Home ဆောင်းပါး ‌နေရပ်ပြန်ဒုက္ခသည်များ အနာဂတ် စိန်‌ခေါ်မှုအတွက် အသင့်ဖြစ်ပြီလား?

‌နေရပ်ပြန်ဒုက္ခသည်များ အနာဂတ် စိန်‌ခေါ်မှုအတွက် အသင့်ဖြစ်ပြီလား?

1889

‌စောသိန်းမြင့်
‌မေ ၁ဝရက်၊ ၂ဝ၁၈ခုနှစ်။

အချိန်က မွန်းလွဲ ၃နာရီ။ ထိုင်း-မြန်မာနယ်စပ် မြဝတီတံတားထိပ်မှာ ယာဉ်ထိန်းရဲ‌တွေရဲ့ ‌ရှေ့‌ပြေး ကားသံ‌တွေက ‌နေပူကျဲကျဲ ‌အောက်မှာ ဆူညံလို့‌နေပါတယ်။ ယာဉ်ထိန်းရဲ‌တွေရဲ့ ကား‌နောက်မှာ‌တော့ ခဲ‌ရောင် Van ကားအမျိုးအစား ၁၂စီးနဲ့အတူ နှစ်နိုင်ငံ အာဏာပိုင်‌တွေနဲ့ အခြားလုံခြုံ‌ရေးယာဉ်တန်း‌တွေက ‌နောက်က တစ်‌ကောက်‌ကောက် လိုက်ပါလာပါတယ်။

United Nations High Commissioner for Refugees (UNHCR), International Organization for Migration (IOM) လိုဂို ပါ စတီကာ‌တွေနဲ့ ကပ်ထားတဲ့ အဲဒီသန့်သန့်ပြန့်ပြန့်ကား‌တွေ‌ပေါ်မှာ‌တော့ အထုပ်အပိုး‌တွေ၊ က‌လေးသူငယ်‌တွေ၊ လူငယ်လူရွယ် ‌တွေ၊ သက်ကြီးရွယ်အို‌တွေကိုပါ အပြည့် တင်‌ဆောင်လာတာ ‌တွေ့မြင်ရပါတယ်။

ဒီမြင်ကွင်း‌တွေက‌တော့ ‌မေလ ၇ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန့်ဒုံယမ်းစတဲ့ ဒုက္ခသည်စခန်း ၄ခုက မိမိဆန္ဒအ‌လျောက် ပြန်လာတဲ့ မြန်မာဒုက္ခသည် ၇၃ဦးကို မြဝတီနယ်စပ်ဂိတ်မှ မြဝတီမြို့ အမှတ် ၄ရပ်ကွက်က ‌ကျောက် လုံးကြီး ပြန်လည်ကြိုဆို‌ရေးစခန်းအထိ ပြန်လည် ပို့‌ဆောင်‌ပေးတာဖြစ်ပါတယ်။

မိနစ်အနည်းငယ်ကြာ‌တော့ အခမ်းအနားအတွက် ပြင်ဆင်ထားတဲ့ ယာယီမဏ္ဍပ်နဲ့ အရံသင့် လုပ်ထားတဲ့ ‌ကျောက်လုံးကြီး ပြန် လည် ကြိုဆို‌ရေးစခန်း ‌ရောက်ရှိလာတဲ့အခါမှာ‌တော့ သယ်ယူပို့‌ဆောင်ကြိုဆို‌ရေးအဖွဲ့‌တွေက ‌နေရပ်ပြန် ဒုက္ခသည်‌တွေကို ကား‌ပေါ်က ဆင်း‌စေပြီး အထုပ်အပိုး၊ ပစ္စည်း‌တွေကို ‌အောက်ချထား‌စေပါတယ်။ ပြီး‌တော့ တန်းစီထားတဲ့ ထိုင်ခုံတန်း‌တွေမှာ ‌နေရပ်ပြန်ဒုက္ခသည်‌တွေကို ‌နေရာချထား‌ပေး‌နေစဉ် စစ်‌ဆေး‌မေးမြန်းသူက‌မေး၊ သတင်းမီဒီယာသမား‌တွေလည်း ဓာတ်ပုံ၊ ဗွီဒီယို ‌တွေ သူသူငါငါ ရိုက်‌နေကြတဲ့မြင်ကွင်းက ‌တော်‌တော်‌လေးကို ရုတ်ရုတ်သဲသဲ ဖြစ်‌နေပါတယ်။

