Home သတင်း ကရင်ပြည်နယ်တွင် (၆) လအတွင်း စိတ်ကြွမူးယစ်‌ဆေးပြား (၃)သိန်း‌ကျော် ဖမ်းဆီးရမိ

ကရင်ပြည်နယ်တွင် (၆) လအတွင်း စိတ်ကြွမူးယစ်‌ဆေးပြား (၃)သိန်း‌ကျော် ဖမ်းဆီးရမိ

3003

ဇွန်လ ၂၆ ရက်၊၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှ ယခု ဇွန်လ ၂ဝ ရက်အထိ ၆ လအတွင်း စိတ်ကြွ‌ဆေးပြား‌ပေါင်း ၃၇၄,၀၀ဝ ပြား ဖမ်းဆီးရမိခဲ့‌ကြောင်း ယ‌နေ့(ဇွန်လ ၂၆ရက်) ဖားအံမြို့တွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေး‌နေ့အခမ်းအနားတွင် ထုတ်ပြန်ထားသည့် ပြည်နယ် ရဲတပ်ဖွဲ့၏ စာရင်းအရ သိရသည်။

ယခုလိုဖမ်းဆီးရမိသည့် မူးယစ်‌ဆေးဝါးအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ပြည်နယ် မူးယစ်တားဆီးနှိမ်နှင်း‌ရေး ရဲတပ်ဖွဲ့ မှ ဒုတိယရဲမှူး ထွန်းထွန်းဦး က“ အခုပြထားတာ‌တွေက ကရင်ပြည်နယ်အတိုင်းအတာ‌ပေါ့‌နော်။ ကျ‌နော် တို့မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်း‌ရေးတပ်ဖွဲ့က တစ်ပြည်လုံးအ‌နေနဲ့‌ပြောရရင် မူးယစ်‌ဆေးက Ice ရယ်လို့မဟုတ်ဘူး။ စိတ်ကြွရူးသွပ်‌ဆေးက‌တော့ ဖမ်းဆီးရမိမှုအများဆုံးပဲ” ဟု‌ပြောသည်။

ပြည်နယ်ရဲတပ်ဖွဲ့ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၁၈ ခုနှစ် ၆ လတာအတွင်း မူးယစ်‌ဆေးအမှု ၂၁၅ မှု၊ တရားခံ ၂၆၆ ဦးနှင့်အတူ ကျပ်သိန်း ၁၇,၂၄ဝ တန်ဘိုးရှိ စိတ်ကြွ‌ဆေးပြား ၃၇၄,၀၀ဝပြား၊ ICE ၇,၄၀ဝ ဂရမ်၊ ဘိန်းဖြူ ၉၆ ဂရမ်တို့အပြင် လက်နက် ၂၄ လက်၊ ခဲယမ်း ၄၆၆ ‌ထောင့်၊ ဗုံး ၂၆လုံး၊ ‌ငွေကျပ်၂၅ သိန်းနှင့် ကား ၂ဝစီး၊ ဆိုင်ကယ် ၂၇ စီးတို့ဖမ်းဆီးရမိ‌ကြောင်း ‌ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်‌ဆေးဝါးများတွင် စိတ်ကြွရူးသွပ်‌ဆေးကို အများဆုံးဖမ်းဆီးရမိသလို မူးယစ် ‌ဆေးဝါး‌ရောင်းဝယ်‌ဖောက်ကားသူအများစုတွင်လည်း လက်နက်ကိုင်‌ဆောင်ပြီး မူးယစ်‌ဆေး ဝါး‌ရောင်းဝယ် မှု များပြားလာ‌ကြောင်းလည်း အမှတ် ၃၁ မူးယစ်တပ်ဖွဲ့စု မူးယစ်တားဆီးနှိမ်နှင်း‌ရေးရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ဦးထွန်းထွန်းဦးက ‌ပြောသည်။

၎င်းက“မူးယစ်‌ဆေးဝါး‌ရောင်းဝယ်‌ဖောက်ကားသူအများစုက သူတို့ကိုသူတို့ကာကွယ်ဖို့ လက်နက်ကိုင်‌ဆောင် ထားတယ် ။ ကရင်ပြည်နယ်မကဘူး တစ်ကမ္ဘာလုံးမှာလည်းအဲလိုပဲ။ ကျ‌နော်တို့ဖမ်းဆီးတဲ့‌နေရာမှာလည်း လက် နက်‌တွေနဲ့အတူဖမ်းဆီးရတာ‌တွေလည်း ပါတယ်။ သူတို့က မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းက ဆိုတာ တိတိကျကျ ထွက်လာတာမရှိဘူး ။ မူးယစ်‌ဆေးဝါး‌ရောင်းချဖို့ သီးသန့် သူတို့လက်နက် ကိုင်တာမျိုးပဲ သွားပြီး‌တော့‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ်တွင် လက်ရှိ ဖမ်းဆီးရမိသည့် မူးယစ်‌ဆေးဝါး‌ရောင်းချသူနှင့် သုံးစွဲသူအများစုမှာ အသက် ၁၈နှစ် မှစကာ အမျိုးသမီးနှင့် အမျိုးသား အသက်အရွယ်မျိုးစုံရှိသလို ၂၀၁၇ ခုနှစ်၊ ဇွန်လမှ ၂၀၁၈ ဇွန်လအထိ ဖမ်းဆီး ရမိသည့် မူးယစ်‌ဆေးဝါး တရားခံ‌ပေါင်း ၇၉၉ဦးတွင် အမျိုးသမီး ၁၂၇ဦး ပါဝင်သည်ဟုလည်း သိရသည်။

ထို့အတူ ပြည်နယ်အတွင်း ဖြစ်‌ပေါ်ကြုံ‌တွေ့‌နေရသည့် မူးယစ်‌ဆေးသုံးစွဲမှုအ‌ခြေအ‌နေများနှင့်ပတ်သက်၍ Youth Power လူငယ့်စွမ်းအားအဖွဲ့မှ အဖွဲ့‌ခေါင်း‌ဆောင် ‌အောင်မိုးလှှိုင်ကလည်း “အ‌ပေါင်းအသင်းမှား‌ကြောင့် လူငယ် ‌တွေပျက်စီးလာတယ် ။ အခုဆိုရင် ကရင်ပြည်နယ်မှာ WY စိတ်ကြွရူးသွပ် ‌ဆေးဆိုရင် တစ်လုံးကို ၁,၅၀ဝ ကျပ်နဲ့အလွယ်တကူဝယ်လို့ရတယ်။ ၇ တန်း ၈တန်း ‌ကျောင်းစိမ်းဝတ်စုံနဲ့ မြင်း‌ဆေးလိုက်ဝယ်တာ လည်း‌တွေ့ဖူးတယ် ။ မိန်းက‌လေးလည်း သုံးစွဲလာတာ များလာတယ် ။ ဖားအံမှာဆိုရင် အမျိုးသားမကပဲ မိဘ‌တွေနဲ့‌ဝေးကွာတဲ့ အမျိုးသမီးလူငယ်‌တွေကလည်း ဒါကိုသုံးတာများလာတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မူးယစ်‌ဆေးဝါးဖမ်းဆီး ရသည့်အ‌ခြေအ‌နေ နှင့်ပတ်သက်၍ ပြည်ရဲတပ်ဖွဲ့ထုတ်ပြန်ထားသည့် စာရင်းအရ ၂၀၁၇ ခုနှစ်တွင် ၅၆၈မှုနှင့် ဖမ်းဆီးရမှုအများဆုံးဖြစ်သည်ဟု ‌ဖော် ပြထားသည်။