Home သတင်း ကရင်ဒုက္ခသည်စခန်းရှိ အဆင့်မြင့်ပညာ‌ရေး‌ကျောင်းအချို့ ပြည်တွင်းသို့ ‌ပြောင်း‌ရွှေ့ရန်စီစဉ်

ကရင်ဒုက္ခသည်စခန်းရှိ အဆင့်မြင့်ပညာ‌ရေး‌ကျောင်းအချို့ ပြည်တွင်းသို့ ‌ပြောင်း‌ရွှေ့ရန်စီစဉ်

2212

ဇွန်လ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ရပ်တည်ရန် ခက်ခဲလာသည့် ကရင်ဒုက္ခသည်စခန်းအတွင်းရှိ ‌ကော်သူး‌လေ အဆင့်မြင့်ပညာ‌ရေး‌ကျောင်းအချို့သည် မြန်မာပြည်တွင်း နယ်စပ်‌ဒေသများသို့ ပြန်လည်‌ပြောင်း‌ရွှေ့ ရန်စီစဉ်‌နေ‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီဆိုင်ရာ ပညာ ‌ရေးအဖွဲ့ (Karen Refugee Committee Education Entity-KRCEE) က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုက္ခသည်စခန်းရှိ အဆင့်မြင့်ပညာ‌ရေး‌ကျောင်းများအတွက် နိုင်ငံတကာ၏ ‌ထောက်ပံ့‌ပေးမှုများ‌လျော့နည်းလာပြီး ဆက် လက်ရပ်တည်ရန် ခက်ခဲလာသည့်အတွက် ၎င်းတို့ လမ်းညွှန်မှု‌အောက်တွင်ရှိ‌သောအဆင့်မြင့် ပညာ‌ရေး‌ကျောင်းများကို ယခုလို ‌ပြောင်း‌ရွှေ့ရမည့်အ‌ခြေအ‌နေသို့ ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု KRCEE အဆင့်မြင့်ပညာ‌ရေးစီမံခန့်ခွဲ‌ရေးမှူး ‌နော် ‌ဖောမူးက ‌မေလ ၂၉ မှ ၃၁ ရက်‌နေ့အထိ နယ်စပ်တစ်‌နေရာတွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ နှစ်ပတ်လည် အစည်းအ‌ဝေးအပြီး ‌ကေအိုင်စီမှ ‌တွေ့ဆုံ‌မေးမြန်းရာ၌ ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျမတို့ ‌ကျောင်း‌တွေအတွက် World Education, Child Dream စတဲ့အဖွဲ့‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်တယ်။ အခုကျမတို့ ဒုက္ခသည်စခန်း‌ကျောင်း‌တွေအတွက် အဓိက ကူညီ‌ပေးတာ Child Dream တစ်ဖွဲ့ပဲ ကျန်‌တော့တယ်။ ဒါ‌ပေမဲ့ ဒီအဖွဲ့က လည်း ဒုက္ခသည်စခန်းထဲမှာဆက်ကူညီဖို့ စိတ်မဝင်စား‌တော့ဘူး။ ဒါ‌ကြောင့် ဒီနှစ်က ‌နောက်ဆုံးနှစ်ပဲ။ လာမဲ့နှစ်အတွက် ဘယ်မှာအကူအညီရယူရမလဲ‌တော့ ကျမတို့ မသိ‌သေးဘူး။ အဲ့အတွက် ကျမတို့ Community နဲ့ ပြန်ပူး‌ပေါင်း လှုပ်ရှားရမဲ့ အ‌ခြေအ‌နေမှာရှိ‌နေတယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အချို့‌သော ‌ကော်သူး‌လေအဆင့်မြင့် ပညာ‌ရေး‌ကျောင်းများသည် ၂ဝ၁၄ ခုနှစ်မှစကာ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများ ဖြစ်သည့် သထုံ၊ ‌ညောင်‌လေးပင်၊ ဖာပွန်နှင့် ဒူးပလာယာခရိုင်တို့အသီးသီးတွင် ပြန်လည်‌ပြောင်း‌ရွှေ့ အ‌ခြေချခဲ့ပြီဟု KRCEE က ‌ပြောသည်။

