Home သတင်း သုံးပါတီ‌ပေါင်းထားသည့် KNDP စည်းရုံး‌ရေး စဆင်းပြီ

သုံးပါတီ‌ပေါင်းထားသည့် KNDP စည်းရုံး‌ရေး စဆင်းပြီ

2174

‌မေ ၃ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အ‌ခြေစိုက် သုံးပါတီ‌ပေါင်းထားသည့် KNDP-ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ယခုလမှ စတင်၍ ကရင်ပြည်နယ်တစ်ဝှမ်း စည်းရုံး‌ရေးလုပ်ငန်းများ စတင်လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌မေ ၃ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မန်း‌အောင်ပြည်စိုးက“ပါတီ‌အောင်နိုင်‌ရေး(campaign)‌တော့ မဟုတ်‌သေးဘူး။ ပါတီဝင်စည်းရုံး‌ရေး၊ ပါတီဖွဲ့စည်း ‌ရေးအတွက် အခု ဖားအံမြို့နယ်၊ မင်းစိုး‌ကျေးရွာကို ‌ရောက်‌နေတယ်။ မနက်ဖြန်ဆိုရင် မြဝတီ စမယ်(သွားမယ်)။ ခရိုင်၊ မြို့နယ်အဆင့် အမှု‌ဆောင်‌တွေ ‌ရွေးမယ်။ ပါတီ ဆိုင်းဘုတ်တင်မယ်‌ပေါ့↔ဟု‌ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP အ‌နေဖြင့် ပြီးခဲ့သည့် မတ်လ ၁၂ ရက်‌နေ့က ပါတီ၏ ဗဟိုအလုပ် အမှု‌ဆောင်များကို‌ရွေးချယ်တင်‌မြှောက်ခဲ့ကြပြီး‌နောက် ယခု ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်း ကွင်း ဆင်းကာ ပါတီလုပ်ငန်းစဉ်များကို စတင်လုပ်‌ဆောင်‌နေခြင်းလည်း ဖြစ်သည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ပါတီဝင်အ‌ရေအတွက် ပြည့်မှီ‌ရေး စည်းရုံး‌ရေးလုပ်ငန်းများအပြင် ပါတီရုံးများဖွင့် လှစ်ခြင်း၊ ဆိုင်းဘုတ်များစိုက်ထူခြင်းစသည်တို့ကို ပြည်နယ်အတွင်းရှိ ၇ မြို့နယ်တွင် လုပ်‌ဆောင်သွားမည် ဖြစ်ပြီး တစ်မြို့နယ်တွင် ပါတီဝင် အနည်းဆုံး ၂၀ဝ ဦး ‌ကျော်ပါက မြို့နယ် အလုပ်အမှု‌ဆောင်‌ကော်မတီများ ‌ရွေးချယ်သွားမည်ဖြစ်သည်ဟု မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

ထို့အတူ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)ကလည်း လက်ရှိလုပ်‌ဆောင်ချက်များနှင့် ပတ်သက်၍ပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စော‌စေးဝါးက ̏ မ‌နေ့ကပဲ မဟာဗျူဟာ၊ နည်းဗျူဟာ‌တွေ ပြန်လည်စိစစ်ပြီး‌တော့ ‌ရှေ့လုပ်ငန်းစဉ်‌တွေ ချမှတ်ထားတယ်။ ဒီလထဲမှာ ဧရာဝတီတိုင်းကို ဆင်းပြီး စည်းရုံး‌ရေး‌တွေလုပ်သွားမယ်။ ‌နောက်မှ တခြား ‌ဒေသ‌တွေကို အဆင့်ဆင့်သွားမယ်။ ကရင်ပါတီအချင်းချင်း မထပ်‌ရေးက‌တော့ မဖြစ်မ‌နေ ညှိနှိုင်းသွားမယ်။ မဟုတ်ရင် ကျန်တဲ့ ပါတီကြီး‌တွေ စားသွားမှာစိုးလို့”ဟု ယ‌နေ့တွင် ‌ပြောသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အ‌ခြေစိုက် KNDP နှင့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန် အ‌ခြေစိုက် KPP နှင့် ဧရာဝတီ အ‌ခြေစိုက် ကရင်အမျိုးသားပါတီ(KNP)ဟူ၍ ကရင်ပါတီ ၄ ပါတီ ရှိသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများအချင်းချင်း မဲဆန္ဒ ထပ်‌နေသည့် နယ်များစွာရှိခဲ့ပြီး ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်တွင် KPP လွှတ်‌တော်အမတ် တစ်ဦး မှလွဲ၍ ကရင်ပါတီဝင်များအားလုံး အ‌ရေးနိမ့်ခဲ့သည်။