Home သတင်း ကရင်ပြည်နယ်တွင် လူငယ်ပြုပြင်‌ရေးစခန်း ယခုနှစ်အတွင်း အ‌ကောင်အထည်‌ဖော်ရန် စီစဉ်‌နေ

ကရင်ပြည်နယ်တွင် လူငယ်ပြုပြင်‌ရေးစခန်း ယခုနှစ်အတွင်း အ‌ကောင်အထည်‌ဖော်ရန် စီစဉ်‌နေ

2220

ဇွန်လ ၁၉ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်အတွင်းရှိ မူးယစ်‌ဆေးစွဲလူနာများအတွက် ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းများ ‌ဆောင်ရွက်နိုင်ရန် လူငယ်ပြုပြင်‌ရေးစခန်းကို ဖားအံစက်မှုဇုံအ‌ရှေ့ဖက် ငြိမ်းချမ်းသာ‌ကျေးရွာတွင် ပြည်နယ်အစိုးရအ‌နေဖြင့် ယခုနှစ်အ တွင်း အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်ရန် စီစဉ်‌နေ‌ကြောင်း သိရသည်။

ပြည်နယ်အတွင်း လူငယ်များ အပါအဝင် မူးယစ်‌ဆေးစွဲသူ လူနာများအား သီးသန့် ပြုစုပျိုး‌ထောင်သည့်‌နေရာများ မရှိ ‌သေးသည့်အတွက် ထိုသို့‌ဆောင်ရွက်ခြင်းဖြစ်‌ကြောင်းနှင့် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရန်ရှိသည့် လူငယ်ပြုပြင် ‌ရေးစခန်း အ‌ခြေအ‌နေများကို ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ယခုလို ‌ပြော သည်။

၎င်းက “ဒီနှစ်နိုင်ငံ‌တော် ပြည်‌ထောင်စုဘတ်ဂျက်နဲ့ အ‌ဆောက်အဦး‌တွေ ‌ဆောက်‌တော့မယ်။ ဘတ်ဂျက်လည်း ကျ‌နေ ပါပြီ။ အ‌ဆောက်အဦး‌တွေ ‌ဆောက်ပြီး ဝန်ထမ်း‌တွေလည်း ခန့်ထားပြီးတာနဲ့ ဒီလုပ်ငန်းစဉ်က လည်ပတ်‌တော့မှာပါ။ စဖွင့်မှာပါ။ တစ်ပြိုင်တည်း လူငယ်‌တွေလက်ခံပြီး‌တော့ သင်တန်းဖွင့်တာ၊ ‌စောင့်‌ရှောက်တာ လုပ်မယ်”ဟု ဆိုသည်။

ယင်းလူငယ်ပြုပြင်‌ရေးစခန်းအတွက် ဘတ်ဂျက်အ‌ခြေအ‌နေနှင့် စတင် ‌ဆောက်လုပ်မည့်အချိန်ကိုမူ ဝန်ကြီး ဦး‌ဇော် မင်းက အတိအကျ ‌ပြောဆိုနိုင်ခြင်းမရှိ‌သော်လည်း ‌မြေဧက ၆.၃၂ဧက‌ပေါ်တွင် အဆိုပါ လူငယ်ပြုပြင်‌ရေးစခန်း၏ လူနာကုသ‌ဆောင် အ‌ဆောက်အဦးများ၊ အိပ်‌ဆောင်များ၊ စား‌သောက်ရိပ်သာ‌ဆောင်၊ စာသင်ခန်းမများအပြင် ဝန်ထမ်း အိမ်ရာများလည်း ပါဝင်မည်ဟု သိရသည်။

လူငယ်ပြုပြင်‌ရေးစခန်းတွင် ပြည်နယ်အတွင်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် မူးယစ်‌ဆေးစွဲ‌နေ‌သော လူငယ်များကို ကျန်း မာ‌ရေးဝန်ကြီးဌာနမှ ဆရာဝန်များဖြင့် ‌ဆေးဖြတ်‌ပေးပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူ‌ထောင်လာ‌စေရန် ‌ဆောင်ရွက်‌ပေးခြင်းနှင့် အသက်‌မွေး‌ကြောင်း ပညာများကိုလည်း သင်ကြား‌ပေးသွားမည်ဖြစ်သည်။

ယခုနှစ်အတွင်း အ‌ကောင်အထည်‌ဖော်မည့် လူငယ်ပြုပြင်‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးစခန်းတွင် မူးယစ်‌ဆေးတစ် မျိုးမျိုး သုံးစွဲဖူးပြီး ကျန်းမာ‌ရေး မညီညွတ်သည့် လူငယ်များ၊ မိမိကိုယ်တိုင် ဆန္ဒအ‌လျောက် ‌ဆေးဖြတ်ချင်သူများ၊ မိသားစုဝင်များမှ လာ‌ရောက်အပ်နှံသူများကို လက်ခံ၍ ကုသ‌ပေးသွားမည်ဖြစ်‌ကြောင်း တာဝန်ရှိသူများထံမှ သိရ သည်။

ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းတွင် မူးယစ်‌ဆေးဝါး ဖြတ်‌တောက်‌ရေးစင်တာ (DARE)ကို လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဖွင့်လှစ်ထားခဲ့ပြီး မူးယစ်‌ဆေး သုံးစွဲကာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ‌ရေး ချို့ယွင်းလာသူ များကို လနှင့်ချီ အချိန်ယူ၍ ‌လေ့ကျင့်ကုသ‌ပေးလျှက်ရှိသည်။