အဆိုပါ ပြန်လည် အ‌ခြေချရန် စီစဉ်‌နေ‌သော အဆင့်မြင့် ပညာ‌ရေး‌ကျောင်းများအတွက် အကူအညီ‌ပေးလိုသည့် ကုမ္ပဏီများ၊ တသီးပုဂ္ဂလ အလှူရှင်များနှင့် ပြည်ပ‌ရောက် တစ်ဦးချင်း အလှူရှင်အချို့ထံမှ အကူအညီအချို့ရရှိထားပြီး ဆက်လက်ရရှိရန်အတွက်လည်း ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု ‌နော်‌ဖောမူးက ဆက်‌ပြောသည်။

KRCEE ၏ ၃ ရက်တာ နှစ်ပတ်လည် အစည်းအ‌ဝေးနှင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ဒုက္ခသည်စခန်းတွင်းမှ ‌ကျောင်းဆရာ၊ ဆ ရာမများ၊ ‌ကေအဲန်ယူ ခရိုင် ၇ခုရှိ ‌ကျောင်းဆရာ၊ ဆရာမ များနှင့် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများအပါအဝင် စုစု‌ပေါင်း (၁ဝဝ)ခန့် တက်‌ရောက်ခဲ့ပြီး ပညာ‌ရေးဆိုင်ရာ လုပ်‌ဆောင်ချက်များကို တင်ပြသုံးသပ်ခြင်း၊ အဆင့်မြင့်ပညာ‌ရေး၏ ‌ရှေ့‌ရေး နှင့် ပညာ‌ရေးဆိုင်ရာ ညှိနှိုင်း‌ဆောင်ရွက်မှုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ‌ဆွေး‌နွေးသုံးသပ်အ‌ဖြေရှာခဲ့ကြ သည်ဟု သိရသည်။

မယ်လဒုက္ခသည်စခန်းရှိ (Pu Taw Memorial Junior College -PTMJC ) ‌ကျောင်းဆရာမ ‌နော်ခလားရာက “နှစ်တိုင်း လိုလိုက အဆင်‌ပြေသလို သွား‌နေတာပဲ။ ဒါ‌ပေမဲ့ အခုစိန်‌ခေါ်မှုကြီးလာတာက ကျမတို့ကို ‌ထောက်ပံ့မှု‌လျှော့ချခံ လိုက်ရတာပါ။ ဒါ‌ကြောင့် ‌ကျောင်းဆက်လက် လည်ပတ်နိုင်ဖို့က ‌ကျောင်းအုပ်ကြီးက‌တော့ ကြိုးစား‌နေရတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူနယ်‌မြေနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအပါအဝင် ‌ကော်သူး‌လေ အဆင့်မြင့် ပညာ‌ရေး‌ကျောင်း (၁ဝ) ‌ကျောင်း‌ကျော်ရှိပြီး နှစ်စဉ် ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ၁,ဝဝဝ‌ကျော် ‌မွေးထုတ်‌ပေးလျက်ရှိသည်။ အဆိုပါ ‌ကော် သူး‌လေအဆင့်မြင့် ပညာ‌ရေး‌ကျောင်းမှ ‌မွေးထုတ်‌ပေးလိုက်‌သော ‌ကျောင်းသူ၊ ‌ကျောင်းသားများမှာ မြန်မာအစိုးရမှ အသိအ မှတ်ပြုခြင်းမခံရသည့်အတွက် သက်ဆိုင်ရာ ‌ကေအဲန်ယူဌာနဆိုင်ရာ၊ ကရင်လူမှုအဖွဲ့အစည်းနှင့် NGOs အဖွဲ့အ စည်းများ တွင် ဝင်‌ရောက်လုပ်ကိုင်သူများရှိသလို အချို့မှာ နိုင်ငံခြား တက္ကသိုလ်များနှင့်ချိတ်ဆက်ကာ ပညာ‌တော်သင်အစီအစဉ်ဖြင့် ဆက်လက်ပညာသင်ယူ‌နေသူများ ရှိသည်။