Home သတင်း ရန်ကုန်တိုင်းအတွင်း အစိုးရ‌ကျောင်းများ၌ ဇူလိုင် ၁ ရက်‌နေ့တွင် တပြိုင်နက် ကရင်စာ စသင်မည်

ရန်ကုန်တိုင်းအတွင်း အစိုးရ‌ကျောင်းများ၌ ဇူလိုင် ၁ ရက်‌နေ့တွင် တပြိုင်နက် ကရင်စာ စသင်မည်

2832

‌မေ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းရှိ အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ ဇူလိုင် ၁ ရက်‌နေ့တွင် ကရင်စာ တပြိုင်နက်တည်း စတင်သင်ကြားသွားမည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

၎င်းက “ဇွန်လ‌ကျောင်း‌တွေဖွင့်ပြီး တလအကြာမှာ ကရင်စာစသင်ဖို့ ပြည်‌ထောင်စုက မူချထားတယ်။ ‌ကျောင်း ဖွင့်ပြီး တစ် လအကြာ ဇူလိုင် ၁ ရက်‌နေ့မှာ စသင်ဖို့ တစ်တိုင်းလုံး ညှိနှိုင်းထားတယ်။ အခု စာသင်တဲ့ အပိုင်းမှာ သူငယ်တန်းအ ဆင့်မှာ သင်‌ထောက်ကူလိုအပ်တာရှိမယ်။ ရုပ်ပုံကားချက်‌လေးနဲ့ အက္ခရာ၊ စကားရပ် တွဲထားတဲ့ သင်တန်း‌ထောက်ကူ‌တွေ၊ ‌နောက် သီချင်းဆိုဖို့ ဆရာ၊ ဆရာမ‌တွေအတွက် လိုအပ်တဲ့ သင်‌ထောက်ကူရှိခဲ့မယ် ဆိုရင်လည်း တင်ပြ‌ပေးပါ။ ဒီ‌ခြောက်လပိုင်းမှာ ကျမရဲ့ ဘတ်ဂျက်နဲ့ အဲ့ဒါ‌တွေထုတ်‌ပေးမယ်”ဟု ဝန်ကြီးက ‌မေ ၁၂ ရက်‌နေ့တွင် ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အလိုက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများအ‌နေဖြင့် ဆိုင်ရာ မြို့နယ်အတွင်း ကရင်စာ သူငယ်တန်း၊ ပထမတန်း စတင်သင်ကြားမည့် ‌ကျောင်းသား၊ ‌ကျောင်းသူ စာရင်းများ၊ သင်ကြား မည့် ဆရာ၊ ဆရာမ စာရင်းများနှင့် လိုအပ်မည့် ဖတ်စာအုပ်၊ သင်‌ထောက်သူ စာရင်းများကိုလည်း ပြုစုပြီး ယခု ‌မေလကုန် ‌နောက်ဆုံးထား၍ မိမိထံပို့‌ပေးရန် ဝန်ကြီးက ဆက်‌ပြောသည်။

ယခုလို စာရင်းများ ပြန်လည် ပြုစု‌ရေးနှင့် ပတ်သက်၍ ထန်းတပင်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီဝင် ‌စော ‌မောင်တိုးက “ကျ‌နော်တို့ ထန်းတပင်မြို့နယ်မှာ ကရင်စာသင်တဲ့‌ကျောင်းသားက အရင်နှစ်က နှစ်‌ထောင်‌ကျော်ရှိတယ်။ ဆရာ၊ ဆရာမ မရှိတဲ့ ‌ကျောင်း‌တွေဆို ရွာထဲက ကရင်စာသင်နိုင်တဲ့အပြင် လူ‌ခေါ်သင်တာ ၇ဝ ဦး‌လောက်ရှိတယ်။ အခု စာရင်းအသစ်ကျရင်‌တော့ အတိုးအ‌လျှော့ရှိနိုင်တယ်။ စသင်မဲ့ အချိန် ပြင်ဆင်ရမဲ့ဟာ တိတိကျကျ ရှိ‌တော့လုပ်ရ အဆင်‌ပြေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ ပညာ‌ရေးစနစ် စတင်‌ပြောင်းလဲကျင့်သုံး‌နေပြီး ၂၀၁၆ ခုနှစ်တွင် KG တန်းကို စနစ်သစ်ဖြင့် စတင်သင်ကြားသလို ယခုနှစ်တွင် ပထမတန်းနှင့် ဒုတိယတန်းကို စနစ်သစ်ဖြင့် သင်ကြားမည်ဖြစ်သည်။ ကရင်စာသင်ရိုးမှာ ယခုလို ပညာ‌ရေး စနစ်နှင့် လိုက်‌လျော ညီ‌ထွေ‌ရေးဆွဲထားခြင်း ရှိမရှိ မသိရသလို ယခင်က ‌ရေးဆွဲ ထားသည့် ပထမတန်းသင်ရိုးအတိုင်း ဆက်သင်မသင်ရှင်းရှင်းလင်းလင်း မသိရ‌သေး‌ကြောင်း ရန်ကုန်မြို့တွင်းရှိ ‌ကျောင်း သားမိဘများနှင့် မြို့နယ်အဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီဝင်များက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးတွင် အစိုးရအ‌ခြေခံပညာ‌ကျောင်းများ၌ ၂၀၁၅ ခုနှစ်မှစ၍ ပိုးနှင့် စ‌ကောကရင်စာ စတင် သင်ကြားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် KG တန်းတွင် ပိုးနှင့် စ‌ကောကရင်စာ သင်ရိုးသစ်ဖြင့် သင်ကြားမှုပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ရန်ကုန် ‌မြောက်ပိုင်းခရိုင် အင်းစိန်၊ ‌မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်စသည့် မြို့နယ်များ၊ ‌တောင်ပိုင်းခရိုင်အတွင်း တွံ့‌တေး၊ ‌ကော့မှူး၊ ကွမ်းခြံ ကုန်းစသည့် မြို့နယ်များတွင် ကရင်စာသင်ကြားမှု အများဆုံးဖြစ်‌ကြောင်း တိုင်းစာယဉ်တာဝန်ရှိသူများထံမှ သိရသည်။