Home သတင်း ‌မြေယာတိုင်းထွာမှုနှင့်‌မြေယာပြဿနာ‌ဖြေရှင်းမှုများကို ဦးစား‌ပေးလုပ်‌ဆောင်ရန် KNU လယ်ယာဌာနဆုံးဖြတ်

‌မြေယာတိုင်းထွာမှုနှင့်‌မြေယာပြဿနာ‌ဖြေရှင်းမှုများကို ဦးစား‌ပေးလုပ်‌ဆောင်ရန် KNU လယ်ယာဌာနဆုံးဖြတ်

2155

‌မေလ ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ပြည်သူလူထုများ စနစ်တကျ‌မြေယာပိုင်ဆိုင်ခွင့်ရရန်နှင့် ယခုနှစ်အတွင်း ‌ပေါ်‌ပေါက်လာသည့် နှစ်ဖက်‌ရော ‌နှောအုပ်ချုပ် နယ်‌မြေရှိ ‌မြေယာပြဿနာများကို ဦးစား‌ပေးလုပ်‌ဆောင်‌ပေးသွားရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လယ်ယာ စိုက်ပျိုး‌ရေးဌာန၏ ‌မေလ ၃ဝ ရက်(ယမန်‌နေ့) ‌နေ့က ဖားအံခရိုင်၊ ကလို‌ယော်ထာ့၌ ပြုလုပ်ပြီးစီးခဲ့သည့် ၁၂ ကြိမ်‌မြောက် နှစ်ကုန်အစည်းအ‌ဝေး၌ ဆုံးဖြတ်လိုက်သည်။

‌ကေအဲန်ယူနယ်‌မြေအတွင်းရှိ ပြည်သူလူထုများသည် ‌မြေယာဂရံ(Land Grant)ကို ထုတ်‌ပေးနိုင်ရန် အတွက် လိုအပ်သည့် ‌မြေယာတိုင်းထွာမှုလုပ်ငန်းများကို ‌တောင်းခံမှုများစွာရှိ‌နေသလို ယခုနှစ်မှစကာ ‌ကေအဲန်ယူနှင့် အစိုးရ ‌ရော‌နှော အုပ်ချုပ် နယ်‌မြေအတွင်း ‌မြေယာပြဿနာကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ထိပ်တိုက်မှုများရှိလာ‌ကြောင်း ‌ကေအဲန်ယူ လယ်ယာစိုက်ပျိုး ‌ရေးဌာနအတွင်း‌ရေးမှူး ပဒို‌စောလယ်‌စေးက ‌ပြောသည်။

“ကျ‌နော်တို့ ဗဟိုခရိုင်အသီးသီးက ချမှတ်ထားတဲ့လုပ်ငန်းစဉ်အတိုင်း ‌မြေယာတိုင်းထွာမှုကို ဆက်လက်ဦးစား‌ပေးလုပ် ‌ဆောင်သွားမယ်။ ‌နောက်ပြီး‌တော့ ကျ‌နော်တို့ ထိစပ်နယ်‌မြေအချို့မှာ အခုဆိုရင် ‌မြေယာပြဿနာ‌တွေ ‌ပေါ်‌ပေါက်လာတယ်။ အစိုးရဘက်က ရပ်‌ကျေးအုပ်ချုပ်‌ရေးမှူး‌တွေနဲ့ မြို့နယ်‌မြေတိုင်းဌာနတို့‌ပေါင်းပြီး‌တော့မှ ပြည်သူလူထု‌မြေ‌တွေကို အကွက်ချ ‌ရောင်းစား‌နေတာ‌တွေ ရှိ‌နေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌မြေယာပြဿနာများသည့် ယခုနှစ်မှစ၍ KNU၏ ဖားအံခရိုင်၊ ဒူပလာယာခရိုင်နှင့် သထုံခရိုင်များတွင် အများဆုံး ကြုံ‌တွေ့‌နေရပြီး အလားတူ အစိုးရမှ ‌မြေယာများလာ‌ရောက်တိုင်းထွာ‌ပေးမှုများ‌ကြောင့် ပြည်သူအချင်းချင်းအကြား ‌မြေယာ အငြင်းပွားမှုများရှိ‌နေ‌ကြောင်း၊ ၎င်းပြဿနာများကို သွား‌ရောက်‌တွေ့ဆုံ‌ဖြေရှင်းရာ၌ အထက်အမိန့်အရ လုပ်‌ဆောင်ရခြင်း ဖြစ်ခြင်းအ‌ပေါ် လာ‌ရောက်တားမြစ်ပိတ်ပင်‌ပြောဆိုခြင်းမပြုလုပ်နိုင်‌ကြောင်း ပြန်လည်တုံ့ပြန်‌ပြောဆိုမှုများ ရှိသည်ဟု ပဒို‌စောလယ်‌စေးက ဆက်‌ပြောသည်။

‌မေလ ၂၈မှ ၃ဝရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ၎င်းနှစ်ပတ်လည်းအစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ ဗဟို လယ်ယာစိုက်ပျိုး ‌ရေးဌာနမှ တာဝန်ရှိသူများ၊ ခရိုင် (၇)ခုမှ ခရိုင်လယ်ယာစိုက်ပျိုး‌ရေးဌာနမှူးများ၊ အတွင်း‌ရေးမှူးများ၊ ဗဟို‌ကော်မတီဝင်များ၊ ပညာရှင်များ စုစု‌ပေါင်း(၈၀) ‌ကျော် ပါဝင်တက်‌ရောက်ခဲ့ပြီး ၂၀၁၇နှင့် ၂၀၁၈ ခုနှစ်နှစ်စလပိုင်းအတွင်း ၎င်းတို့၏ လုပ်‌ဆောင်ခဲ့မှုများ၊ အ‌ကောင်အထည်‌ဖော်ဆဲ စိုက်ပျိုး‌ရေးမူဝါဒများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

‌ကေအဲန်ယူ၏ ဌာန (၁၄)ခုအနက် တစ်ခုဖြစ်‌သော လယ်ယာစိုက်ပျိုး‌ရေးဌာနသည် ၁၉၄၉ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ ခုနှစ် တွင် ‌မြေယာမူဝါဒကို စတင်ပြဌာန်းခဲ့သည်။ ထိုမှတဆင့် ၂၀၀၅ ခုနှစ်တွင် “‌မြေယာသည် ‌ဒေသခံ ပြည်သူများတွက်ဖြစ် သည်”ဟူ‌သော ‌ဆောင်ပုဒ်ဖြင့် ပြင်ဆင်‌ရေးဆွဲချမှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် “‌မြေယာသည် ပြည်သူလူထုက ပိုင်ဆိုင်သည်”ဟူ‌သော ‌ဆောင်ပုဒ်ဖြင့်ရှိနှင့်ပြီးသား ‌မြေယာမူဝါဒကို ‌ခေတ်နှင့်အညီ ပြန်လည်‌ရေးဆွဲခဲ့သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။ ‌ကေအဲန်ယူ လယ်ယာစိုက်ကျိုး‌ရေးဌာနအ‌နေဖြင့် ၂၀၁၃ ခုနှစ်ကတည်းက စတင်ကာ ကရင်ပြည်နယ်အပြင် ၎င်းတို့ လက်လှမ်းမီရာ ကရင်‌ဒေသများတွင် ‌မြေယာမှတ်ပုံတင်နှင့် တိုင်းထွာ‌ပေးမှုများ စတင်ပြုလုပ်‌ပေးခဲ့သည်။