Home သတင်း ရှမ်းပြည်‌တောင်ပိုင်းရှိ ကရင်ဖြူ မျိုးနွယ်စုများ ပထမဆုံးအကြိမ် ကရင်စာဖွင့်လှစ်သင်ကြား

ရှမ်းပြည်‌တောင်ပိုင်းရှိ ကရင်ဖြူ မျိုးနွယ်စုများ ပထမဆုံးအကြိမ် ကရင်စာဖွင့်လှစ်သင်ကြား

2157

‌မေ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်မျိုးနွယ်စုထဲမှ တစ်မျိုးဖြစ်သည့် ကရင်ဖြူများ‌နေထိုင်ရာ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ်၊ လွှဲ ကြီးရွာတွင် ပထမဆုံးအကြိမ် ကရင်စာ‌ပေသင်တန်းကို ‌မေလ ၁ ရက်မှ ၁၇ ရက်‌နေ့အထိ ဖွင့်လှစ်သင်ကြား ‌နေ ပြီဟု သိရသည်။

ကရင်ပြည်နယ်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်း ဦး‌ဆောင်မှုဖြင့် စတင်ဖွင့်လှစ်လိုက်သည့် အဆိုပါ ကရင်စာ‌ပေ သင်တန်းနှင့်ပတ်သက်ပြီး သင်တန်းတာဝန်ခံ ‌စောက‌ပေါ်ထူးက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက ̏ ပြည်နယ်စာ/ယဉ်က ဖွင့်လှစ်ခဲ့တဲ့ ၄၈ ကြိမ်‌မြောက် ဆရာဖြစ်မွမ်းမံသင်တန်းအပြီး ကျ‌နော်တို့ ဒီ‌ဒေသကို စာ‌ပေ လာ‌ရောက်သင်ကြား‌ပေးတာဖြစ်တယ်။ ယဉ်‌ကျေးမှု ဒုံးအက‌တွေက‌တော့ လာမယ့်နှစ်မှ သင်ကြားဖြစ်မယ်။ ဒီနှစ်က အချိန်လည်း သိပ်မရ‌တော့တဲ့အတွက်ဖြစ်တယ်”ဟု ‌ပြောသည်။

ယခုသင်တန်းသည် ရှမ်းပြည်‌တောင်ပိုင်းတွင် ပထမဦးဆုံးဖွင့်လှစ်သည့် ကရင်စာ‌ပေသင်တန်းဖြစ်ပြီး ကရင်ပြည်နယ်မှ ဆရာ/မ ၃ ဦးက လွှဲကြီးရွာမှ သင်တန်းသား/သူ ၆၄ ဦးအား စ‌ကောကရင်စာ‌ပေ( KNU ရုံးသုံးစာ) ကို သင်ကြား‌ပေး‌နေခြင်းဖြစ်‌ကြောင်း သင်တန်းတာဝန်ခံများထံမှ သိရသည်။

လွှဲကြီးရွာ ရပ်မိရပ်ဖ ‌စောအုန်း‌ဖေက ̏ ကရင်ဖြူမျိုးနွယ်စုက ‌ပျောက်ကွယ်လုနီးပါးဖြစ်‌နေပြီ‌လေ။ ဒီလို မ‌ပျောက်ကွယ်‌အောင် ကရင်စာ‌ပေ‌တွေပြန်ဖွင့်တယ်။ ကရင်ဖြူစကားက စ‌ကောကရင်စကားနဲ့ ၅ဝ ရာခိုင်နှုန်း‌လောက် တူတယ်။ သိပ်မကွာဘူး။ ဒါ‌ကြောင့် စ‌ကောကရင်စာသင်ခြင်းဖြစ်ပါတယ်↔ဟု‌ပြောသည်။

ကရင်ဖြူ မျိုးနွယ်စုများသည် ရှမ်းပြည်နယ်‌တောင်ပိုင်းအပြင် ကရင်နီ(ကယား)ပြည်နယ်၊ မန္တ‌လေးနှင့် ပဲခူးတိုင်း တို့တွင်လည်း ပျံ့နှံ့‌နေထိုင်ကြ‌ကြောင်း သိရသည်။