Home သတင်း နယ်စပ်ကျန်းမာ‌ရေးအဖွဲ့နှင့် ပညာရှင်များပါဝင်သည့် ကျန်းမာ‌ရေးနှီး‌နှောဖလှယ်ပွဲပြုလုပ်

နယ်စပ်ကျန်းမာ‌ရေးအဖွဲ့နှင့် ပညာရှင်များပါဝင်သည့် ကျန်းမာ‌ရေးနှီး‌နှောဖလှယ်ပွဲပြုလုပ်

2473

‌မေလ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ထိုင်-မြန်မာနယ်စပ် အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် ပြည်ပ‌ရောက်ကျန်းမာ‌ရေးပညာ ရှင်များနှင့် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်း‌ခေါင်း‌ဆောင်များပါဝင်သည့် ကျန်းမာ‌ရေး နှီး‌နှောဖလှယ်ပွဲ တစ်ခုကို ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာ၌ ‌မေလ ၂၁ရက်(ယ‌နေ့)မှ ၂၂ရက်‌နေ့အထိ ပြုလုပ်လျက်ရှိသည်။

အလုံးစုံလွှမ်းခြုံနိုင်သည့် ကျန်းမာ‌ရေးစနစ်နှင့် ဗဟိုချုပ်ကိုင်မှု‌လျှော့ချသည့် ကျန်းမာ‌ရေးစနစ် ဖြစ်‌ပေါ်လာနိုင် ‌ရေးအတွက် သွားနိုင်မည့် နည်းလမ်းများကို စု‌ပေါင်းရှာ‌ဖွေရန် ယခုနှီး‌နှောဖလှယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု နှီး‌နှောဖလှယ်ပွဲကို ဦး‌ဆောင်ပါဝင်သူ မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း-BMA၏ ဒါရိုက်တာ ‌စော‌နေထူး က ‌ပြောသည်။

၎င်းက “အလုံးစုံလွှမ်းခြုံတဲ့ ကျန်းမာ‌ရေးစနစ်က‌နေ တိုင်းရင်းသားအစုအဖွဲ့က‌နေ သွားချင်တဲ့ ဗဟိုချုပ်ကိုင်မှု ‌လျှော့ချတဲ့ ကျန်းမာ‌ရေးစနစ်ကို အံဝင်ဂွင်ကျ ရနိုင်‌အောင် ဘယ်လိုနည်းလမ်း‌တွေရှာကြမလဲ၊ ရ‌ကော ရနိုင်ရဲ့လား၊ ရနိုင်တယ်ဆိုရင်လည်း ဘယ်လိုမျိုးနည်းလမ်းနဲ့ ရနိုင်မလဲဆိုတဲ့ဟာကို စု‌ပေါင်းပြီး‌တော့မှ အ‌ဖြေရှာ ကြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်သွားမည့် အဆိုပါ နှီး‌နှောဖလှယ်ပွဲတွင် လူမူ‌ရေး တာဝန်ယူမှုဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက်မှု၊ ကျန်းမာ‌ရေးအသုံးစရိတ် စုစည်းမှုနည်းလမ်းများ၊ အာဏာပိုင်နှင့် ပုဂ္ဂလိကတို့စု‌ပေါင်း၍ တာဝန်ယူမှု၊ တာဝန်ခံမှု အ‌ပေါ်အ‌ခြေခံ၍ ကျန်းမာ‌ရေးလုပ်ငန်းအ‌ပေါ် လက်တွဲလုပ်‌ဆောင်သွားနိုင်မည့်နည်းလမ်းများကို ပထမ ရက်တွင် ‌ဆွေး‌နွေးအ‌ဖြေရှာခဲ့ကြပြီး ‌နောက်ဆုံးရက်တွင် ဗဟိုချုပ်ကို်င်မှု ‌လျှော့ချသည့် ကျန်းမာ‌ရေးစနစ်အ‌ပေါ် သွားနိုင် မည့် နည်းလမ်းများကို အဓိက အ‌ခြေခံ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။

လက်ရှိ ပြုလုပ်‌နေသည့် နှီး‌နှောဖလှယ်ပွဲသို့ နယ်စပ်အ‌ခြေစိုက်ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြစ်သည့် နယ်လှည့် ‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWT၊ မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း-BMA၊ မယ်‌တော် ‌ဆေးခန်း-MTC၊ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန -KDHWတို့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကျန်းမာ‌ရေးကိုယ်စားလှယ်များ၊ ပညာရှင်များအပါအဝင် စုစု‌ပေါင်း ၅ဝ ‌ကျော် ပါဝင်တက်‌ရောက်လျက်ရှိသည်။