အခု ‌နေရပ် ပြန်လည်‌ရောက်ရှိလာတဲ့ ဒုက္ခသည်‌တွေဟာ ထိုင်းနိုင်ငံ ပြည်ထဲ‌ရေး၊ ထိုင်းလူဝင်မှုကြီးကြပ်‌ရေးနှင့် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR တို့ အစီအစဉ်နဲ့ ဒုတိယအသုတ်အဖြစ် ပြန်လည်‌ရောက်ရှိလာတာဖြစ်ပြီး မြဝတီနယ် စပ်ဂိတ်က ၇၃ဦး၊ ကယားပြည်နယ် နယ်စပ်ဂိတ်ဘက်က ၂ဝဦး ပြန်လည်‌ရောက်ရှိလာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ‌ပြောပါတယ်။

“ယ‌နေ့ လွှဲ‌ပြောင်းတဲ့အခါ (၉၃)ဦး စာရင်းလက်ခံရရှိပါတယ်။ အခု ပြီးခဲ့တဲ့ မနက်ပိုင်းကပဲ မယ်‌ဟောင်‌ဆောင်က‌နေ အ‌ယောက် (၂၀) လွှဲခဲ့ပြီးဖြစ်ပါတယ်။ အခု ၇၃ဦး လွှဲ‌ပြောင်းမှာဖြစ်ပါတယ်။”လို့ မြဝတီမြို့မှာ ပြုလုပ်တဲ့ ပြန်လည်ကြိုဆို‌ရေး အခမ်းအနားမှာ ‌ပြောဆိုခဲ့ပါတယ်။

အဲဒီအထဲမှာ နို့ဖိုးဒုက္ခသည်စခန်းက အသက် ၅ဝ‌ကျော်အရွယ် ‌စောထွန်းဝင်းလည်း ဇနီးသည်ဖြစ်သူ၊ ‌ယောက္ခမဖြစ်သူ‌တွေနဲ့အ တူ ပါဝင်ပါတယ်။ ည‌နေ‌စောင်း ‌နေပူရှိန်‌ကြောင့် သူ့နဖူး‌ပေါ် ကျလာတဲ့ ‌ချွေးသီး‌တွေကို လက်ဖမိုးနဲ့သုတ်ရင်း မှတ်တမ်းပြုစုတဲ့ အဖွဲ့၊ သတင်းမီဒီယာသမား‌တွေရဲ့ ‌မေးမြန်းမှု‌တွေကို စိတ်ရှည်စွာနဲ့ သူ့မှာ ‌ဖြေကြား‌နေရပါတယ်။

“ထိုင်းဘက်မှာ ‌နေလာရတာကြာပြီး‌လေ။ ကိုယ့်‌မွေးရပ်‌မြေနဲ့လည်း ‌ဝေးတာကြာပြီးဆို‌တော့ ဒီကိုပြန်လာ‌နေချင်တယ်။ စခန်းမှာ အခု ရိက္ခာ‌ထောက်ပံ့မှု‌တွေကလည်း နည်းလာတယ်။ ‌နောက်ပြီး မိသားစု ဖူဖူလုံလုံစား‌သောက်ဖို့ အပြင်ထွက် အလုပ်လုပ်ဖို့ဆို တာလည်း အခက်အခဲရှိတယ်။ ပြန်လာရတဲ့ အ‌ကြောင်းရင်းက‌တော့ ‌ဆွေမျိုး‌တွေနဲ့ ပြန်ဆုံချင်တာရယ်၊ ထိုင်းမှာကြာကြာ‌နေ လည်း တရားဝင် အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး။ ဒီမှာပြန်လာပြီး ကိုယ့်‌ခြေ‌ထောက်‌ပေါ် ကိုယ်ရပ်တည်ချင်တယ်။”လို့ ‌မောပမ်းနွမ်းနယ်ပြီး တုန်ရီတဲ့‌လေသံနဲ့ ‌ပြောပါတယ်။

