Home ကဗျာ ဒုက္ခသည်

ဒုက္ခသည်

3906

(လကင်္ာဒီပ)

ကိုယ်ချင်းစာနာစိတ်‌တွေ

‌သွေဖယ်ခြင်း ခံရသူများ

တရားမမျှတခြင်းများစွာ

သိမ်းကြုံးကာ ရင်ဝယ်ပိုက်ထားရသူ

လူလူချင်း ဖိနှိပ်ခြင်းခံလျက်

လွတ်လပ်မှု‌တောင်ပံ‌တွေ ရိုက်ချိုး

အမျိုးစုံ‌သော ဆင်းရဲခြင်းကို

ထိုမည်‌သော သူသူအ‌ပေါင်း

စိတ်‌ထောင်းကိုယ်‌ကြေ ခံစား‌နေကြရတယ်။

လူ့ဂုဏ်သိက္ခာဆိုတာ

ဘာရယ်မှန်းမသိကြရ

လူ့အခွင့်အ‌ရေးဆိုတာလည်း

မသဲမကွဲ မထင်မရှား

လူသား‌တွေ လူလိုမကျင့်

နိုင်ထက်ကျင့် နိုင်ရာစားသမိုင်း

‌တောရိုင်းဥပ‌ဒေ ထွန်းကားကြပါ‌ပေ့

ထူ‌ပွေ့လို့ ကူညီမှုမဲ့ရတယ်

ဘယ်ဘဝက အကုသိုလ်‌တွေလည်း မသိ။

လက်ဖြန့် မ‌တောင်းလိုကြပါဘူး

ကိုယ့်ဒူး‌ခြေ‌ထောက်‌ပေါ်ရပ်တည်

ကိုယ်စီကိုယ်ငှ ရှင်သန်ချင်ကြ‌သော်ငြား

လူပါးဝခြင်း အကြိမ်ကြိမ်ခံရ

အသက်ကို ဖက်နဲ့ထုပ်

ကျားကုတ်ကျားခဲ ငြိမ်ခံကြလည်း

ဖွဲမီးက ဇွဲကြီးခဲ့ကြသ‌လေ

တ‌စ္ဆေပြုစားခံ ဘဝ‌တွေလို

ပုံရိပ်ပျိုတို့ အကျည်းတန်ကုန်ကြရတယ်။

ချိုချဉ်ငံစပ်အရသာ မစုံချင်‌နေပါ‌စေ

ကိုယ့်‌ပြေ ကိုယ့်‌မြေ သားသမီး‌တွေနဲ့

‌ဆွေမျိုး မိဘ အတူတူ‌လေး

‌နွေး‌ထွေး ‌အေးချမ်း‌နေချင်ကြပါဘိ

အကြည့်‌တွေမှာ အပြုံးမဲ့

ရွာ‌တော့မယ့် တိမ်ညို‌တွေအလား

‌သောက အပူမီး ပြည့်လျံ

စိတ်ဒဏ်ရာ‌တွေ ‌လောင်ကျွမ်းထားပါ‌ပေ့

‌သွေ့‌ခြောက်‌ရော်ရွက်ဝါ‌တွေ

ပြန်စို‌ပြေ‌စေချင်စမ်းပါဘိ‌တော့တယ်။

ကိုယ့်‌မြေမှာ ပုန်းလျှိုးကွယ်လျှိုး

တိုးတိုးတိတ်တိတ်‌လေး‌နေရ

အ‌ကြောက်အလန့်များစွာနဲ့

သူများရဲ့နိုင်ငံထဲဝယ်

မျက်နှာငယ် အကာအကွယ်‌ဝေး

ဘဝ‌ပေး‌တွေ ကြမ်းလွန်းလှပါတယ်

စစ်‌ပြေး စစ်‌ပြေးဆိုတာကြီးကလည်း

မွဲ‌တေမှုရဲ့ အစလို့ ‌ခေါ်မလား

လုံးပါးပါး ကိုယ်ကျိုးနည်းကုန်တဲ့ဘဝ

မညီမျှခြင်း၊ နိမ့်ကျခြင်းဘဝ‌တွေ ဖြစ်ကြရပါတယ်။

၂၄ ဇွန်လ၊ ၂၀၁၈။