Home သတင်း ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ၅ ဘာသာဂုဏ်ထူး ရရှိသူဦး‌ရေများလာ

ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ၅ ဘာသာဂုဏ်ထူး ရရှိသူဦး‌ရေများလာ

2317

ဇွန်လ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

၂၀၁၇-၁၈ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲရလဒ်အရ ကရင်ပြည်နယ်တွင် ငါးဘာသာ ဂုဏ်ထူးရရှိသူ ယခင်နှစ်ထက် များလာ သည်ဟု ပြည်နယ် ပညာ‌ရေးမှူးရုံးမှ သိရသည်။

ပြီးခဲ့သည့်နှစ် ကရင်ပြည်နယ်တွင် ဂုဏ်ထူးရရှိသည့်အထဲမှ ငါးဘာသာ ဂုဏ်ရရှိသူ ၄ဦးသာ ရှိ‌သော်လည်း ယခုနှစ် ၉ဦးအထိ ရှိလာ‌သော‌ကြောင့် ယခင်နှစ်ထက် ငါးဘာသာ ဂုဏ်ထူးရှင် ၅ဦးတိုးလာခြင်းဖြစ်သည်ဟု ပြည်နယ်ပညာ‌ရေးမှူးရုံးမှ ညွှန်ကြား‌ရေး မှူး ဦးစိုးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“မနှစ်က ပြည်နယ်‌အောင်ချက် ၂၉.၄၇ ရှိတယ်ဆို‌တော့ ‌အောင်ချက်က မနှစ်ကထက်နှှိုင်းယှဉ်ရင် .၀၂ ကျတာ‌ပေါ့‌နော်။ သိပ်မ ကွာဘူး။ ‌အောင်ချက်တူတူ‌လောက်ပဲ ကျတယ်။ ဒါ‌ပေမဲ့ ဂုဏ်ထူးရတဲ့အ‌နေအထားက‌တော့ မနှစ်က ‌ခြောက်ဘာသာ ဂုဏ်ထူး ၁ဦးထွက်တယ်။ ဒီနှစ်က ‌ခြောက်ဘာသာ မထွက်ဘူး။ ငါးဘာသာကျ‌တော့ ဂုဏ်ထူးရလာသူပို များလာတယ်”ဟု ၎င်းက ‌ပြော သည်။

ထို့အပြင် လာမည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်ချက်များလာရန်အတွက် ‌အောင်ချက်နိမ့်သည့် စာသင်‌ကျောင်း များမှ အကျများသည့် ဘာသာရပ်များကိုပြန်လည် စိစစ်ပြီး အ‌ကောင်းဆုံးဖြစ်‌အောင် စီစဉ်သွားမည်ဟုလည်း ဦးစိုးမြင့်က ဖြည့် စွက် ‌ပြောသည်။

တစ်ပြည်နယ်လုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းဝင်‌ရောက်‌ဖြေဆိုသူ ဦး‌ရေ ၁၇,၅၉၃ဦး ရှိသည့်အနက် ‌အောင်မြင်သူ ၅,၁၈၂ဦးရှိကာ ရာခိုင်နှုန်းအရ ၂၉.၄၅ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်း ‌အောင်မြင်သည့် ရာခိုင်နှုန်း ၂၉.၄၇ ရာခိုင်နှုန်းရှိသည့်အတွက် ဝ.၀၂သာ ကွာခြားသည်ဟု သိရသည်။

တစ်နိုင်ငံလုံးအတိုင်းတာအရ တိုင်းနှင့်ပြည်နယ်နှင့် နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစု‌ပေါင်း ၁၉ခုရှိပြီး အဆိုပါစာစစ် ဌာနများထဲမှ ကရင်ပြည်နယ်သည် ‌အောင်ချက် အဆင့် ၁၄တွင်ရှိ‌ကြောင်း မြန်မာနိုင်ငံစာစစ်ဌာန၏ ထုတ်ပြန်ထားသည့် စာရင်း အရ သိရသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း မြို့နယ် ၇မြို့နယ်ရှိရာမှာ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ဖြေဆိုသူ ၁,၆၇၈ဦး ရှိပြီး ‌အောင်မြင် သူ ၆၇၁ ရှိသည့်အတွက် ယခုနှစ် ကရင်ပြည်နယ်အတိုင်းအတာအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌အောင်ချက်အများဆုံး မြို့ နယ်တစ်ခုလည်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း‌အောင်မြင်သူ ၅,၁၂၈ဦးရှိသည့်အထဲတွင် တစ်ဘာသာ ဂုဏ်ထူးရရှိသူ ၁,၁၇၁ဦး၊ နှစ်ဘာသာဂုဏ် ထူးရှင် ၁၃ဝ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၆ဝဦး၊ ‌လေးဘာသာဂုဏ်ထူးရှင် ၂၄ဦးနှင့် ငါးဘာသာ ဂုဏ်ထူးရှင် ၉ဦး ရရှိ‌သော်လည်း ‌ခြောက်ဘာသာ ဂုဏ်ထူးကိုမူ ယခုနှစ်ရရှိသူ မရှိ‌ကြောင်း ကရင်ပြည်နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။