‌စောထွန်းဝင်းရဲ့ဇာတိက ‌ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်‌ကျေးရွာမှာဆို‌ပေမဲ့ ဇနီးဖြစ်သူရဲ့ဇာတိဖြစ်တဲ့ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ် ထီ့ဝါးကလူး‌ကျေးရွာမှာ ပြန်လည် အ‌ခြေချ‌နေထိုင်ဖို့ သူ‌ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ ခုလို ပြန်လာချိန်မှာ ဘဝကို ‌အေးချမ်းစွာနဲ့ပဲ ဖြတ်သန်းသွားမှာဖြစ်ပြီး ဒုက္ခသည်စခန်းထဲမှာ သင်တန်း‌ကျောင်းမပြီး‌သေးလို့ ပြန်မလိုက်လာရ‌သေးတဲ့ သမီး‌လေးကလည်း ဒီလမ်း‌ကြောင်းက‌နေပဲ သင်တန်းပြီးရင် ပြန်လိုက်လာမယ်လို့ သူက ‌ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေတဲ့ စစ်‌ရေးပဋိပက္ခ‌ကြောင့် လုံခြုံတဲ့‌နေရာ၊ အသက်‌ဘေး လွတ်‌မြောက်ရာ‌နေရာဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ အနှစ် ၂၀‌ကျော်ကတည်းက မိသားစုဝင်‌တွေနဲ့အတူ ‌စောထွန်း ဝင်ဟာ ဒုက္ခသည်အဖြစ် သွား‌ရောက်ခိုလှုံခဲ့ရတာပါ။

မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်လာတဲ့သူ‌တွေဟာ ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ အပါအဝင် ‌ထောက်ပံ့မှု အကူအညီ ‌လျော့ နည်းလာတဲ့အတွက် ဆက်လက်ရပ်တည်နိုင်‌ရေး ခက်ခဲလာတာကတစ်‌ကြောင်း၊ ဒုက္ခသည်စခန်းရဲ့ စိတ်ကျဉ်းကြပ်မှုဒဏ်က လွတ်‌မြောက်‌စေဖို့ မိမိ‌နေရပ်ကို ‌အေးချမ်းစွာ ပြန်လည်‌နေထိုင်လိုကြတဲ့အတွက် ယခုလို ‌နေရပ်ပြန်ဖို့ ဆုံးဖြတ်လာရတာဖြစ် တယ်လို့ ‌ပြောဆို‌နေကြပါတယ်။

မယ်လဒုက္ခသည်စခန်းက ပြန်လာတဲ့ အသက် ၆ဝနီးပါးအရွယ် ‌စောကြည်ဝင်းကလည်း “ကျ‌နော်ပြန်လာတာ အားလုံး ၅‌ယောက်ပါ။ ဒုက္ခသည်စခန်းမှာက သတ်မှတ်ထားတဲ့‌နေရာပဲ ‌နေရတယ်‌လေ။ အပြင်ထွက်လို့ မိရင် ဖမ်းဆီးတာ‌တွေ ခံရတယ်။ လွတ်လွတ်လပ်လပ်ပဲ ‌နေချင်လို့ ဒီကို ပြန်လာဖို့ ဆုံးဖြတ်ရတာဖြစ်ပါတယ်။”လို့ ‌ပြောသွားပါတယ်။

‌နေရပ် ပြန်လာတဲ့ ဒုက္ခသည်‌တွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဦး‌ဆောင်တဲ့ သက်ဆိုင်ရာ ‌ဒေသအလိုက် လူမှုဝန် ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ‌တွေ၊ မြန်မာ နိုင်ငံ ကြက်‌ခြေနီအသင်းနှင့် မြို့ခံလူမှုကယ်ဆယ်‌ရေးအသင်း‌တွေက ‌သောင်း‌သောင်းဖျဖျ ကြိုဆိုတာကို ‌တွေ့မြင်ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က “အခုလို ပြန်လာတဲ့အ‌ပေါ် အရမ်းဝမ်းသာတယ်။ ကျမတို့ အစိုးရအဖွဲ့အ‌နေနဲ့ တတ်နိုင် သမျှ ပံ့ပိုးကူညီ‌ဆောင်ရွက်‌ပေးပါ့မယ်။ က‌လေး‌တွေ ပညာ‌ရေး၊ ကျန်းမာ‌ရေး အထူးသဖြင့် အခက်အခဲ‌တွေ ရှိခဲ့လို့ရှိရင် သက် ဆိုင်ရာက‌နေတစ်ဆင့် ကျမတို့ကို အ‌ကြောင်းကြား‌ပေးပါ။ တတ်နိုင်သမျှကို ကူညီ‌ဆောင်ရွက်‌ပေးပါ့မယ်။”လို့ ‌ပြောဆိုသွားခဲ့ပါ တယ်။

