Home သတင်း မြစ်ဝကျွန်း‌ပေါ် ပိုးကရင်စာ‌ပေ သင်ရိုး ညွှန်းတမ်းဖြစ်‌မြောက်‌ရေး‌ကော်မတီ ဖွဲ့စည်း

မြစ်ဝကျွန်း‌ပေါ် ပိုးကရင်စာ‌ပေ သင်ရိုး ညွှန်းတမ်းဖြစ်‌မြောက်‌ရေး‌ကော်မတီ ဖွဲ့စည်း

2552

‌မေ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် ပိုးကရင်(ဖလုံး) စာသင်ကြားရာ၌ စနစ်တကျ သင်ရိုးညွှန်းတမ်းများ ထွက်‌ပေါ်လာ‌ရေးအတွက် ရည်ရွယ်ကာ မြစ်ဝကျွန်း‌ပေါ် ပိုးကရင်စာ‌ပေသင်ရိုးညွှန်းတမ်းဖြစ်‌မြောက် ‌ရေး‌ကော်မတီကို ‌မေ ၂၂ ရက်‌နေ့တွင် စတင်ဖွဲ့စည်းလိုက်သည်ဟု ‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌ခြေခံပညာ‌ကျောင်းများတွင် ပိုးကရင်(ဖလုံး) သင်ကြား‌ရေးနှင့် ပတ်သက်၍ ‌မေ ၂၂ ရက်‌နေ့ည‌နေပိုင်းတွင် ရန်ကုန်မြို့၊ ‌အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄ ရှိ အဂင်္လိပ်-ကရင်-မြန်မာ အဘိဓာန် ရုံးခန်း၌ မြန်မာနိုင်ငံ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီ တာဝန်ရှိသူများပါဝင်သည့် ပိုးကရင်စာ‌ပေ ပညာရှင်များအစည်းအ‌ဝေး၌ ယခုလို ‌ကော်မတီ ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။

‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ” သင်ရိုးညွှန်းတမ်းပြုစုရတဲ့ ရည်ရွယ်ချက်က‌တော့ မျိုးဆက်သစ် ကရင် လူငယ်‌တွေ ကရင်စာ‌ပေကို ‌ရေးတတ်ဖက်တတ် စာ‌ပေအဆင့်က‌နေမှ စာတတ်‌ပေတတ် ဖြစ်‌အောင် စနစ်တကျ ‌ရေးဆွဲမယ်။ ‌ကော်မတီအ‌နေနဲ့ မြစ်ဝကျွန်း‌ပေါ် ပိုးကရင်စာ သင်ရိုးညွန်းတမ်း‌တွေ စနစ်တကျ ဖြစ် ‌အောင် ‌ရေးဆွဲဖို့ ရည်ရွယ်ဖွဲ့စည်းလိုက်တာပါ” ဟု ‌ကေအိုင်စီသို့ ‌မေ ၂၃ ရက်‌နေ့တွင် ‌ပြောသည်။

မြစ်ဝကျွန်း‌ပေါ် ပိုးကရင်စာ သင်ရိုးညွှန်းတမ်းဖြစ်‌မြောက်‌ရေး ‌ကော်မတီတွင် နာယကများအဖြစ် မန်းနဲန္ဒာစာရ၊ ‌မြောင်းမြ‌ကျောင်းတိုက်ဆရာ‌တော်၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဆရာ‌တော်မန်းစံထွန်း၊ ကသလစ် သာသနာမှ ဘီ‌ရှော့ မန်းစိမ်းခီ၊ အဂင်္လီကန် သာသနာပိုင်ချုပ် စတီဗင်မန်းသန်းမြင့်ဦး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း ‌ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီးများနှင့် မန်းစိုးဟန်(‌ကြေးတိုင်နှင့် ‌မြေစာရင်း ညွှန်ချုပ် ငြိမ်း) တို့ ပါဝင်သည်။

