Home သတင်း ပန်းတ‌နော်မြို့နယ်တွင် ပထမအကြိမ် ကရင်စာသင်ကြား‌ရေး ဆရာဖြစ်ရက်တိုသင်တန်းဆင်းပွဲကျင်းပ

ပန်းတ‌နော်မြို့နယ်တွင် ပထမအကြိမ် ကရင်စာသင်ကြား‌ရေး ဆရာဖြစ်ရက်တိုသင်တန်းဆင်းပွဲကျင်းပ

2293

‌မေလ ၁၈ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူမျိုးအများဆုံး‌နေထိုင်ရာ မြို့နယ်တစ်ခုဖြစ်သည့် ပန်းတ‌နော်မြို့နယ်တွင် ကရင်စာ‌ပေသင်ကြား‌သော ဆရာ/ဆရာမများ အရည်အ‌သွေး ပြည့်ဝရန် ရည်ရွယ်ဖွင့်လှစ်‌ပေးသည့် ပထမအကြိမ် ကရင် စာသင်ကြား‌ရေးဆရာဖြစ်ရက်တို သင်တန်းဆင်းပွဲကို ယ‌နေ့ ‌မေလ ၁၈ရက်‌နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းကို ပန်းတ‌နော်မြို့နယ်အတွင်းရှိ ကရင်‌ကျောင်းသားများရှိသည့် စာသင်‌ကျောင်းများတွင် ကရင်စာ‌ပေသင်ကြားနိုင်ရန်၊ လိုအပ်‌သော ဆရာ/ဆရာမများကို ဖြည့်ဆည်းနိုင်ရန်နှင့် ဆရာ/ဆရာမများ၏ အရည်အ‌သွေး မြင့်မားတိုးတက်‌စေရန် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်‌ကြောင်း ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု ‌ကော်မတီ အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က ‌ပြောသည်။

၎င်းက “အရင်နှစ်က ပညာ‌ရေးဌာနက ကရင်စာသင်တဲ့ ဆရာ/ဆရာမ‌တွေကို တစ်ခါတည်း တန်းခန့် လိုက်တဲ့ အတွက် ကရင်စကားမ‌ပြောတတ်တဲ့ ဆရာ‌တွေ‌တောင်ပါတယ်။ အဲ့‌တော့ အဆင်မ‌ပြေဘူး‌လေ။ အဲ့ဒါ‌ကြောင့် ဆရာ/ဆရာမ‌တွေ အရည်အ‌သွေး ပြည့်မှီ‌စေဖို့အတွက် လုပ်တာဖြစ်တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်စာသင်ကြား‌ရေး ဆရာဖြစ်ရက်တိုသင်တန်းကို ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ ဦး‌ဆောင်၍ ပန်းတ‌နော်မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ ‌လောင်း စုစု‌ပေါင်း ၂၁၇ ဦးဖြင့် ‌မေလ ၁၄ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယ‌နေ့ (‌မေလ ၁၈ရက်) ‌နေ့လည် ၂နာရီတွင် သင်တန်းဆင်းလက်မှတ်များ‌ပေးအပ်ခြင်းနှင့် ထူးချွန်သူများကို ဆု‌ပေးခြင်းများဖြင့် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

ယခုပြုလုပ်ခဲ့သည့် ကရင်စာသင်ကြား‌ရေး ဆရာဖြစ်ရက်တိုသင်တန်းတွင် လာမည့်စာသင်နှစ်မှ စတင်၍ အ‌ခြေခံပညာ စာသင်‌ကျောင်းများတွင် ဝင်‌ရောက်သင်ကြားမည့် ဆရာ/ဆရာမများ နှင့် ဝင်‌ရောက်သင်ကြားရန် ရည်ရွယ်ချက် ရှိသူများကို ဦးစား‌ပေး ‌ခေါ်ယူသင်ကြား‌ပေးခြင်းဖြစ်ပြီး ပိုးကရင် ၂၀ဝ ဦး နှင့် စ‌ကောကရင် ၁၇ဦး တက်‌ရောက်ခဲ့ခြင်း ဖြစ်သည်။

သင်တန်းတွင် KG တန်း ၊ ပထမတန်း၊ ဒုတိယတန်းတွင် ပြဌာန်းထား‌သော စာအုပ်များကို အဓိကထား၍ သင်ကြား ‌ပေးပြီး ပြဌာန်းစာအုပ်တွင်ပါရှိသည့် မသိနားမလည်‌သော ‌ဝေါဟာရများကို ရှင်းလင်း သင်ကြား‌ပေးခြင်းအပြင် သင်ကြားပုံသင်ကြားနည်းစနစ်များကိုပါ ထည့်သွင်းသင်ကြား‌ပေး‌ကြောင်း မန်းဝင်း‌မောင်က ‌ပြောသည်။

ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ နာယက ဆရာ‌တော် မန်းနဲနန္ဒာစာရက “ ဒီလိုမျိုး သင်တန်းလုပ်‌ပေးတဲ့အတွက် ကိုယ့်စာ‌ပေကို ထိထိ‌ရောက်‌ရောက် သင်ကြားနိုင်မယ့် အတွက်‌ကြောင့် အားရ ‌ကျေနပ်စရာ‌ကောင်းတယ်။ အမျိုးသား‌ရေးနဲ့ ပတ်သက်တဲ့ စာ‌ပေကို ပြန့်ပွား‌အောင်လုပ်နိုင်တဲ့အတွက် ပိုပြီးအားရစရာ‌ကောင်းပါတယ် ” ဟု မိန့်ကြားသည်။

ယခင်နှစ်တွင် ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီအ‌နေဖြင့် ပညာ‌ရေးဝန်ကြီးဌာနမှ တရားဝင် ခန့်အပ်သည့် ဆရာ/ဆရာမ (၅၈)ဦးကိုလည်း မွမ်းမံ သင်တန်းများ ‌ပေးခဲ့ပြီး ယခုနှစ် ရက်တိုသင်တန်းတွင် လာ‌ရောက်‌လျှောက်ထားသူ ပိုးကရင် ၂၄၈ဦး ရှိသည့်အနက် ပညာ‌ရေးဌာနနှင့် ညှိနှိုင်း၍ လိုအပ်‌သော ပိုးကရင်ဆရာ/ဆရာမ (၂၀၀)ဦးကိုသာ သင်တန်း‌ပေးခဲ့‌သော‌ကြောင့် ကျန်သည့် ၄၈ဦး နှင့် စ‌ကောကရင် ဆရာ/ဆရာများကို မကြာခင်ရက်များတွင် ‌နောက်ထပ် သင်တန်း‌ပေးရန် ရှိ‌ကြောင်း သိရသည်။