Home သတင်း KED နှင့် KTWGတို့ စု‌ပေါင်း၍ ကရင်‌ကျောင်းဆရာ၊ ဆရာ ၈၅ဦး ထပ်မံ‌မွေးထုတ်‌ပေး

KED နှင့် KTWGတို့ စု‌ပေါင်း၍ ကရင်‌ကျောင်းဆရာ၊ ဆရာ ၈၅ဦး ထပ်မံ‌မွေးထုတ်‌ပေး

2208

‌မေလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ကရင်ပညာ‌ရေးဌာန-KED နှင့် ကရင်‌ကျောင်းဆရာ ပူး‌ပေါင်းလုပ်‌ဆောင်မှုအဖွဲ့ -KTWG တို့ဦး ‌ဆောင်ဖွင့်လှစ် သည့် ကရင်‌ကျောင်းဆရာပညာ‌ရေး‌ကောလိပ်-KTTCမှ ယခုနှစ်အတွက် ကရင်‌ကျောင်းဆရာ၊ ဆရာမ ၈၅ဦးကို ထပ်မံ‌မွေးထုတ်‌ပေးနိုင်ခဲ့သည်ဟု သိရသည်။

KTTC ‌ကောလိပ်‌ကျောင်းကို ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်၊ ဟို‌ကေ‌ဒေသနှင့် ဒူးပလာယာ ခရိုင်၊ မဲသ‌ရောခီး‌ဒေသတွင် နှစ်‌ကျောင်းဖွင့်လှစ်ထားပြီး ယခုနှစ်အတွက် ဟို‌ကေ‌ဒေသရှိ ‌ကောလိပ်‌ကျောင်းမှ ‌ကျောင်းဆရာ၊ဆရာမ၂၁ဦးနှင့်မဲသ‌ရောခီး‌ဒေသရှိ ‌ကောလိပ်‌ကျောင်းမှ ၆၄ဦးကို ယခုလ ၁၅ ရက်နှင့် ၁၈ရက်တို့တွင် ‌ကျောင်းဆင်းပွဲနှင့်အတူ အသိအမှတ်ပြုလက်မှတ်အသီးသီး‌ပေးအပ်ခဲ့သည်။

မဲသ‌ရောခီး‌ကောလိပ်‌ကျောင်းအုပ် ဆရာ‌စောဆာ့‌ဂေက “ကျ‌နော်တို့ ‌ဒေသမှာ နှစ်တိုင်း ဆရာ၊ ဆရာမ‌တွေ လိုအပ် တယ်။ ခရိုင်၊ မြို့နယ်က ပညာ‌ရေးမှူး‌တွေက ‌ကျေးရွာ‌တွေမှာ ဆရာ၊ ဆရာမ မရှိတဲ့အခက်အခဲ နှစ်တိုင်း ကြုံ‌တွေ့ ရတဲ့အ‌ပေါ်မှာ တင်ပြ‌တောင်းဆိုလာကြတယ်။ ဒါ‌ကြောင့် ဒီ‌ကျောင်းက‌နေ လိုအပ်တဲ့ ဆရာ၊ ဆရာမ ‌တွေကို ဖြည့်ဆည်းဖို့ နဲ့ ကိုယ့်ကရင်သင်ရိုးညွှန်တမ်းကို အား‌ပေးမြှင့်တင်ဖို့ နှစ်တိုင်း ကျ‌နော်တို့ ‌ကျောင်း ဆရာ၊ ဆရာမ‌တွေကို ‌မွေးထုတ်‌ပေးတယ်”ဟု ယ‌နေ့ပြုလုပ်သည့် မဲသ‌ရောခီး ‌ကျောင်းဆင်းပွဲ၌ ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် ကရင်‌ကျောင်ဆရာ၊ ဆရာမ များ နှစ်စဉ်လိုအပ်ချက်ရှိ‌သော်လည်း ကရင်လူငယ်အများစုမှာ ‌ကျောင်းဆရာလုပ်ငန်းအ‌ပေါ် စိတ်ပါဝင်စားမှုနည်းလာပြီး နှစ်စဉ် သတ်မှတ်ထားသည့် ‌ကျောင်းဆရာ၊ဆရာမ ဦး‌ရေမပြည့်မှီသည့် အခက်အခဲများစွာကြုံ‌တွေ့‌နေရ‌ကြောင်းလည်း ဆရာ‌စောဆာ့‌ဂေက ဆက်‌ပြောသည်။

ယင်း KTTC ‌ကျောင်းဆင်းပွဲတွင် ပညာသင်နှစ် ၂နှစ် ကာလအပြီး ‌အောင်မြင်ခဲ့သည့် ‌ကျောင်းဆရာ၊ ဆရာမ များကို KTWGမှ အသိအမှတ်ပြုလက်မှတ်နှင့် ပညာသင်နှစ် ၂နှစ် အပါအဝင် လက်‌တွေ့ကာလ စုစု‌ပေါင်း ၅ နှစ် ‌အောင်မြင်ခဲ့သည့် ‌ကျောင်းဆရာ၊ ဆရာမများကို KED ကရင်ပညာ‌ရေးဌာနမှ ဒီပလိုမာ (Diploma) ဘွဲ့‌ပေးအပ်ခဲ့သည်။