ထို့အပြင် ‌ကော်မတီဥက္ကဌအဖြစ် မြန်မာနိုင်ငံ ပိုးကရင်အဖွဲ့ချုပ် စာ‌ပေဌာနတာဝန်ခံ မန်း‌ဒေါက်ကလပ်ကို တာဝန်‌ပေးထားသလို ဒုဥက္ကဌများ အဖြစ် မန်းခင်‌မောင်စိုး (ပန်းတ‌နော်)၊ မန်းကံ‌ဌေး (ကျုံ‌ပျော်)၊ မန်းထွန်းလင်း (‌မြောင်းမြ)၊ အတွင်း‌ရေးမှူး အဖြစ် မန်းသန်းဝင်းဦး (ရန်ကုန်)၊ တွဲဖက်အတွင်း‌ရေးမှူးများ အဖြစ် မန်းစန်းဝင်း(ကန်ကြီး‌ထောင့်)၊ နန့်စိန်ပွား နှင့် ဘဏ္ဍာ‌ရေးမှူးအဖြစ် နန့်ခင်‌အေးဦးတို့ ပါဝင်သည်။

အလားတူ ‌ကော်မတီက သင်ရိုးညွှန်းတမ်းပြုစု‌ရေး အဖွဲ့ကို ထပ်ဆင့် ဖွဲ့စည်းထားပြီး တာဝန်ခံ(၁) အဖြစ် ဆရာ‌တော်မန်း‌ဒေးဗစ်၊ တာဝန်ခံ (၂) မန်း‌နော်တင်နှင့် အဖွဲ့ဝင်များအဖြစ် ဆရာ‌တော် မန်းကြာလွန်း၊ ဆရာ‌တော်မန်းနာပိုလီယံ‌ရွှေလီ၊ စသန်း (ပန်းတ‌နော်)၊ မန်းပြည့်စုံ၊ စာ‌ပေပညာရှင်များအဖွဲ့တွင် ဆရာ‌တော် မန်းစံထွန်း၊ ‌နော်ဆာရှီး၊ မန်းစိုးဝင်း (ဒုညွှန်ချုပ် ငြိမ်း၊ အ‌ခြေခံပညာဦးစီးဌာန) တို့ကိုလည်း အသီးသီးထည့်သွင်း ဖွဲ့စည်းထားသည်။

‌ကော်မတီဥက္ကဌ မန်း‌ဒေါက်ကလပ်က ” အခုသင်‌နေတဲ့ ပိုးကရင် (ဖလုံး) စာက သာမန်အဆင့်ပဲ ဖြစ်‌နေတယ်။ အစိုးရ ပညာ‌ရေးစနစ်သစ်အရ ‌ရေးဆွဲတဲ့ သင်ရိုးကို ကြည့်လိုက်ရင် ‌ကောင်းမွန်တာ‌တွေ့ရတယ်။ ဒါ‌ပေမဲ့ ဒါကို တိုက်ရိုက်ဘာသာပြန်လို့ မရဘူး။ စကားလုံး‌တွေ ‌ရော‌ထွေးသွားမယ်။ အစိုးရသင်ရိုးကို‌တော့ ‌ကျောရိုးယူမယ်။ ကိုယ့် ပိုးကရင်စာ သင်ရိုးကို သီးသန့် အဆင့်မှီ‌အောင်ပြန်‌ရေးမယ်” ဟု ‌ပြောသည်။

ထို့အပြင် ‌ကော်မတီအ‌နေဖြင့် ပထမတန်း ပိုးကရင် (ဖလုံး) သင်ရိုးကို စတင်ပြုစုသွားမည်ဖြစ်ပြီး ပြုစု‌ရေး လုပ်ငန်းစဉ်တွင် အစိုးရသင်ရိုးညွှန်းတမ်းနှင့် ‌ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ပညာ‌ရေးဌာန (KED) သင်ရိုးကိုလည်း ‌လေ့လာသွားမည်ဖြစ်ကာ ကရင်သဒ္ဒါ၊ ကရင်စာအ‌ရေးအသားတို့ကို ကရင့်နည်းဟန် အတိုင်း ပြုစုသွားမည်ဟု ‌ကော်မတီတာဝန်ရှိသူများက ‌ပြောသည်။

လက်ရှိ ရန်ကုန်နှင့် ဧရာဝတီတိုင်း‌ဒေသကြီးတို့တွင် ပိုးကရင် (ဖလုံး) စာကို အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက သင်ကြား‌နေသလို လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ် ဇူလိုင်လတွင် တပြိုင်တည်း စသင်ရန် စီစဉ်ထားသည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။