Home သတင်း ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်းကိစ္စ သတ္တုတွင်းဦးစီးဌာနနှင့် ‌ဒေသခံကိုယ်စားလှယ်အဖွဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး

ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်းကိစ္စ သတ္တုတွင်းဦးစီးဌာနနှင့် ‌ဒေသခံကိုယ်စားလှယ်အဖွဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး

2563

‌မေလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘန်း‌ချောင်း‌ဒေသရှိ ‌ကျော်မီး‌သွေးတွင်း ကိစ္စနှင့်ပတ်သက်၍ ‌နေပြည်‌တော်ရှိ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူများနှင့်‌ဒေသခံများက ‌မေ ၂၈ ရက်တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်ဟု ‌တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများက ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် ဘန်း‌ချောင်း‌ဒေသ ကွမ်း‌ချောင်းကြီး ‌ကျေးရွာသားများအ‌နေဖြင့် ‌ကျောက်မီး‌သွေးတွင်း စတင်လုပ်‌ဆောင်ပြီး‌နောက်ပိုင်း အ‌ရေပြား‌ရောဂါ၊ ပါးစပ်နာ‌ရောဂါနှင့် ‌ခြေဆစ်၊ လက်ဆစ် ကိုက်ခဲခြင်းစသည့် ‌ကျောက်မီး‌သွေးအဆိပ်သင့်လက္ခဏာများခံစား‌နေရမှု၊ ‌ကျောက်မီး‌သွေးတွင်း မီး‌လောင်မှု‌ကြောင့် ပတ်ဝန်းကျင် တွင် အနံ့ဆိုးများ ခံစား‌နေရမှုှများကို တင်ပြနိုင်ခဲ့သည်ဟု ‌တွေ့ဆုံပွဲတွင်ပါဝင်သူ ‌နော်ပိသ‌လောက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကွမ်း‌ချောင်းကြီးမှာ ပြီးခဲ့တဲ့ မတ်လတုန်းက ထိုင်းနိုင်ငံက ဆရာဝန်‌ဒေသခံ‌တွေကို ကျန်းမာ‌ရေးလာ စစ်‌ဆေးတုန်း ‌ကျောက်မီး‌သွေး အဆိပ်သင့်လက္ခဏာမျိုး‌တွေ့ရတဲ့ အ‌ခြေအ‌နေ‌တွေ၊ ‌ကျောက်မီး‌သွေးတွင်းမီး ‌လောင်လို့ မီးခိုးအနံ့ဆိုး ခံစားရတာ‌တွေကို တင်ပြခဲ့တယ်။ ဒီ‌နေ့‌တွေ့ဆုံပွဲမှာ အဓိကက‌တော့ ရွာသား‌တွေ အ‌ခြေအ‌နေကို ဆုံးဖြတ်ချက်ချနိုင်တဲ့ သူ‌တွေကို တင်ပြနိုင်ခဲ့တယ်”ဟု ‌နော်ပိသ‌လောက ‌ပြောသည်။

‌တွေ့ဆုံပွဲကို နံနက် ၁ဝ နာရီ‌ကျော်တွင် စတင်ခဲ့ပြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးခင်လတ်ကြီး ဦး‌ဆောင် သည့် တာဝန်ရှိသူများနှင့် ဘန်း‌ချောင်း‌ဒေသခံ ရွာသား ၈ ဦးနှင့် ထားဝယ်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄ ဦးတို့ တက်‌ရောက်ခဲ့ပြီး ယခုလို ‌ဒေသခံရွာသားများတင်ပြချက်များကို ‌သေ‌သေချာချာ မှတ် သားကာ ပြည်‌ထောင်စုဝန်ကြီးထံ တင်ပြ‌ပေးသွားမည်ဟု ညွှန်ကြား‌ရေးမှူးချုပ် ဦးခင်လတ်ကြီးက ‌ပြောသည်ဟု ‌နော်ပိသ‌လောက ဆက်‌ပြောသည်။

ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်း လုပ်ပိုင်ခွင့်ရ ကုမ္ပဏီအ‌နေဖြင့် လက်ရှိ ‌ကျောက်မီး‌သွေးတွင်း တူး‌ဖော်မှုရပ် ဆိုင်းထားသည့်အတွက် ဆုံးရှုံးမှုများ ဖြစ်‌ပေါ်‌နေပြီး ပြန်တူး‌ဖော်ခွင့်ပြုရန် ‌မေ ၂၃ ရက်‌နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စု ဝန်ကြီးထံ စာ‌ရေးသား‌တောင်းဆိုထားသည်ဟု သတ္တုတွင်း ဦးစီးဌာနက ‌ပြောသည်။

အဆိုပါ ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်း စီမံကိန်းအ‌ပေါ် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို စည်းပွား‌ရေး ‌ကော်မတီ၏ ဆုံးဖြတ်ချက်အရ လုပ်ပိုင်ခွင့် လိုင်စင်‌ပေးခဲ့‌သော်လည်း လိုင်စင်သက်တမ်းကုန်ဆုံး သွားပြီးဖြစ်သလို ‌ဒေသခံ များ ကန့်ကွက်သည့်အတွက် လိုင်စင်သက်တမ်းတိုး‌ပေးထားခြင်းမရှိဟု ‌ကေအဲန်ယူ၊ ဗဟို သတ္တုတွင်း ဌာနမှ ပဒို‌စောကဲ လယ်မူးက ‌မေ ၂၄ ရက်‌နေ့တွင် ထားဝယ်မြို့အ‌ခြေစိုက်တာက‌ပေါ လူငယ် အဖွဲ့ထံ အ‌ကြောင်းကြားခဲ့သည်ဟု ယင်းအဖွဲ့မှ သိရသည်။

ဘန်း‌ချောင်း‌ဒေသ၊ က‌ထောင်လိရွာသား ‌စောတင်ဦးက “ကျန်းမာ‌ရေး ထိခိုက်တယ်၊ က‌လေး‌တွေ ‌ကျောင်း မှန်မှန် မတက်နိုင်ဘူး။ ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်းကို လုံးဝ ပိတ်ပစ်‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘန်း‌ချောင်း‌ကျောက်မီး‌သွေးတွင်းကို ၂၀၁၂ ခုနှစ်တွင် ‌မေဖလားဝါး မိုင်းနင်း ကုမ္ပဏီက ဘန်‌ချောင်း ‌ဒေသ၊ ကွမ်း‌ချောင်း ကြီး‌ကျေးရွာ ‌မြေဧက ၆ဝ ‌ပေါ်တွင် စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။ ‌ကျောက်မီး‌သွေးတွင်း စွန့်ပစ် ‌ရေဆိုးများ‌ကြောင့် ပတ် ဝန်းကျင်‌လေထု၊ ‌ရေထု ညစ်ညမ်းခြင်း ဖြစ်‌ပေါ်ကာ ‌ဒေသခံများ အသက် ‌မွေးဝမ်း ‌ကျောင်း ထိခိုက်လာသည့်အတွက် ကန့် ကွက်မှုများ‌ကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် တနသင်္ာရီ တိုင်း‌ဒေသကြီး အစိုးရက ယာယီ ပိတ်သိမ်းခဲ့သည်။