Home သတင်း KNU မှ ‌မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်‌ပေးခြင်းအ‌ပေါ် ပဲခူးတိုင်းလုံ/နယ်ဝန်ကြီး ကန့်ကွက်

KNU မှ ‌မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်‌ပေးခြင်းအ‌ပေါ် ပဲခူးတိုင်းလုံ/နယ်ဝန်ကြီး ကန့်ကွက်

4339

ဇွန်လ ၁၈ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရေတာရှည်မြို့နယ်နှင့် ကရင်ပြည်နယ် သံ‌တောင်မြို့နယ်ကြားရှိ နယ်‌မြေတချို့တွင် KNU-ကရင်အမျိုးသား အစည်းအရုံးမှ ‌မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ်‌ပေးခြင်းနှင့်ပတ်သက်ပြီး ပဲခူးတိုင်း‌ဒေသကြီး လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန် ကြီးက KNU ထံ ဇွန်လ ၁၂ရက် ‌နေ့စွဲဖြင့် ကန့်ကွက်အ‌ကြောင်းကြားစာ‌ပေးပို့ခဲ့သည်။

အဆိုပါ ကန့်ကွက်မှုများအ‌ပေါ် KNU ‌တောင်ငူခရိုင် လယ်ယာဌာန အတွင်း‌ရေးမှူး ‌စော‌ဟေကလယ်က “ကန့်ကွက်တာ ‌နေရာ အတိအကျ မ‌ဖော်ပြတဲ့အတွက် ဘယ်‌နေရာလဲ ကျ‌နော်မသိဘူး။ ဘားဘုံ‌ကျေးရွာ အနီးအနား‌ဒေသပဲ ဖြစ်ဖို့များတယ်။ အဲဒီမှာ ဆိုရင် အစိုးရဘက်က မလုပ်‌ပေးလို့ ‌ဒေသခံ‌တွေက ကျ‌နော်တို့ကို အကူအညီ လာ‌တောင်းတာကြာပြီ။ ကျ‌နော်တို့ ဘာမှမလုပ် ‌ပေးရ‌သေးဘူး။ တိုင်ပင်ဖို့ပဲရှိ‌သေးတယ်။ သူတို့ ကန့်ကွက်တာကလည်း နယ်‌မြေမှာ ကွင်းမဆင်းဘဲ ရမ်းပြီးကန့်ကွက်တယ်လို့ပဲ ကျ‌နော်ထင်တယ်။ ကျ‌နော်တို့က‌တော့ KNU ‌မြေပုံအရပဲ လုပ်‌ဆောင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU က ထုတ်‌ပေးသည့် ‌မြေယာပိုင်ဆိုင်မှုလက်မှတ်မှာ နိုင်ငံ‌တော် အစိုးရထုတ်‌ပေး‌သော လယ်ယာ‌မြေ လုပ်ပိုင်ခွင့်ပြုလက် မှတ် ပုံစံ (၇)နှင့် အလားတူသ‌ဘော သက်‌ရောက်‌နေသည်ဖြစ်ရာ ‌ဒေသခံပြည်သူများအကြား ‌မြေယာပိုင်ဆိုင်မှု အငြင်းပွားပြီး ပြဿနာများ ဖြစ်လာနိုင်ခြင်း၊ တိုင်း‌ဒေသကြီးအစိုးရ၏ အုပ်ချုပ်မှုအာဏာအရ ‌ဆောင်ရွက်‌နေ‌သော ဧရိယာဖြစ်သည်ဟု တိုင်း နယ်/လုံဝန်ကြီး၏ ကန့်ကွက်စာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် ၎င်းကန့်ကွက်စာထဲတွင် လက်ရှိ စိုက်ပျိုး‌နေသူများမှာလည်း ‌ဒေသခံ ကရင်လူမျိုးများသာဖြစ်၍ အငြင်းပွားပါက ၎င်းတို့ သာ နစ်နာနိုင်ခြင်း‌ကြောင့် KNU အဖွဲ့၏ ‌မြေယာပိုင်ဆိုင်မှုလက်မှတ် ထုတ်‌ပေးခြင်းအ‌ပေါ် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့အ‌နေဖြင့် ကန့်ကွက်ပါ‌ကြောင်းနှင့် အစိုးရ၏ အုပ်ချုပ်‌ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ KNU အဖွဲ့မှ ဝင်‌ရောက်‌ဆောင်ရွက်ခြင်း မပြု ‌စေ‌ရေး တားမြစ်‌ပေးနိုင်ပါရန်နှင့် လိုအပ်ပါက တိုင်း‌ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြညှိနှိုင်းနိုင်ပါ‌ကြောင်း အ‌ကြောင်းကြားအပ်ပါ သည်ဟု ပါရှိသည်။

ပဲခူးတိုင်းနယ်လုံကန့်ကွက်စာတွင် ‌ဖော်ပြထားသည့်‌နေရာများမှာ KNU တပ်မဟာ(၂) ‌တောင်ငူခရိုင်ဖြစ်ပြီး ‌နေရာအတိအကျကို မူ ‌ဖော်ပြခြင်းမရှိသည့်အတွက် နယ်လုံမှ အားလုံးခြုံငုံပြီး ကန့်ကွက်ခြင်းဖြစ်သည်ဟုလည်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင် လယ်ယာ ဌာန အတွင်း‌ရေးမှူးက ‌ကောက်ချက်ချ ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ‌တောင်ငူခရိုင်ရှိ အစိုးရ လက်လှမ်းမမှီသည့် ‌ကျေးရွာအများစုနှင့် ‌နေပြည်‌တော်‌ကောင်စီနယ်‌မြေ လယ်‌ဝေးမြို့ နယ်ရှိ ‌ကျေးရွာအချို့တို့တွင် ‌မြေယာပိုင်ဆိုင်ခွင့် လက်မှတ်ထုတ်‌ပေးရန် KNU ‌တောင်ငူခရိုင်ထံ ‌ဒေသခံများက မကြာခဏ ‌တောင်းခံတင်ပြမှုများရှိ‌သော်လည်း KNU အ‌နေဖြင့် ၎င်းတို့သတ်မှတ်နယ်‌မြေအတွင်း၌သာ ‌မြေယာပိုင်ဆိုင်ခွင့်လက်မှတ် ထုတ် ‌ပေး‌နေခြင်းဖြစ်‌ကြောင်း ‌စော‌ဟေကလယ်က ဆိုသည်။

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့်နယ်‌မြေအများစုအတွင်း ယခင်က KNU နှင့် သက်ဆိုင်သည့် အုပ်ချုပ် ‌ရေးဆိုင်ရာ ကိစ္စရပ်များအ‌ပေါ် အစိုးရဘက်မှ တစုံတရာကန့်ကွက်မှုများမရှိခဲ့‌သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ‌ရေး သ‌ဘောတူစာချုပ်-NCA လက်မှတ်ထိုးပြီးသည့်‌နောက်ပိုင်းမှ စတင်ကာ NCA သ‌ဘောတူညီချက်များအ‌ပေါ် မူတည်ပြီး မကြာခဏ ကန့်ကွက်မှုများရှိလာသည်ဟုလည်း KNU ခရိုင် တာဝန်ရှိသူများက ‌ပြောသည်။