Home သတင်း ပြည်နယ်ဖွံ့ဖြိုး‌ရေး စီမံကိန်းမှန်သမျှ အဖျက်ချည်းသာ ရင်ဆိုင်‌နေရဟု ဝန်ကြီးချုပ်‌ပြော

ပြည်နယ်ဖွံ့ဖြိုး‌ရေး စီမံကိန်းမှန်သမျှ အဖျက်ချည်းသာ ရင်ဆိုင်‌နေရဟု ဝန်ကြီးချုပ်‌ပြော

2097

‌မေလ ၃ဝရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ပြည်နယ်အတွက် လုပ်‌ဆောင်‌နေသည့် ဖွံ့ဖြိုး‌ရေး စီမံကိန်းမှန်သမျှ အဖျက်များနှင့်သာရင်ဆိုင်‌နေရ‌ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က‌မေလ ၂၉ရက်‌နေ့တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့ သက်တမ်း ဒုတိယတစ်နှစ်တာ ‌ဆောင်ရွက်ချက်၏ သတင်းစာရှင်းလင်းပွဲတွင် ‌ပြောသည်။

ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က “ပြည်နယ်အတွက် ဝိုင်းဝန်းလုပ်ဖို့ အ‌တွေးအ‌ခေါ်မရှိကြ ဘူး။ ဒီလိုအ‌တွေး‌ခေါ်မရှိ ဘဲနဲ့ သူတို့ လုပ်လိုက်လို့ တိုးတက်သွားရင်၊ ဖြစ်သွားရင် ငါတို့ကလှည့်‌ရောက်မလာ‌တော့ဘူး။ ဒီလိုမျိုး‌တွေနဲ့ တစ်ခါထဲ ဘာခွဲတမ်း၊ ခွဲတမ်းလုပ်မယ့် စီမံကိန်းမှန်သမျှ ဟာ ကျမတို့မှာ အဖျက်‌တွေကြီး ပဲ ဖြစ်တယ်။ ပထမ ‌ကျောက်မီး‌သွေးလျှပ်စစ်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ ဝိုင်း ဖျက်တာပဲ”ဟု ‌ပြောသည်။

ကရင်ပြည်နယ် အစိုးရအ‌နေဖြင့် ယခုအစိုးရသစ်လက်ထက် တာဝန်ထမ်း‌ဆောင်‌နေသည့်အချိန်တွင် စီးပွား‌ရေးမူဝါဒ ချမှတ်ပြီး ‌နောက် ပြည်နယ်နှင့် ကိုက်ညီပြီး အကျိုးရှိ‌စေမည့် လုပ်ငန်း ၃ခုဖြစ်‌သော ပထမ လျှပ်စစ်၊ ဒုတိယ လမ်းပန်းဆက်သွယ်‌ရေးနှင့် တတိယ စိုက်ပျိုး‌မွေးမြူတို့ကို အဓိကထားပြီး ဦးစား‌ပေး‌ဆောင်ရွက်‌နေ‌ကြောင်းလည်း ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း‌ပြောကြားသည်။

ထို့အပြင် ပြည်နယ်စီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်သည့် လျှပ်စစ်ထုတ် ‌ကျောက်မီး‌သွေးစက်ရုံ စီမံကိန်းမဖြစ်‌သေး ‌သော်လည်း ယခင် မီးမရရှိသည့် ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့်မြို့များတွင် ၂၄နာရီ မီးရရှိ‌အောင် လုပ်‌ဆောင်နိုင်ခဲ့ ‌ကြောင်းလည်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ကရင်ပြည်နယ်အစိုးရအ‌နေဖြင့် ၎င်းတို့တာဝန်ယူထားသည့် သက်တမ်း ၂နှစ်‌ကျော်ကာလအတွင်း အခြားပြည်နယ်ဖွံ့ဖြိုး တိုး တက်‌ရေးအတွက် လုပ်‌ဆောင်သည့် ကြိုးပမ်းမှုများထဲမှ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်‌ရေးလုပ်ငန်းများ သိသိသာသာ တိုးတက်‌ကောင်းမွန်လာသည်ဟုလည်း ပြည်နယ်အတွင်းရှိ ပြည်သူလူထုက သုံးသပ်‌ပြောဆို‌နေကြသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက “ပြည်နယ်မှာ လမ်းပန်းတစ်ခုပဲ အ‌ရေးကြီးသ လား။ ကျန်တာ‌တွေ‌ကော လုပ်ဖို့ မသင့်ဘူးလား။ တိုးတက်ဖွံ့ဖြိုး‌အောင် တ‌ပြေးညီလုပ် ‌ပေါ့။ ထိုနည်းတူတိုးတက်‌အောင် လုပ်ဖို့ မလိုဘူးလား‌ပေါ့။ ‌နောက်တစ်ခုက ဘယ်စီမံကိန်းမဆို ပြည်သူ‌တွေက မကြိုက်ရင်၊ သူများ‌တွေက သ‌ဘောမတူရင် ‌ဝေဖန်မှာပဲ။ သူများ‌ဝေဖန်ပြီဆိုရင် တစ်ခုခုချို့ယွင်း‌နေပြီး‌ပေါ့ဆိုတာ သ‌ဘော‌ပေါက်ဖို့လိုတယ်‌လေ။”ဟု ‌ပြောသည်။

ထို့အတူ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် ယခု အအစိုးရသက် တမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ၆ခု ခန့် လုပ်‌ဆောင်ရန် ရည်ရွယ် ထား‌သော်လည်း အဆိုပါ ရင်းနှီးမြှုပ်နှံမှုအ တွက် အဓိကလိုအပ် သည့် လျှပ်စစ်မီးမှာ အခက်အခဲဖြစ်‌နေဆဲဟု ပြည်နယ်ဝန်ကြီး ချုပ်က ‌ပြောသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြုပြင်‌ပြောင်းလဲမှုနှင့် တိုးတက်မှုအ‌ခြေအ‌နေများကို ပြည်သူများ သိရှိ‌စေရန် ဒုတိယနှစ်သက်တမ်း တစ်နှစ်တာ ‌ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဌာနဆိုင်ရာဝန်ကြီးများ၊ ပြည်နယ်လွှတ်‌တော်ဥက္ကဌနှင့် လွှတ်‌တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန် ရှိသူများအပြင် မီဒီယာအဖွဲ့ ၁၅ဖွဲ့မှ သတင်း‌ထောက်များ တက်‌ရောက်ခဲ့ကြသည်။