Home သတင်း ကရင်ရိုးရာ‌စောင်းကို ဖားအံမြို့၊ KSC တွင် ပထမဆုံးအကြိမ် သင်ကြား‌ပေးလျက်ရှိ

ကရင်ရိုးရာ‌စောင်းကို ဖားအံမြို့၊ KSC တွင် ပထမဆုံးအကြိမ် သင်ကြား‌ပေးလျက်ရှိ

2513

ဇွန် ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ရိုးရာ‌စောင်း(နားဒိန်)အ‌ခြေခံ တီးခတ်မှုသင်တန်းကို ဖားအံမြို့၊ ကရင်‌ကျောင်းသားများရိပ်သာ-Karen Student’ Center (KSC) တွင် ပထမဆုံး အကြိမ်အဖြစ် ယခုနှစ် ဇွန်လဆန်းပိုင်းမှ စတင်သင်ကြား‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

KSC ၏ ယဉ်‌ကျေးမှုတာဝန်ခံ ‌စောအ‌ခေါ်ခီက“ဒီ‌စောင်းဆိုတဲ့ ရိုးရာတူရိယာက ‌ပျောက်ကွယ်လုနီးပါး ရှိ‌နေ ပြီဖြစ်လို့ ပြန် လည်‌ဖော်ထုတ်တဲ့အ‌နေနဲ့ပါ။ ရိုးရာဆိုတာ တန်ဖိုးလည်းကြီး‌တော့ ‌ပျောက်ကွယ်သွားရင် အရမ်းနှ‌မျောဖို့‌ကောင်းတယ်။ ဒီ သင်တန်းဖွင့်ချင်တာကြာပါပြီ။ ဆရာမရှိခဲ့လို့ပါ ”ဟု ဇွန် ၂၄ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့‌ပြောသည်။

အပတ်စဉ် တနဂင်္‌နွေ‌နေ့တိုင်းတွင် သင်ကြား‌ပေးလျက်ရှိသည့် အ‌ခြေခံ‌စောင်းအတီးသင်တန်းကို ‌စောနားဒိန်ထွန့်မှ အဓိကသင်ကြား‌ပေးပြီး KSCမှ နဝမတန်း နှင့် ဖားအံတက္ကသိုလ်မှ ‌ကျောင်းသား၊ ‌ကျောင်းသူများ စုစု‌ပေါင်း ၃ဝ ဦး တက်‌ရောက်‌နေ‌ကြောင်း ယဉ်‌ကျေးမှုတာဝန်ခံထံမှ သိရသည်။

အိုင်သိုင်ကလိုင့်(ရ‌သေ့ပျံ)ရွာမှ KSC တွင် နဝမတန်းတက်‌ရောက်‌နေသူ နန်းထွန့်‌လွေ့က “နားဒိန်ဟာ ‌ပျောက် ကွယ်လုနီးပါးဖြစ်‌နေပြီ။ ဒါ‌ကြောင့် ပြန်လည်ထိန်းသိမ်းချင်တဲ့စိတ်နဲ့ ဒီသင်တန်းတက်‌နေတာပါ။ တတ်‌မြောက်ပြီး တ‌နေ့ကျရင် ရွာကိ်ုယ်စားပြုအ‌နေနဲ့ သင်တန်းဆင်းပွဲ‌တွေမှာ ယှဉ်ပြိုင်တီးခတ်သွားချင်တယ် ↔ဟု‌ပြောသည်။

ယခုသင်တန်းကို အ‌ခြေခံမှ စတင်သင်ကြား‌ပေး‌နေပြီး အ‌ခြေခံသင်တန်းပြီးဆုံးပါက အဆင့်မြင့်သင်တန်းအဖြစ် ပါ ဆက်လက်သင်ကြားရန် ရှိ‌ကြောင်းလည်း ‌စောအ‌ခေါ်ခီက ‌ပြောသည်။

ကရင်‌ကျောင်းသားများရိပ်သာ-Karen Student’ Center (KSC) ကို ၁၉၇၀-၇၁ ခုနှစ်တွင် ပြည်နယ်၊ ကရင် စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်တည်‌ထောင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကိုယ်ပိုင် အထက်တန်း‌ကျောင်းအဖြစ် စတင်သင်ကြားနိုင်ခဲ့‌ကြောင်း KSC တာဝန်ရှိသူများက ‌ပြောသည်။

နဝမတန်းနှင့် ဒသမတန်းသာ လက်ခံထားရှိ‌သော KSC တွင် လက်ရှိ သင်ကြား‌ရေးနှင့် ကြီးကြပ်‌ပေးသည့် ဆရာ၊ ဆရာမ စုစု‌ပေါင်း ၈၄ ဦးရှိပြီး ‌ကျောင်းသား၊ ‌ကျောင်းသူ ၄၄၈ ဦးရှိ‌ကြောင်း KSC တာဝန်ရှိသူများထံမှ သိရသည်။