Home သတင်း ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများကို စီးပွား‌ရေးလုပ်ပိုင်ခွင့်အာဏာ အပြည့်‌ပေးရန် ENAC တိုက်တွန်း

ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများကို စီးပွား‌ရေးလုပ်ပိုင်ခွင့်အာဏာ အပြည့်‌ပေးရန် ENAC တိုက်တွန်း

2481

ဇွန် ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

အနာဂတ် ဖက်ဒရယ် ဒီမိုက‌ရေစီနိုင်ငံတည်‌ဆောက်ရာတွင် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးများကို စီးပွား‌ရေးဆိုင်ရာ လုပ်ပိုင် ခွင့်အာဏာ အပြည့်အဝ‌ပေးရန် တိုက်တွန်းအကြံပြုလိုသည်ဟု တိုင်းရင်းသားလူမျိုး‌ရေးရာစင်တာ (ပြည်‌ထောင်စုမြန်မာ နိုင်ငံ-ENAC) အမှု‌ဆောင် ဒါရိုက်တာ ဇိုသုန်းမှုန်က ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇွန် ၁၄ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်၌ တိုင်းရင်းသားလူမျိုး‌ရေးရာစင်တာက သု‌တေသနပြုစု ထုတ်‌ဝေသည့် အနာဂတ် ဖက်ဒရယ်ဒီမို က ‌ရေစီ ပြည်‌ထောင်စု တည်‌ဆောက်ရာတွင် အ‌ခြေခံသင့်သည့် ကဏ္ဍအလိုက် မူဝါဒ အကြံပြုချက်နှင့် ဘဏ္ဍာ ‌ရေးဖက်ဒရယ်စနစ် သု‌တေသန စာတမ်း မိတ်ဆက်ပွဲတွင် စင်တာ အမှု‌ဆောင်ဒါရိုက်တာ ဇိုသုန်းမှုန် ယခုလို ‌ပြောသည်။

၎င်းက “ ဖက်ဒရယ်ဆိုတာ ပူး‌ပေါင်း‌ရေးဖြစ်တယ်။ အတူတူ‌နေထိုင်ရ‌အောင်ဆိုတဲ့ မူဖြစ်ပါတယ်။ ဒါ‌ပေမဲ့ နိုင်ငံ‌ရေးအာဏာ ခွဲ‌ဝေရမယ်။ ဒါနဲ့ မလုံ‌လောက်ဘူး။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ ပြည်‌ထောင်စု အား‌ကောင်း‌အောင်လုပ်ဖို့ဆိုရင် စီးပွား‌ရေး ဆိုင်ရာ အာဏာလည်းခွဲ‌ဝေဖို့ လိုတယ်။ ပြည်နယ်များ၊ တိုင်း‌ဒေသကြီးများ စီးပွား‌ရေးနဲ့ ဆိုင်တဲ့ လုပ်ပိုင်ခွင့်ကို အကန့်အ သတ်မထားသင့်ဘူး။ အပြည့်အဝလုပ်ပိုင်ခွင့်အာဏာ‌ပေးသင့်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်” ဟု ‌ပြောသည်။

ENAC စင်တာက တတိယအကြိမ် ထုတ်‌ဝေသည့် အဆိုပါ ကဏ္ဍအလိုက်မူဝါဒ အကြံပြုချက်စာတမ်းတွင် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ ‌မြေယာ၊ စီးပွား‌ရေးဆိုင်ရာ အခွန်၊ ကုန်သွယ်‌ရေး၊ စွမ်းအင် စသည့် ကဏ္ဍ ၁၁ ခုအတွက် မူဝါဒအကြံပြုချက်များ အ‌သေးစိတ်‌ဖော်ပြထားသည်။