မြဝတီမြို့ ‌ကျောက်လုံးပြန်လည်ကြိုဆို‌ရေးစခန်းကို ပြန်လည်‌ရောက်ရှိလာတဲ့ ဒုက္ခသည်‌တွေဟာ ကရင်ပြည်နယ်၊ ရန်ကုန်၊ ပဲခူး နှင့် စစ်ကိုင်းတိုင်း‌ဒေသကြီး စတဲ့ ‌ဒေသအသီးသီးသို့ ပြန်သွားကြမှာဖြစ်တဲ့အတွက် သူတို့ကို ဆိုင်ရာ‌ဒေသအလိုက် သယ်ယူပို့ ‌ဆောင်ကြိုဆို‌ရေးအဖွဲ့ဝင် (၇)ဦးက လာ‌ရောက်‌ခေါ်‌ဆောင်ပြီး ပို့‌ဆောင်‌ပေးမှု‌တွေ လုပ်‌ဆောင်‌နေပါတယ်။

၎င်း‌နေရပ်ပြန် ဒုက္ခသည်‌တွေ ပြန်လာရာမှာ ခရီးစရိတ်၊ စားနပ်ရိက္ခာနဲ့ ဘဝပြန်လည်ထူ‌ထောင်‌ရေး အပါအဝင် UNHCR က‌နေ ထိုင်းနိုင်ငံရှိ ‌ရွှေ့‌ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့(IOM) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ(WFP)တို့က လူကြီးတစ်ဦးကို ဘတ် ‌ငွေ ၉,၃၀၀၊ က‌လေးတစ်ဦးကို ဘတ်‌ငွေ ၇,၅၀ဝစီ ‌ထောက်ပံ့‌ပေးခဲ့တယ်လို့ UNHCR ထုတ်ပြန်‌ပြောဆိုပါတယ်။

ဒါ့အပြင် ပြန်လည်ဝင်‌ရောက်လာတဲ့ မြန်မာဒုက္ခသည်‌တွေကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ အိမ် ‌ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်‌ရေးကတ်ပြား(မှတ်ပုံတင်)‌တွေကို ထုတ်‌ပေးသွားမှာဖြစ်သလို လူမှုကယ်ဆယ်‌ရေးဝန်ကြီးဌာန ‌ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနကတဆင့် အိမ်‌ထောင်စုတစ်စုကို ပုံမှန်အားဖြင့် တစ်သိန်းကျပ် ပံ့ပိုး‌ပေး‌သော်လည်း သုံးဦး နှင့်အထက် အိမ်‌ထောင်စုတစ်စုကို ၃သိန်းအပြင် တစ်လစာ စားနပ်ရိက္ခာ‌တွေကိုလည်း ပံ့ပိုး‌ပေးသွားမှာဖြစ်တယ်လို့လည်း သက်ဆိုင်ရာဌာနက ‌ပြောဆိုပါတယ်။

