Home သတင်း ထိုင်းရှိ မြန်မာဒုက္ခသည် ၁၆၁ ဦးကို ဒုတိယအကြိမ်‌မြောက် ‌နေရပ်ပြန်ပို့မည်

ထိုင်းရှိ မြန်မာဒုက္ခသည် ၁၆၁ ဦးကို ဒုတိယအကြိမ်‌မြောက် ‌နေရပ်ပြန်ပို့မည်

2523
၂၀၁၆ခုနှစ်က ပထမအသုတ်အဖြစ် ပြန်သွားသည့် ဒုက္ခသည်များအား ‌တွေ့မြင်ရစဉ် (ပုံ-‌ကေအိုင်စီ)

‌မေလ ၂ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ သ‌ဘောတူညီမှုဖြင့် မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်‌ရေး ဒုတိယအကြိမ်‌မြောက် အစီအစဉ် အရ နယ်စပ်ဒုက္ခသည်စခန်း (၅) ခုမှ လူဦး‌ရေ ၁၆၁ ဦးကို ယခု ‌မေလ ၇ ရက်‌နေ့တွင် ‌နေရပ်ပြန်ပို့‌ပေးမည်ဖြစ်‌ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCRမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒုံယမ်းနှင့် Mai Nai Soi (မိုင်နန်းစွယ်)ကရင်နီဒုက္ခသည်စခန်းအတွင်းရှိ ‌နေရပ်ပြန်လိုသူများ အတွက် UNHCR မှ ဖွင့်လှစ်‌ပေးထား‌သော ဆန္ဒအ‌လျောက် ဌာ‌နေပြန်သွား‌ရေး အကျိုး‌ဆောင်ဌာန (Voluntary Repa triation Center–VRC)မှ တစ်ဆင့် အမည်စာရင်း လာ‌ရောက်တင်သွင်းထားသည့် အိမ်‌ထောင်စု‌ပေါင်း ၅ဝ စုကို ထိုင်းပြည် ထဲ‌ရေးက အတည်ပြုပြီး‌နောက် ယခုလို ပြန်ပို့ရန် စီစဉ်‌နေခြင်းဖြစ်သည် UNHCR ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကရင်ဒုက္ခသည် ‌ကော်မတီ(KRC) အတွင်း‌ရေးမှူးချုပ် ‌စောဘွယ်‌စေးက “အခုပြန်မဲ့ အစီအစဉ်‌တွေ ပြန်မဲ့ဦး‌ရေနဲ့ ‌နေရာ ‌ဒေသ ‌တွေကို‌တော့ ကျ‌နော်တို့ကို (UNHCR မှ ) အသိ‌ပေးတယ်။ ဒါ‌ပေမဲ့ ဘယ်သူ ဘယ်ဝါ၊ အမည် အသက်‌တွေ ကျ‌တော့ မပါ‌သေး ဘူး‌ပေါ့။ သူတို့ ပို့ပြီး ‌မေလ ၇ ရက်‌နောက်ပိုင်းကျမှပဲ ပြန်အသိ‌ပေးမယ်လို့ ‌ပြောတယ် ”ဟု ‌ကေအိုင်စီသို့ အတည် ပြု‌ပြောဆိုသည်။

UNHCR၏ ထုတ်ပြန်ထားသည့် စာရင်းအရ လက်ရှိ မိမိဆန္ဒအ‌လျောက်ပြန်မည့် ဒုက္ခသည် ၁၆၁ ဦးတွင် မယ်လ စခန်း၌ အိမ်‌ထောင်စု ၂ဝ မှ လူဦး‌ရေ ၆ဝ ဦး၊ နို့ဖိုးစခန်းရှိ အိမ်‌ထောင်စု ၁၃ စုမှ ၃၅ ဦး၊ အုန်းဖျန်စခန်းရှိ အိမ်‌ထောင်စု ၈ စုမှ ၃ဝ ဦး၊ မိုင်နန်းစွယ် စခန်းရှိ အိမ်‌ထောင်စု ၉ စုမှ ၃၅ ဦးနှင့် ဘမ့်ဒုံယမ်း စခန်းမှ (၁) ဦးတို့ဖြစ်ပြီး ၎င်းတို့အား မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေးတံတားနှင့် Huay Ton Non/Bp 13 နယ်စပ်လမ်း‌ကြောင်းမှတစ်ဆင့် ကရင်၊ ကရင်နီ (ကယား) ပြည်နယ်၊ ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းတိုင်း‌ဒေသကြီး စသည့် ‌ဒေသအသီးသီးသို့ ပြန်သွားကြမည်ဖြစ်သည်။