ထို့အပြင် စာမျက်နှာ ၁၇၂ မျက်နှာပါရှိသည့် ဘဏ္ဍာ‌ရေးဖက်ဒရယ်စနစ် သု‌တေသနစာတမ်းတွင် ပြည်‌ထောင်စု အဆင့်နှင့် ပြည်နယ်၊ တိုင်း‌ဒေသ ကြီးများအကြား အခွန်‌ကောက်ခံ‌ရေး၊ ဘဏ္ဍာ‌ငွေခွဲ‌ဝေသုံးစွဲမှုနှင့် ဘဏ္ဍာ‌ငွေလွှဲ ‌ပြောင်းမှုဆိုင်ရာ များနှင့် ပတ်သက်၍ စဉ်းစားအကြံပြုချက်များကို ‌ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဘဏ္ဍာ‌ရေး စနစ်ကို ကြည့်မည်ဆိုပါက ၂၀၁၅ ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပ‌ဒေအရ ဖွဲ့စည်းပုံဥပ‌ဒေ ‌နောက်ဆက်တွဲ ဇယား ၂ တွင် ပြည်နယ်များကို ဥပ‌ဒေပြုခွင့် ၃၅ ခုထိ တိုး‌ပေး‌သော်လည်း လက်‌တွေ့အ‌ကောင် အထည် ‌ဖော်ရာတွင် ရှင်းလင်းမှုမရှိသည်များကို ‌တွေ့ရသည်ဟု ဘဏ္ဍာ‌ရေးဆိုင်ရာ ဖက်ဒရယ်စနစ်သု‌တေသနစာတမ်းပြုစုသူ နန်း ‌အေး‌အေးသွယ်က ‌ပြောသည်။

၎င်းက “ ဥပမာ ပညာ‌ရေးဆို တခုလုံး‌ပေးတာ မဟုတ်ဘူး။ မူလတန်းအဆင့်ကို ပြည်နယ်‌တွေကို လုပ်ပိုင်ခွင့်‌ပေးတယ်။ ‌နောက်‌တွေ့ရှိချက်က ဒီအသုံးစရိတ်တာဝန်‌တွေက ဖွဲ့စည်းပုံထဲမှာ ထည့်ထား‌သော်လည်းပဲ လက်‌တွေ့ အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်တဲ့အခါမှာ ရှင်းလင်းပြတ်သားမှုမရှိတာ‌တွေကို ‌တွေ့ရှိရတယ်။ ဥပ‌ဒေပြုခွင့်ရရသလားဆိုတာ မသဲကွဲဘူး ဖြစ်‌နေတယ်။ ဥပ‌ဒေပြုတာ ပြည်‌ထောင်စုက ပြုပြီး‌တော့ ပြည်နယ်က အ‌ကောင်အထည်‌ဖော်တာ‌လောက်ပဲ ရှိတယ်ဆိုတာ‌တွေ့ရှိရတယ်” ‌ပြောသည်။

အဆိုပါ သု‌တေနစာတမ်းမိတ်ဆက်ပွဲအခမ်းအနားသို့ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ် များနှင့် ENAC စင်တာမှတာဝန်ရှိသူများ အပါအဝင်စုစု‌ပေါင်း ၁၅ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ ကရင်အမျိုးသားပါတီမှအ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “ဒီစာတမ်း‌တွေက ၂၁ ရာစု ပင်လုံညီလာခံမှာ ‌ဆွေး‌နွေးတဲ့အခါ အ‌ထောက်အကူပြုတယ်။ တိုင်းရင်သား‌တွေအတွက် မှီငြမ်းနိုင်တဲ့ ပြည့်စုံမှုရှိတဲ့ စာတမ်း‌တွေဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တိုင်းရင်းသားလူမျိုး‌ရေးရာ စင်တာအ‌နေဖြင့် ယခုပြုစု ထုတ်‌ဝေသည့် ကဏ္ဍအလိုက်မူဝါဒ အကြံပြုချက် စာတမ်း များသည် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် အ‌ထောက်အကူပြုရန် ရည်ရွယ်ထုတ်‌ဝေခြင်း ဖြစ်သည်ဟု စင်တာ တာဝန်ရှိသူများက ‌ပြောသည်။