ထိုင်းရှိ မြန်မာဒုက္ခသည်‌တွေ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်‌ရေးအစီအစဉ်က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အပါအ ဝင် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၈ဖွဲ့နဲ့ အစိုးရတို့ ၂ဝ၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA) လက်မှတ်‌ရေးထိုးပြီးတဲ့ ‌နောက်ပိုင်းမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတို့ က အားတက်သ‌ရော ကြိုးပမ်းလုပ်‌ဆောင်လာတာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်‌တွေ ဖြစ်‌ပေါ်လာပြီး‌နောက် ၂၀၁၆ခုနှစ်၊ ‌အောက်တိုဘာလ ၂၆ရက်‌နေ့က နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည်မိသား စု ၁၉စုဟာ ၎င်းတို့ဆန္ဒအတိုင်း နှစ်နိုင်ငံ အစိုးရ၊ UNHCR တို့ရဲ့ အစီအစဉ်နဲ့ မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်ကတဆင့် ပထမဆုံး အသုတ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်‌ပေးခြင်း ခံခဲ့ရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်‌တွေကို ‌နေရပ်ပြန်လည်ပို့‌ဆောင်‌ရေး‌တွေ လုပ်‌ဆောင်‌နေတဲ့အချိန်မှာပဲ တဖက်က မြန်မာနိုင်ငံရဲ့ ‌မြောက်ပိုင်း ရှမ်း၊ ကချင်ပြည်နယ်ဘက်မှာ‌တော့ တိုက်ပွဲ‌တွေ ဖြစ်ပွားတဲ့အတွက်‌ကြောင့် ‌ထောင်နဲ့ချီတဲ့ ‌ဒေသခံ ပြည်သူ‌တွေဟာ စစ်‌ဘေး‌ရှောင်‌နေရဆဲပါ။

ဒါ့အပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြိုနယ်၊ မြိုင်ကြီးငူ‌ဒေသနဲ့ ဖာပွန်ခရိုင်မှာရှိတဲ့ အီတူးထာ့၊ လယ်မူပ‌လော‌ဒေသ‌တွေမှာ စုစု ‌ပေါင်း ပြည်တွင်းစစ်‌ရှောင်ဒုက္ခသည်(IDP) တစ်‌သောင်းခန့်ကလည်း အခုထိ ‌နေရပ် မပြန်နိုင်‌သေးပါ။ ပြည်တွင်းမှာရှိတဲ့ စစ် ‌ရှောင်ဒုက္ခသည်အ‌ရေးကို ‌ဖြေရှင်းပြီးမှသာ ထိုင်းမှာရှိတဲ့ဒုက္ခသည်‌တွေကို ပြန်ပို့‌ရေးအစီအစဉ်ကို လုပ်‌ဆောင်သင့်ပြီး အခုလုပ် ‌ဆောင်မှုက ‌စောလွန်း‌သေးတယ်လို့ ကရင်လူမှုအဖွဲ့များက ရှုမြင်ကြပါတယ်။

ကရင်ဒုက္ခသည်‌ကော်မတီ (KRC) ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက‌တော့ အခု ဒုက္ခသည်‌တွေ ‌နေရပ်ပြန်‌ရေးနဲ့ပတ်သက်ပြီး ၎င်းတို့ အ‌နေနဲ့ အား‌ပေးခြင်းမပြုသလို တားမြစ်ပိုင်ခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။ ဒီလို ဒုက္ခသည်‌တွေကို ပြန်လည်ပို့‌ဆောင်တဲ့‌နေရာ မှာ KRC ရဲ့ သ‌ဘောထား‌တွေကို တစုံတရာ ရယူတာမရှိတဲ့အ‌ပေါ်‌တော့ စိတ်မ‌ကောင်းစရာ ဖြစ်‌စေတာအမှန်ပဲလို့ သူက ‌ပြောပါ တယ်။

“ဒါက‌တော့ ဒုက္ခသည်‌တွေရဲ့ ‌ရွေးချယ်မှုဖြစ်သလို နှစ်နိုင်ငံ အစိုးရရဲ့ လုပ်‌ဆောင်မှုပဲ‌လေ။ ကျ‌နော်တို့ဘက်က ဘာမှလုပ်လို့ မရ ပါဘူး။ အမှန်က ဒုက္ခသည်‌တွေဆိုတာ ကျ‌နော်တို့နဲ့ ဆိုင်တာပဲ‌လေ။ ဒီလိုဖြစ်လာတာက‌တော့ ခံစားလို့‌တော့ မ‌ကောင်းဘူး‌ပေါ့ ‌နော်။”လို့ ‌စော‌ရောဘတ်‌ထွေးက ‌ပြောပါတယ်။

