Home သတင်း ကရင်တပြည်နယ်လုံးအတွက် ဘိုးဘွားရိပ်သာဖွင့်လှစ်ရန် အဆင်သင့်ဖြစ်‌နေ

ကရင်တပြည်နယ်လုံးအတွက် ဘိုးဘွားရိပ်သာဖွင့်လှစ်ရန် အဆင်သင့်ဖြစ်‌နေ

2574

ဇွန်လ ၂၆ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ် ဖားအံမြို့ စက်မှုဇုံ အ‌ရှေ့ဘက် ငြိမ်းချမ်းယာသာ‌ကျေးရွာရှိ ̔ဖားအံဘိုးဘွားရိပ်သာ̕ ကို ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်‌နေပြီး အဖိုးအဖွားများ လာ‌ရောက် စာရင်း‌ပေး ‌နေထိုင်သည်နှင့် စတင်ဖွင့်လှစ် ‌တော့မည်ဖြစ်‌ကြောင်း ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ‌ဆောက်တာကလည်း ရာနှုန်းပြည့် နီးပါးပြီးသွားပြီ။ အ‌သေးစိတ်အထဲမှာ ဘိုးဘွား‌တွေ‌နေဖို့ ကုတင်‌တွေ ‌မွေ့ယာ ၊ ခြင်‌ထောင် ၊ ‌စောင် ၊ ‌ခေါင်းအုံး‌တွေ အကုန်ပြည့်စုံ‌နေပြီ။ ဝန်ထမ်းလည်း ခန့်ထားပြီးပြီ ။ အနီးကပ်ကြီးကြပ်မှု ‌ကော်မတီလည်း ဖွဲ့ပြီးသွားပြီ။ ‌ကော်မတီက အဖိုးအဖွား ‌တွေကို ‌စောင့်‌ရှောက်ပြီး လက်ခံ‌ပေးဖို့ ကြိုတင်ပြင်ဆင်မှု‌တွေလည်း လုပ်ပြီးသွားပြီ”ဟု ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်း က‌ပြောသည်။

ပြည်နယ်အစိုးရအ‌နေဖြင့် သက်ဆိုင်ရာ ရပ်‌ကျေးအုပ်ချုပ်‌ရေးမှူးများအား အ‌ကြောင်းကြားထားပြီ ဖြစ်သည့် အပြင် အ‌ကြောင်းအမျိုးမျိး‌ကြောင့် အားနည်းချက်ရှိ‌သော ဘိုးဘွားများအား‌တွေ့ရှိပါက ပြုစု‌စောင့် ‌ရှောက်နိုင် ရန် လူမှုဝန်ထမ်းဦးစီးဌာနသို့ မည်သူမဆို စာရင်းသွင်းပြီး လာ‌ရောက်အပ်နှံနိုင်‌ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။

“‌ခေတ်စနစ် ‌တွေကလည်း ‌ပြောင်းလဲလာတယ်။ အရင်တုန်းက ဘိုးဘွား‌တွေက ကိုယ့်ရပ်ရွာထဲမှာပဲ ‌နေကြတယ်။ ခုက ခိုကိုးရာမဲ့ ‌နေထိုင်မ‌ကောင်းတဲ့ ဘိုးဘွား‌တွေ ရှိလာတယ်။ ‌ကျော‌ထောက်‌နောက်ခံ သားသမီး ‌တွေက ဘိုးဘွာ‌တွေကို ဝ‌အောင် မ‌ကျွေးနိုင်ဘူး။ မ‌စောင့်‌ရှောက်နိုင်ဘူး ။ အဲ့လို ဘိုးဘွား‌တွေကို ‌စေတနာရှင်နဲ့ နိုင်ငံ‌တော်က ဘိုးဘွား‌တွေကို ‌စောင့်‌ရှောက်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်တာဖြစ်တယ် ” ဟု ဦး‌ဇော်မင်းက ဆက်‌ပြောသည်။

ဖွင့်လှစ်ရန်ရှိသည့် ယခုဘိုးဘွားရိပ်သာကို ‌စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှုများနှင့် အတူ ကရင်ပြည်နယ်အစိုးရ၏ ဦး‌ဆောင်လမ်းညွှန်မှုများဖြင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လတွင် အ‌ဆောက်အဦး စတင် ‌ဆောက်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့အပြင် ယခုဘိုးဘွားရိပ်သာအတွက် ပြည်နယ်အစိုးရမှ မူဝါဒများ ချမှတ်ပြီး စည်းစနစ်တကျဖြင့် ဘိုးဘွားများအား ကျန်းမာ‌ရေး ညီညွတ်‌စေရန် အာဟာရ မျှတ‌အောင် ချက်ပြုတ် ‌ကျွေး‌မွေးခြင်း ၊ ကိုးကွယ် ရာ ဘာသာအလိုက် ‌နောက်ဆုံးအချိန်တွင် ဘုရားရှိခိုးခြင်း၊ တရားအားထုတ်‌စေခြင်း အပြင် ‌နေ့စဉ်ကျန်းမာ‌ရေး အထူး‌စောင့်‌ရှောက်မှုများကို ‌ဆောင်ရွက်‌ပေးမည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

လက်ရှိတွင် ဘိုးဘွားရိပ်သာအတွက် ဝန်ထမ်း ၃ ဦး‌ရွေးချယ်ခန့်ထားပြီဖြစ်ပြီး ဘိုးဘွားများအား အ‌ခြေခံပြုစု ပျိုး‌ထောင်သည့် လိုအပ်သည့် နည်းလမ်းများကို သိရှိ‌စေရန် ယခု‌ရွေးချယ်ထားသည့် ဝန်ထမ်းများကို ရန်ကုန်မြို့တွင် စနစ်တကျ သင်တန်း ‌ပေးမှုများပြုလုပ်ထားပြီးဖြစ်‌ကြောင်းလည်း သိရသည်။

အလှူရှင်များ၏ အကူအညီဖြင့် ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်သာမှာ ဘုရားသုံးဆူမြို့တွင် တစ်ခုရှိ‌နေပြီဖြစ်ပြီး ယခုဖွင့်လှစ်မည့် ဘိုးဘွားရိပ်သာမှာ ကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရ၏ ဦး‌ဆောင်စီစဉ်မှုဖြင့် ပထမဆုံးစတင်ဖွင့်လှစ်မည့် ဘိုးဘွားရိပ်သာဖြစ်လာမည်ဖြစ်သည်။