Home သတင်း ပဲခူးရှိ တိုင်းရင်းသား ‌ခြောက်မျိုးအတွက် စာ၊ ယဉ် ရုံး‌မြေ‌နေရာများ မွန်အမျိုးသားတစ်ဦးလှူဒါန်း

ပဲခူးရှိ တိုင်းရင်းသား ‌ခြောက်မျိုးအတွက် စာ၊ ယဉ် ရုံး‌မြေ‌နေရာများ မွန်အမျိုးသားတစ်ဦးလှူဒါန်း

2871

‌မေ ၁၆ရက်၊ ၂၀၁၈ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်၊ ကယား(ကရင်နီ)၊ ချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်း တိုင်းရင်းသားများ စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မ တီ ရုံး‌နေရာများ ဖွင့်လှစ်နိုင်ရန် ပဲခူးမြို့၊ ထားဝယ်အင်း‌ကျေးရွာအုပ်စု၊ ထားဝယ်အင်းရွာရှိ ‌မြေ ၄ဧကခန့်ကို မြို့ခံ မွန်အမျိုးသား မင်းသိန်းသန်းက ‌မေလ ၁၄ရက်‌နေ့တွင် တရားဝင် လှူဒါန်း‌ပေးခဲ့သည်။

ယခုလို ‌မြေ‌နေရာလှူဒါန်းခြင်းအ‌ပေါ် ပန်းပုပညာရှင် မင်းသိန်းသန်းက “ရည်ရွယ်ချက်က တိုင်းရင်းသားအားလုံး‌ပေါ့။ ပြည်တို့၊ ‌တောင်ငူတို့ဆို ပဲခူးနဲ့ အလှမ်းကွာတယ်။ တစ်နှစ်မှာ နှစ်ခါ‌လောက်ဆုံရင် နာမည်‌တောင် မမှတ်မိဘူး။ ရုံးရှိတယ်ဆိုရင် ဘာကိစ္စ နဲ့ပဲ ပဲခူးကိုလာလာ တိုင်းရင်းသား‌တွေ ဆုံပြီး‌တော့ နည်းနည်းကပ်ကပ် ရင်းရင်းနှီးနှီး တစ်‌ယောက်နဲ့တစ်‌ယောက် လူမှု‌ရေးနဲ့ ပုဂ္ဂလိက အခက်အခဲ စသဖြင့် တိုင်ပင်လို့ရ‌အောင်၊ အချင်းချင်း ပိုမို ထိ‌တွေ့ပြီး‌တော့ တိုင်းရင်းသား‌တွေ ပိုညီညွတ်‌အောင် ဒီလို ‌လေးဖြစ်ချင်လို့ပါ”ဟု ‌ကေအိုင်စီသို့ ‌မေ ၁၆ရက်‌နေ့က ‌ပြောသည်။

ထို့အပြင် ပဲခူးတိုင်းအတွင်း တိုင်းရင်းသားများအားလုံး စု‌ပေါင်းပြီး တိုင်းရင်းသားများအသင်းတစ်ခု ဖြစ်‌ပေါ်လာရန် လုပ်‌ဆောင် ချင်သလို အသင်းရုံး ‌ဆောက်လုပ်နိုင်‌ရေးနှင့် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ မဖွဲ့ရ‌သေးသည့် တိုင်းရင်းသားများအတွက်လည်း ‌မြေ‌နေရာများ ထပ်မံ လှူဒါန်းသွားရန် အစီအစဉ်ရှိသည်ဟု အလှူရှင် မင်းသိန်းသန်းက ဆက် ‌ပြောသည်။

အဆိုပါ ‌မြေ‌နေရာ တရားဝင်လှူဒါန်းပွဲ အခမ်းအနားကို ပဲခူးမြို့၊ မြို့‌ရှောင်လမ်း‌ဘေးရှိ ထားဝင်အင်း‌ကျေးရွာ၌ ‌မေ ၁၄ရက်‌နေ့ နံနက် ၇နာရီတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပဲခူးတိုင်း‌ဒေသကြီး ကရင်လူမျိုးတိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေး၊ ပဲခူး တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ၊ အငြိမ်းစားပါ‌မောက္ခ‌ဒေါက်တာကြည်စိုး၊ ပဲခူးမြို့နယ် တိုင်း‌ဒေသ ကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးညွှန့်‌ရွှေနှင့် တိုင်းရင်းသား အသီးသီးမှ စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီတာဝန်ရှိသူများ တက် ‌ရောက်ခဲ့ကြသည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ပြန်ကြား‌ရေးတာဝန်ခံ ‌စောဩဂတ်စ်တင်းခူက “တိုင်းရင်းသား‌ခြောက် မျိုးအတွက် ‌မြေတစ်ကွက်ကို ‌ပေ ၁၀၀×၂၀ဝ ‌ပေ‌မြေကွက်‌တွေ‌ပေးလှူတယ်။ အားလုံး တန်းတူဖြစ်‌အောင် မဲနိုက်‌တော့ ကရင်စာ ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီက ‌မြေကွက် အမှတ် ၂ကို ရထားတယ်။ ‌လော‌လောဆယ်‌တော့ ရုံး‌ဆောက်ဖို့အတွက်‌တော့ ပြန်ညှိ နှိုင်းရဦးမယ်။ ကိုယ့်တိုင်းရင်းသားအလိုက် ဦး‌ဆောင် လုပ်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌မေ ၁၅ရက်‌နေ့တွင် ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်း တိုင်းရင်းသားလူမျိုးစုများအ‌နေဖြင့် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများ ဖွဲ့စည်းထား‌သော်လည်း ရုံးဖွင့် ရန် ကိုယ်ပိုင်‌မြေ‌နေရာ မရှိ‌သေးသည့်အ‌ပေါ် ယခုလို လှူဒါန်းလိုက်‌သော ‌မြေ‌နေရာများကို ပထမဆုံးအကြိမ် ရရှိခြင်းဖြစ် ‌ကြောင်း စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။