‌နေရပ်ပြန်လည်‌နေထိုင်‌ရေးနဲ့ပတ်သက်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရမည်၊ ပြန်လည်‌နေရာချထား‌ရေး‌ဒေသများ လုံခြုံမှုရှိရမည့်အ ပြင် မိုင်းများနှင့် ကင်းလွတ်သည့်‌နေရာများ ဖြစ်ရမည်၊ နိုင်ငံတကာ လူ့အခွင့်အ‌ရေးများကို အသိအမှတ်ပြု ကျင့်သုံးသွားရမည်၊ အိမ်‌ထောင်စုအတွက် လယ်ယာ‌မြေများ၊ အသက်‌မွေးဝမ်း‌ကျောင်းအလုပ်များ လုံ‌လောက်စွာ လုပ်‌ဆောင်နိုင်သည့် ‌ဒေသဖြစ်ရ မည်ဆိုတာ အပါအဝင် အချက် ၁ဝချက်ပါ သ‌ဘောထားရပ်တည်ချက်ကို ကရင်ဒုက္ခသည်‌ကော်မတီက(KRC)က ၂ဝ၁၃ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လတ်တ‌လောမှာ ထိုင်း-မြန်မာဒုက္ခသည်စခန်းထဲက ဒုက္ခသည်‌တွေကို ‌ထောက်ပံ့‌ပေး‌နေတဲ့ နိုင်ငံတကာအကူအညီ‌တွေက လည်း တဖြည်းဖြည်း‌လျော့နည်းတာ၊ ဒုက္ခသည်‌တွေဟာ အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်မရှိတာ‌တွေဟာ ဒုက္ခသည်‌တွေ မိမိ‌နေ ရပ်ပြန်သွားဖု့ိကို ကြီးမားတဲ့ တွန်းအားတစ်ရပ်ဖြစ်လာ‌စေတယ်လို့ ဒုက္ခသည်အ‌ရေး ‌ဆောင်ရွက်‌နေသူ‌တွေက ‌ထောက်ပြ‌ပြောဆို ကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်မှာ ကရင်ဒုက္ခသည်စခန်း‌တွေဖြစ်တဲ့ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံ ယမ်း၊ ထမ်းဟင်နဲ့ အမှတ်(၁)၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်း အပါအဝင် စုစု‌ပေါင်း ဒုက္ခသည်စခန်း ၉ခုမှာ လူဦး‌ရေ ၁သိန်း နီးပါး ခိုလှုံ‌နေဆဲဖြစ်တယ်လို့ ၂၀၁၈ ခုနှစ်၊ မတ်လအတွက် UNHCR က ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။ အခုဆိုရင် ‌သောင်မတင်‌ရေမကျ ဖြစ်‌နေတဲ့ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေ‌ကြောင့် ဒုက္ခသည်‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်အ‌ပေါ် ‌စောင့်ကြည့် ‌နေဆဲဖြစ်တယ်လို့ ဒုက္ခသည်အများစုက‌တော့ ‌ပြောဆို‌နေကြပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက‌တော့ အခု ဒုတိယ အသုတ်ပို့‌ဆောင်ပြီးတဲ့‌နောက် တတိယအသုတ်အ တွက် UNHCR မှ စာရင်း‌ပေးထားတဲ့ ၁၂၉ဦးကိုလည်း ၂၀၁၈၊ ‌မေလ တတိယအပတ်မှာ နိုင်ငံသားစိစစ်မှုလုပ်ငန်း‌တွေကို နှစ် နိုင်ငံပူး‌ပေါင်းလုပ်‌ဆောင်ပြီး‌နောက် ပြန်လည်ပို့‌ဆောင်‌ရေးအစီအစဉ်ကို ဆက်လက်လုပ်‌ဆောင်သွားမယ်လို့ အတိအလင်း ‌ပြော ဆိုပါတယ်။

သို့‌သော် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်များ ‌နေရပ်ပြန်လည် ပို့‌ဆောင်‌ရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရအ‌နေနဲ့ မူဝါဒဆိုင် ရာ ‌ရေးဆွဲချမှတ်ထားမှုအ‌ပေါ် သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ရှင်းရှင်းလင်းလင်း ချပြသွားတာမရှိ‌သော်လည်းဘဲ “မြန်မာနိုင်ငံ သားမှန်ရင် မြန်မာအစိုးရက ‌နွေး‌ထွေးစွာ ကြိုဆိုပါတယ်”လို့ အခမ်းအနားမှာ ‌ကြေညာထားခဲ့ပါတယ်။

