မိုး ဆက်လက် ရွာသွန်းနိုင်‌ကြောင်း မိုး‌လေဝသနှင့် ဇလ‌ဗေဒက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ဇွန်လ ၁ဝရက်‌နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ‌ဒေါ်လန်း‌ကျေးရွာအုပ်စုအတွင်းရှိ ထန်းကျွန်း၊ ရွာကြီးနှင့် ‌ကော့မ ရိုင်း‌ကျေးရွာအုပ်စုအတွင်းရှိ ကျိုက်‌ပေါင်း‌ကျေးရွာတို့တွင် ‌လေဆင်နှာ‌မောင်း တိုက်ခတ်သည့်အတွက် လူ‌နေအိမ် ၄၉လုံး ပျက်စီးမှု ဖြစ်‌ပေါ်ခဲ့ပြီး လူဦး‌ရေ ၂၃ဝဦး ‌လေ‌ဘေးသင့်မှုများ ဖြစ်‌ပေါ်ခဲ့သည်ဟု သိရသည်။

မြစ်‌ရေအ‌ခြေအ‌နေအရ ကရင်ပြည်နယ် သံလွင်မြစ်‌ရေ စိုးရိမ်‌ရေအမှတ်မှာ ၇၅ဝစင်တီမီတာ(၂၄‌ပေ)ခန့်ဖြစ်ပြီး မိုး‌လေဝသနှင့် ဇလ‌ဗေဒညွန်ကြားမှုဦးစီးဌာန၏ ဇွန်လ ၁၈ရက်‌နေ့ (ယ‌နေ့)မွန်းတည့် ၁၂နာရီအချိန်တိုင်းတာချက်အရ ၅၃၈ စင်တီမီတာမှ ‌နောက် ၂၄နာရီအတွင်း ၅၄၃ စင်တီမီတာအထိ ‌ရောက်ရှိနိုင်‌ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်းရှိ ဖာပွန်၊ ကမ‌မောင်း၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျိုက်ဒုံ၊ လှိုင်းဘွဲတို့တွင် ‌ရေကြီး‌ရေ လျှံမှုမကြာခဏဖြစ်ပွားသည့် ‌နေရာများဖြစ်‌ကြောင်းသိရပြီး လက်ရှိအ‌ခြေအ‌နေများအရ ယခုလအတွင်း သံလွင်မြစ်‌ရေမှာ ‌ရေကြီး‌ရေလျှံသည်အထိ စိုးရိမ်ရသည့်အ‌ခြေအ‌နေ မရှိ‌သေး‌ကြောင်းလည်း ဦး‌အောင်ကိုကိုက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ကရင်ပြည်နယ်တွင် ယခုကဲ့သို့ အဆက်မပြတ် မိုးရွာသွန်းမှုများ‌ကြောင့် ဖားအံမြို့ အမှတ် (၁)၊ (၂)၊ (၅)နှင့် (၉)ရပ်ကွက်တို့၌ ‌ရေ‌ဘေးသင့်မှုများဖြစ်‌ပေါ်ခဲ့ပြီး ‌ရေ‌ဘေးသင့်သူ ၆‌ထောင်‌ကျော်အတွက် ဖားအံမြို့‌ပေါ် ရပ်ကွက်အချို့ ရှိ ‌ရေလွတ်ရာ ဘုရားရင်ပြင်၊ အားကစားရုံနှင့် စာသင်‌ကျောင်းများတွင် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းများ ဖွင့်လှစ်ထားရသည့် အ‌ခြေအ‌နေ ရှိခဲ့ဘူးသည်။