Home သတင်း ၄ မြို့ နယ် ‌နွေရာသီ အဂင်္လိပ်စာ-ကရင်စာ စု‌ပေါင်း သင်တန်းဆင်းပွဲ ကျင်းပ

၄ မြို့ နယ် ‌နွေရာသီ အဂင်္လိပ်စာ-ကရင်စာ စု‌ပေါင်း သင်တန်းဆင်းပွဲ ကျင်းပ

2749

‌မေ ၁၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌မြောက်ပိုင်းခရိုင်၊ ၄ မြို့နယ် ‌နွေရာသီ အဂင်္လိပ်စာ – ကရင်စာစု‌ပေါင်း သင်တန်းဆင်းပွဲ ကို ထန်းတပင်မြို့နယ်၊ ကျွဲကူး‌ကျေးရွာအုပ်စု၊ ‌မြောက်လွတ်ကုန်းရွာရှိ ‌အောင်မဂင်္လာ ဓမ္မာရုံ၌ ‌မေ ၁၂ ရက်‌နေ့ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

ရန်ကုန်‌မြောက်ပိုင်းခရိုင် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီဥက္ကဌ ‌စော‌မောင်တိုးက “ ကျ‌နော်တို့ ဒီသင်တန်းကို ခရိုင်စာ/စာယဉ် အစီအစဉ်နဲ့ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ခဲ့တာပါ။ ‌ခေတ်လိုအပ်ချက်အရ ကရင်စာအပြင် အဂင်္လိပ်စာ ကိုလည်း ပထမဆုံးအကြိမ် သင်‌ပေးဖို့စီစဉ် နိုင်ခဲ့ပါတယ်။ အခုက ‌မှော်ဘီ၊ တိုက်ကြီး၊ အင်းစိန်နဲ့ ထန်းတပင်မြို့ နယ်က သင်တန်းသား‌တွေပါ ဝင်ပြီး‌တော့ စု‌ပေါင်းသင်တန်းဆင်းပွဲ လုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်း သဉ်ဇာမျိုး၊ ထန်းတပင်မြို့နယ် အမှတ် ၂ တိုင်း‌ဒေသကြီးလွှတ်‌တော် ကိုယ်စားလှယ် ဦး‌ဌေး‌မော်၊ ရန်ကုန်တိုင်း ‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ တွဲဖက်အတွင်း‌ရေးမှူး ၂ ‌စောဘိုဘိုနှင့် ခရိုင်၊ မြို့နယ် အဆင့် စာ/ယဉ် တာဝန်ရှိသူများ စုစု‌ပေါင်း ၂၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက “အခုလို ‌မြောက်ပိုင်းခရိုင် ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု ‌ကော်မတီအ‌နေနဲ့ အစိုးရကို အားမကိုးပဲ ကိုယ့်ဘာသာကိုယ် သင်တန်းဖွင့်တဲ့အ‌ပေါ် ဝမ်း‌မြောက် ဂုဏ်ယူတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ကျမ‌မျှော်မှန်းခဲ့တဲ့ စာယဉ် ‌ကော်မတီ‌တွေ ကိုယ့်ဘာသာကိုယ် ရပ်တည်‌ရေး အ‌ကောင်အထည်‌ဖော်လာတာ‌တွေ့ရတယ်။ အခု အဂင်္လိပ်စာပါ သင်ကြားတာ‌တွေ့ရလို့ အစိုးရအဖွဲ့က‌နေ အဂင်္လိပ်စာသင်တန်းအတွက် ကျပ် ၁ဝ သိန်း ပံ့ပိုးသွားမယ်” ဟု ‌ပြောသည်။

ထန်းတပင်မြို့နယ်သည် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်တစ်ခု ဖြစ်ကာ ‌ခေတ်လို အပ်ချက်အရ အဂင်္လိပ်စာသည် က‌လေးများအတွက်တတ်‌မြောက်ရန် အ‌ရေးကြီးပြီး ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီက သင်တန်းဖွင့်နိုင်သည့်အတွက် အားရသလို ဆက်ဖွင့်နိုင်‌အောင် လုပ်‌ဆောင်သွား မည်ဟု ထန်းတပင်မြို့နယ် အမှတ် ၂၊ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် ဦး‌ဌေး‌မော်က ‌ပြောသည်။

အဆိုပါ သင်တန်းကို မတ် ၁၁ ရက်မှ ‌မေ ၁၁ ရက်ထိ နှစ်လကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ‌မှော်ဘီ၊ တိုက်ကြီး၊ အင်းစိန်နှင် ထန်းတပင်မြို့နယ်အတွင်းမှ သင်တန်းသူ၊ သင်တန်းသား ၈ဝ ဦး‌ကျော်တက်‌ရောက်ခဲ့သည်။