ခုလို ဒုတိယအသုတ်အဖြစ် ပြန်လာတဲ့ဒုက္ခသည်‌တွေကို ကြိုဆို‌ရေးအစီအစဉ်၊ ‌ထောက်ပံ့‌ရေးအစီအစဉ်၊ အချက်အလက် မှတ် တမ်းပြုစုတာ‌တွေလုပ်‌ဆောင်ပြီး ည‌နေ ၅နာရီအချိန်‌လောက်မှာ ‌နေရပ်ပြန်လာသူ‌တွေအတွက် စီစဉ်ထားတဲ့ ယာယီနား‌နေ ‌ဆောင်မှာ ကူညီကယ်ဆယ်‌ရေးအဖွဲ့‌တွေက အထုပ်အပိုး‌တွေ သယ်‌ပေးရင်း၊ ‌နေရာလိုက်ချထား‌ပေးရင်းနဲ့ လုပ်‌ဆောင်‌ပေး‌နေကြ ပါတယ်။

အဲဒီ‌နောက်မှ‌တော့ ‌နေရပ်ပြန်‌တွေကို လာ‌ရောက်ပို့‌ဆောင်‌ပေးတဲ့ ထိုင်းနိုင်ငံ ပြည်ထဲ‌ရေး၊ ထိုင်းလူဝင်မှုကြီးကြပ်‌ရေးနဲ့ ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR တို့ ယာဉ်တန်း‌တွေ၊ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် လာ‌ရောက်ကြိုဆို ကြတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေရဲ့ ‌မော်‌တော်ယာဉ်‌တွေလည်း တစ်စီးပြီးတစ်စီး ကြိုဆို‌ရေးစခန်းက‌နေ ပြန်လည်ထွက်ခွာ သွားပါ‌တော့တယ်။

ကြိုဆို‌ရေးစခန်းမှ ပြန်လည်ထွက်ခွာသွားတဲ့ ယာဉ်တန်းကို ‌ငေးကြည့်ရင်း ‌စောထွန်းဝင်းက “ဘဝမှာ ‌ကြောက်ရွံ့မှု‌တွေကို ‌ကြောက်ရ‌ပေါင်းများ‌နေပါပြီ။ ဒီမှာပြန်လာဖို့ ကျ‌နော် ဘာမှမ‌ကြောက်‌တော့ပါဘူး။ ‌အေး‌အေးလူလူနဲ့ပဲ ‌နေသွားချင်တယ်။ အဓိကက ကျ‌နော်တို့ သားသမီး‌တွေပါ။ မြန်မာနိုင်ငံမှာ ပြန်လာ‌နေ‌တော့လည်း သူတို့ရဲ့ ပညာ‌ရေးက တရားဝင် မဟုတ်တဲ့အ တွက် သူတို့‌တွေ အလုပ်လုပ်နိုင်ဖို့ လမ်း‌ကြောင်းဖွင့်‌ပေးဖို့အတွက် ‌မျှော်လင့်ပါတယ်”လို့ ‌မျှော်လင့်ချက်ကြီးစွာ ‌ပြောသွားပါတယ်။

‌စောထွန်းဝင်းတို့ မိသားစု အပါအဝင် ‌နေရပ်ပြန် ဒုက္ခသည်‌တွေက‌တော့ မိမိရပ်ရွာမှာ ကိုယ့်‌ခြေ‌ထောက်‌ပေါ်ကိုယ်ရပ်တည်ပြီး လွတ်လပ်စွာ ‌နေထိုင်သွားလာရင်း ဘဝကို ‌အေး‌အေးချမ်းချမ်း ဖြတ်သန်းသွားကြမယ်လို့ ကိုယ်စီ ‌မျှော်လင့်ထားကြ‌ပေမယ့် သူတို့ပြန်‌နေထိုင်မယ့် ဒုက္ခသည်စခန်းနဲ့ မတူတဲ့ လူမှုပတ်ဝန်းကျင်မှာ ရင်ဆိုင်ရမဲ့ အနာဂတ်စိန်‌ခေါ်မှုအသစ်‌တွေကို ကြံ့ကြံ့ခံ နိုင်ဖို့ အသင့်ဖြစ်ပြီလားဆိုတာ‌တော့ ‌မေးစရာ ‌မေးခွန်းတစ်ခု ဖြစ်‌နေပါတယ်။