Home သတင်း လျှပ်စစ်ဝန်အား ‌လျှော့ချသုံးစွဲရဟု ပြည်နယ် ဒုလျှပ်စစ်အင်ဂျင်နီယာ ‌ပြောဆို

လျှပ်စစ်ဝန်အား ‌လျှော့ချသုံးစွဲရဟု ပြည်နယ် ဒုလျှပ်စစ်အင်ဂျင်နီယာ ‌ပြောဆို

2317

‌မေလ ၂၅ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အ‌နေဖြင့် လျှပ်စစ်ဌာနချုပ်၏ သတ်မှတ်ထားသည့်နှုန်းအတိုင်း ဝန်အား‌လျှော့ချပြီး သုံးစွဲ‌နေရသည့်အတွက် လျှပ် စစ်မီး ပြတ်‌တောက်ရခြင်းဖြစ်သည်ဟု ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒုတိယအင်ဂျင်နီယာမှူး ဦးသိန်း‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဓိက ‌ရေ Level ကျလာတဲ့အတွက် ‌ရေအားလျှပ်စစ်ဓာတ်အား‌ပေး စက်ရုံ‌တွေက မူလသတ်မှတ်ထားတဲ့ ဓာတ်အားထုတ်လုပ် မှုနှုန်းထက်ကို ကျဆင်းလာတယ်။ ဓာတ်‌ငွေ့နဲ့ လျှပ်စစ်ထုတ်တာလည်း ရှိတယ်။ ဓာတ်အားထုတ်တဲ့ မြင်းခြံ ဓာတ်‌ငွေ့အင်ဂျင်စက် ဆိုရင် စာချုပ်သက်တမ်းကုန်‌တော့ လတ်တ‌လောပိတ်ထားတယ်။ ထုတ်လုပ်မှုနည်းတဲ့အချိန်မှာ ပူတဲ့အချိန်ဖြစ်‌တော့ မီးအားသုံး စွဲမှု မ‌လျော့ဘူး အဲလိုဖြစ်တယ်။”ဟု ကရင်ပြည်နယ် လျှပ်စစ် ဒုတိယအင်ဂျင်နီယာမှူးက ‌ကေအိုင်စီသို့‌ပြောသည်။

ဖားအံမြို့ အနီးပတ်ဝန်းကျင်တွင် လျှပ်စစ်ဓာတ်အား၂ဝ မဂ္ဂါဝပ်ရရှိချိန်၌ ၁ဝမဂ္ဂါဝပ်သာ သုံးခွင့်ရသည့်အတွက် လျှပ်စစ်ဝန်အား ထက်ဝက်‌လျှော့ချ‌ပေးရပြီး ဖြန့်ဖြူး‌ပေး‌နေရသည့် ဓာတ်အားလိုင်း ၈ခုအနက် ဓာတ်အားလိုင်း ၄ခုကိုသာ ယာယီ ဖြတ်‌တောက် ‌ပေး‌နေရ‌ကြောင်း ပြည်နယ် ဒုလျှပ်စစ်မှူးက ထပ်မံ ‌ပြောဆိုသည်။

ထို့အပြင် မ‌တော်တဆမှု‌ကြောင့် မီးပြတ်‌တောက်ခြင်းမှလွှဲ၍ မီးပျက်သည့်အချိန်များကို ပြည်သူလူထုထံ ပုံမှန် အသိ‌ပေးခြင်းများ ပြုလုပ်ပြီး မိုးရွာသွန်းမှုမများခင်အထိ ယခုနှုန်းနှင့်ပင် ဆက်လက် ဖြန့်ဖြူး‌ပေးသွားရမည်ဖြစ်‌ကြောင်းလည်း ဆက်‌ပြောသည်။

ယခင်လများက စ‌နေ၊ တနဂင်္‌နွေ‌နေ့များ၌သာ မီးပြတ်‌တောက်မှုရှိပြီး ပြီးခဲ့သည့်လများထက်စာလျှင် ယခု‌မေလမှာ လျှပ်စစ်မီး ‌နေ့စဉ် မီးပြတ်‌တောက်မှုများ ရှိလာခဲ့သည့်အတွက် အိမ်မှုကိစ္စများလုပ်‌ဆောင်ရာတွင် အခက်အခဲဖြစ်‌စေသည်ဟုလည်း မြို့ခံ ပြည်သူများက ‌ပြောသည်။

ဖားအံမြို့‌နေ ဂါ့မုလုံးက “မီးပျက်တာ‌နေ့တိုင်းပဲ ဖြစ်လာတယ်။ အရင်က စ‌နေ၊ တနဂင်္‌နွေပဲ ပျက်တယ်။ အခုအဲလိုမဟုတ်ဘူး။ ဘယ်အချိန်ပျက်မလဲ မသိ‌တော့ ခန့်မှန်းလို့မရဘူး။ ထမင်းက‌တော့ ကြိုတင်ချက်ထားရတယ်။ တချို့ရက်‌တွေဆိုရင် မီးလာတဲ့အ ချိန်ကို‌စောင့်ရင်းနဲ့ ညမိုးချုပ်မှ ထမင်းချက်ရတဲ့အခါမျိုးလည်း ရှိတယ်။ မြို့‌ပေါ်မှာ‌နေတာ ပူတဲ့အချိန် ပန်ကာပဲ အားကိုးရတာ။ မီးပျက်‌တော့ အခက်အခဲ ‌တော်‌တော်ရှိတယ်”ဟု ‌ကေအိုင်စီသို့ ကရင်လို ‌ပြောသည်။

လျှပ်စစ်မီး ဖြတ်‌တောက်မည့် အချိန်ဇယားနှင့်ပတ်သက်၍ မီးသုံးစွဲ‌နေ‌သော ရပ်ကွက်‌နေ ပြည်သူလူထုကို စ‌နေ၊ တနဂင်္‌နွေ‌နေ့ များတွင် မီးပျက်မည်ဟု အသိ‌ပေးမှုရှိ‌သော်လည်း ထိုရက်များမှလွှဲ၍ အခြားရက်များတွင် တစ်ရက်လျှင် အကြိမ်မည်မျှ မီးပြတ် မည်ကို တာဝန်ရှိသူများက ပုံမှန် အ‌ကြောင်းကြားခြင်း မရှိ‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။

မြို့‌နေ ရပ်ကွက်အတွင်း ယင်းသို့ မီးများ ပြတ်‌တောက်‌နေ‌သော်လည်း ပြည်သူ့‌ဆေးရုံ၊ ရဲစခန်း၊ စစ်တပ်၊ တက္ကသိုလ်‌ကျောင်း၊ ပြည်နယ်လွှတ်‌တော်၊ ဌာနဆိုင်ရာရုံးများနှင့် လမ်းမီးများကိုမူ ပြည်နယ်အတွင်း မဖြစ်မ‌နေ ပုံမှန် ဖြန့်ဖြူး‌ပေးလျှက်ရှိသည်ဟု ကရင်ပြည်နယ် လျှပ်စစ်ရုံးထံမှ သိရသည်။