Home သတင်း ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ခေါင်း‌ဆောင်မှုသင်တန်း သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းဖွင့်မည်

ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ခေါင်း‌ဆောင်မှုသင်တန်း သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းဖွင့်မည်

2772

‌မေ ၁ဝရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသားလူငယ်များ တက်‌ရောက်သင်ကြားနိုင်သည့် ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ခေါင်း‌ဆောင်မှု သင်တန်း (Peace Leadership & Research Institute) ကို သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းက ဖွင့်လှစ်မည်ဟု အမှု‌ဆောင် ဒါရိုက်တာ ‌စောမျိုးမင်းသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “သင်တန်းရဲ့ အဓိကရည်ရွယ်ချက်က‌တော့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ပဲဖြစ်ဖြစ်၊ အမျိုးသားပြန်လည်ရင်ကြား ‌စေ့‌ရေးနဲ့ ကိစ္စရပ်‌တွေမှာ ဆုံးဖြတ်ချက်ချတဲ့အခါ သု‌တေသန ရလဒ်နဲ့ စနတ်တကျ ဆုံးဖြတ် နိုင်‌အောင်‌ပေါ့။ ‌နောက် ဖက်ဒရယ်လို‌ပြောလိုက်ရင် ဖက်ဒရယ်ဆိုတာဘာလဲ၊ ဖက်ဒရယ်ပညာ‌ရေးဆိုတာ ဘာလဲ ဒါကို နားလည်‌အောင် တိုင်းရင်းသားလူငယ်‌တွေကို အဓိက ထားသင်ကြား‌ပေးသွားမှာ ဖြစ်တယ်” ဟု ‌ပြောသည်။

အဆိုပါ သင်တန်းသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ လူငယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ တိုင်းရင်းသား‌ဒေသရှိ လူမှုအဖွဲ့အစည်းများမှ ဘွဲ့ရ၊ ဘွဲ့ကြိုလူငယ်များ တက်‌ရောက်နိုင်ပြီး သင်တန်းကာလမှာ တစ်နှစ်ကြာ ဖွင့်လှစ်မည် ဖြစ်သည်။

သင်တန်းကို ရန်ကုန်မြို့ရှိ သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းတွင် ည‌နေပိုင်းနှင့် စ‌နေ၊ တနဂင်္‌နွေ‌နေ့များတွင် ဖွင့်လှစ် သွားမည်ဖြစ်ကာ နယ်မှ သင်တန်းတက်‌ရောက်ရန် ‌ရွေးခံရသူများကို ‌နေထိုင်နိုင်‌ရေးအတွက် ‌ဖောင်‌ဒေးရှင်းက စီစဉ်‌ပေးသွားဖြစ်သလို တက်‌ရောက်ရန် ‌ရွေးချယ်ခံရသူများကို သင်တန်း‌ကြေး စ‌ကောလားရှစ်‌ပေးအပ်သွားမည် ဖြစ်သည်ဟု သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်း တာဝန်ရှိသူများက ‌ပြောသည်။

သင်တန်းတက်‌ရောက်ရန် စိတ်ပါဝင်စားသည့် ကရင်လူငယ်‌လေးများနှင့် တိုင်ရင်းသားလူငယ်များအ‌နေဖြင့် သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်း အင်တာနက်စာမျက်နှာတွင် ‌လျှောက်လွှာပုံစံရယူကာ အီး‌မေးလ်ပို့‌လျှောက်ထား နိုင်သလို လူကိုယ်တိုင်လည်း လာ‌ရောက်‌လျှောက်ထားနိုင်‌ကြောင်း သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းထံမှ သိရ သည်။