မယ်လဒုက္ခသည်စခန်း ဥက္ကဌ ‌စော‌အောနက်ကလည်း “ထိုင်းနဲ့ UNရဲ့ အစီအစဉ်နဲ့သွားတာဆို‌တော့ ဘယ်သူ ဘယ်ဝါ မှန်းကျ‌နော်တို့ မသိဘူး။ လူဦး‌ရေနဲ့အိမ်‌ထောင်စု‌လောက်ပဲသိ‌တော့ အဲ့လူ‌တွေကို စခန်းထဲမှာ ဘယ်ရှာရမှန်း ‌တောင်မသိ ဘူး။ ဒါ‌ပေမဲ့ အရင်က ကျ‌နော်တို့ကို UN ‌ပြောတာက လူဦး‌ရေ ၁၀၁ ‌ယောက် စားရင်တင်ထားတာ‌ပေါ့။ အခုက အ‌ယောက် ၆ဝ ပဲ ပြန်ပို့ဖို့လုပ်‌နေတယ်လို့ သိရတယ်။ ပြန်ပို့ပြီးမှ အမည်နဲ့အသက်ကို ပြန်အသိ‌ပေးမယ်လို့ ‌ပြောတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထိုသို့ ဒုက္ခသည်များမိမိ‌နေရပ်ပြန်ရာတွင် စခန်းမှ နယ်စပ်အထိ သယ်ယူပို့‌ဆောင်‌ရေးကို UNHCR က‌နေ ထိုင်းနိုင်ငံရှိ ‌ရွှေ့‌ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration-IOM) မှတစ်ဆင့် ကူညီပို့ ‌ဆောင်‌ပေးမည်ဖြစ်သလို လမ်းခရီးအတွက် ‌ငွေ‌ကြေးအကူအညီကို IOM မှတစ်ဆင့် လူတစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၁,၈၀ဝ နှင့် ဘဝပြန်လည်ထူ‌ထောင်‌ရေးအတွက် လူကြီးတစ်ဦးလျှင် ဘတ် ၅,၄၀ဝနှင့် က‌လေးတစ်ဦးလျှင် ဘတ် ၃,၆၀ဝကို ‌ပေးအပ်ကူညီသွားမည်ဟု UNHCR က ဆိုသည်။

ထို့အပြင် စားနပ်ရိက္ခာအကူအညီအတွက် ကမ္ဘာ့စားနပ်ရိက္ခာ (WFP)၏ အစီအစဉ်ဖြင့် အစားအစာ ၆ လစာနှင့်ညီမျှ‌သော ‌ငွေ‌ကြေးကို လူတစ်ဦးလျှင် ဘတ်‌ငွေ ၂,၁၀ဝ စီဖြင့် ထွက်ခွာမည့်‌နေ့တွင် ‌ပေးအပ်ကူညီသွားမည်ဖြစ်ပြီး ခြင်‌ထောင်၊ အမျိုးသမီး လစဉ်သုံး၊ ခရီး‌ဆောင်အိတ်နှင့် စာရွက်စာတမ်းထည့်သည့်ဖိုင်များကို IOM မှ တစ်ဆင့် မထွက်ခွာမှီ ‌ပေးအပ်သွားမည်ဟုလည်း UNHCR က ‌ပြောသည်။

ဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်နိုင်‌ရေးအစီအစဉ်များ ဖြစ်‌ပေါ်လာပြီး‌နောက် နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် မိသားစု ၁၉ စုမှာ ၎င်းတို့ဆန္ဒအရ နှစ်နိုင်ငံ အစိုးရနှင့် UNHCR တို့၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ‌အောက်တို ဘာလ ၂၆ ရက်‌နေ့တွင် မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပထမဆုံးအသုတ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့ ‌ဆောင်‌ပေးခဲ့ပြီးဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံလျက်ရှိသည့် ဒုက္ခသည်‌ပေါင်း ၉၉,၈၈၆ဦး ရှိ‌ကြောင်း ၂၀၁၈ ခုနှစ်၊ မတ်လအတွက် UNHCR က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပြီး အများစုမှာ လက်ရှိ မြန်မာနိုင်ငံ‌ရေး အ‌ခြေအ‌နေများနှင့် ဒုက္ခသည်‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်များအ‌ပေါ် ‌စောင့်ကြည့်‌နေဆဲ ဖြစ်သည်ဟု ဒုက္ခသည်များက ‌ပြောဆို ‌နေကြသည်။