Home သတင်း မူးယစ်‌ဆေး နှိမ်နှင်း‌ရေးတွင် ပြည်သူနှင့် KNLA တပ်ဖွဲ့ဝင်များ ပူး‌ပေါင်းလုပ်‌ဆောင်ရန် KNPF ‌ပြော

မူးယစ်‌ဆေး နှိမ်နှင်း‌ရေးတွင် ပြည်သူနှင့် KNLA တပ်ဖွဲ့ဝင်များ ပူး‌ပေါင်းလုပ်‌ဆောင်ရန် KNPF ‌ပြော

2596

‌မေ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာ ခရိုင်၊ ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် မူးယစ်‌ဆေးနှင့် ဆက်နွယ်သူ ၇၅ ရာခိုင်နှုန်းခန့်ရှိ‌နေပြီး တားဆီးနှိမ်နှင်းရန် ပြည်သူ လူထု၊ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တို့အ‌နေဖြင့် မိမိတို့ ကရင်ရဲတပ်ဖွဲ့(KNPF)နှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် လိုသည်ဟု ဝင်း‌ရေးမြို့နယ် KNPF စခန်းမှူး ‌စောငြိမ်းချမ်းက ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ‌မေ ၁ဝ ရက်‌နေ့တွင် ‌ကေအဲန်ယူ-ဝင်း‌ရေးမြို့နယ်ရုံး၌ ၃ ကြိမ်‌မြောက် ဖမ်းဆီးရရှိသည့် မူးယစ်‌ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင် သူက ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ထိန်းချုပ်နယ်‌မြေမှာရှိတဲ့ ‌ကျေးရွာ‌တွေမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လက‌နေ ၂ဝ၁၈ ခုနှစ် ‌မေလအထိ‌ပေါ့ WY မူးယစ်‌ဆေးပြား အလုံး‌ရေ ၁ သိန်း ၁ ‌သောင်းနဲ့ တရားခံ ၇ ဦးကို မူးယစ်ဥပ‌ဒေနဲ့ အ‌ရေးယူ‌ဆောင်ရွက်ခဲ့ တယ်။ လုပ်‌တော့လုပ်‌နေတာပဲ စမ်းတဝါးဝါးကြီးဖြစ်‌နေတယ်။ ၇၅ ရာခိုင်နှုန်း ဖြန့်ဖြူးသုံးစွဲမှုရှိတဲ့အတွက် လူထုပဲ ဖြစ်ဖြစ်၊ KNLA ပဲဖြစ်ဖြစ် ဒီထက်ပိုပြီး ပူး‌ပေါင်း‌ဆောင်ရွက်သင့်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ဒေသအတွင်း မူးယစ်‌ဆေးဝါး ‌ပေါများသည့်အတွက် မိမိတို့ရဲ့ အရည်အ‌သွေး၊ အ‌ရေအတွက် အားနည်းချက် အများကြီးရှိသည့်အပြင် ယ‌နေ့အချိန်ထိ ထိ‌ရောက်စွာ မကိုင်တွယ်နိုင်‌သေး‌သော်လည်း တားဆီး နှိမ်နှင်းမှု ရပ်တန့်သွားမည်မဟုတ်သလို အမျိုးသားလုံခြုံ‌ရေးအတွက် ရှိသည့်အင်အားဖြင့် ဆက်လုပ်‌ဆောင်မည်ဟု ဝင်း‌ရေးမြို့နယ်၊ ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက မူးယစ်‌ဆေးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ‌ပြောသည်။

အခမ်းအနားတွင် တက်‌ရောက်လာသူ ကွမ်က‌သောင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး စိုင်းစိုးနိုင်ဝင်းက“ မူးယစ် ‌ဆေးက ဝင်း‌ရေးမြို့နယ်မှာ တစ်စစ ဆိုးလာတယ်။ ‌နေရာအနှံ့လိုက်လံဖမ်းဆီးမှု အားနည်းတဲ့အတွက် တစ်ရွာနဲ့ တစ်ရွာ လူငယ်ပိုင်း‌တွေ မူးယစ်‌ဆေး ပိုသုံးစွဲလာကြတယ်။ နိုင်ငံ‌တော်အပိုင်းမှာ‌ရော အဖွဲ့အစည်းနဲ့ တာဝန်ရှိသူ အားလုံး မူးယစ်‌ဆေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းမှုလုပ်‌စေချင်တယ်။ နည်းလာ‌အောင် အသိပညာ‌ပေးတာမျိုး လုပ်ဖို့ ‌တောင်းဆိုချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်တွင် ၂ဝ၁၆ ခုနှစ် ဇူလိုင်လမှစ၍ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ မူးယစ်‌ဆေးဝါးများ အရှိန်အဟုန်မြင့် ဖမ်းဆီး‌ဆောင်ရွက်ခဲ့ရာ မူးယစ်‌ဆေး‌ရောင်းဝယ်သုံးစွဲသူ ၂ဝဝ ‌ကျော်နှင့် ‌ဆေးပြား ၁၁၅,၀၀ဝ ‌ကျော် မီးရှိုးဖျက်ဆီးနိုင်ခဲ့ပြီး အသိပညာ‌ပေးလုပ်ငန်းကို ဆက်လုပ်သွားမည်ဟု မြို့နယ်တာဝန်ရှိသူများက ‌ပြောသည်။