အဆိုပါ ‌ကျောင်းတွင် တက်‌ရောက်ပညာသင်ယူကြသည့် ‌ကျောင်းဆရာ၊ ဆရာမများကို KEDမှ ပြဌာန်း သတ်မှတ်ထားသည့် ဘာသာရပ် ၇ ခုဖြစ်‌သော KG တန်းမှ အထက်တန်းအထိပါဝင်သည့် ကရင်၊ အဂင်္လိပ်၊ မြန်မာ၊ သိပ္ပံ၊ သချင်္ာ၊ ပထဝီဝင်၊ သမိုင်းဘာသာရပ်များနှင့် သင်ကြာ‌ရေးနည်းစနစ်များကို စာ‌တွေ့၊ လက်‌တွေ့ သင်ကြား‌ပေးပြီး ‌ကေအဲန်ယူ၏ ခရိုင် (၇)ခုမှ KED ပညာ‌ရေးဌာန‌အောက်ရှိ ‌ကျောင်းဆရာ၊ ဆရာမ များနှင့် နယ်စပ် ဒုက္ခသည်စခန်းရှိ ဆရာ၊ ဆရာမများကို ‌ခေါ်ယူသင်ကြား‌ပေးခြင်းဖြစ်သည်။

KTTC ‌ကောလိပ်ကို ၂နှစ်ပြီး‌မြောက် ‌အောင်မြင်ခဲ့သည့် ‌စောချစ်ချစ်မိုးက “ဒီ‌ကျောင်းကို ကျ‌နော်‌ရွေးချယ် ဖြစ် တာက ကျ‌နော့်အ‌မေက ကျ‌နော့်ကို‌ပြောတယ်။ ရွာထဲမှာ ဆရာ‌တွေလိုအပ်‌နေတယ်။ ရွာမှာက ပညာတတ် ‌တွေနည်းတယ်။ ရွာကသားကို လိုအပ်‌နေတယ်‌ပေါ့။ ကျ‌နော့်အ‌နေနဲ့လည်း ‌ကျောင်းဆရာကို ဝါသနာ ပါတာ ‌ကြောင့် ဆယ်တန်း‌အောင်ပြီး ဒီ‌ကျောင်းကိုလာတက်ဖြစ်တာပါ။ ဒီ‌ကျောင်းပြီးသွားပြီးဆို‌တော့ ကျ‌နော့်ကို လိုအပ် တဲ့သူ‌တွေဆီကို ပညာ‌တွေပြန်‌ဝေမျှသွား‌ပေးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KTTC ‌ကောလိပ်‌ကျောင်းကို ယခင် ‌ကေအဲန်ယူဌာနချုပ်‌ဟောင်းမာနယ်ပ‌လောတွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ခုတွင် မာနယ်ပ‌လောကျသွားပြီး‌နောက်ပိုင်း ၂၀၀၂ ခုနှစ်မှစ၍ KTWGနှင့်KEDတို့ပူး‌ပေါင်းပြီး ဒုက္ခသည်စခန်း၌ ပြန် လည်စတင်တည်‌ထောင်ဖွင့်လှစ်ခဲ့ရာ ၂၀၁၆ ခုနှစ်မစ၍ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေအတွင်းသို့ ‌ပြောင်း‌ရွှေ့ဖွင့် လှစ်ခဲ့သည်။ KTWG ထုတ်ပြန်ထားသည့် ၂၀၁၇-၁၈ ပညာသင်နှစ်စာရင်းအရ ‌ကေအဲန်ယူနယ် ‌မြေအတွင်း KED ပညာ‌ရေး လက်‌အောက်တွင် ‌ကျောင်း‌ပေါင်း (၁,၅၈၆)‌ကျောင်းမှ ‌ကျောင်းသူ၊ ‌ကျောင်းသား ‌ပေါင်း ၁၈၁,၄၉၃ ဦးကို ‌ကျောင်းဆရာ၊ ဆရာမ‌ပေါင်း ၁၁,၂၁၉ဦးမှ ပညာသင်ကြား‌ပေးလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်‌ပေါ်လာသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်အတူ ‌ကေအဲန်ယူ၏ နယ်‌မြေ ကရင်ပညာ‌ရေး ဌာန-KED လက်‌အောက်ရှိ စာသင်‌ကျောင်းများတွင် အစိုးရပညာ‌ရေး ဝန်ထမ်းများ ဝင်‌ရောက်လာမှု၊ ပညာ‌ရေးဌာန နှစ်ခုအကြား သင်ရိုးညွှန်းတမ်းမတူညီမှုအပြင် အသိအမှတ်ပြုမှုနှင့် ကူညီ‌ထောက်ပံ့မှု မတူညီ သည့်အ‌ပေါ် လက်တ‌လောတွင် ပညာ‌ရေးဆိုင်ရာ စိန်‌ခေါ်မှုများစွာကြုံ‌တွေ့‌နေရ‌ကြောင်း KTWG ဆိုသည်။