Home သတင်း တိုင်းရင်းသားလူငယ်များ ပိုမိုလက်တွဲလုပ်‌ဆောင်ရန် KYO တိုက်တွန်း

တိုင်းရင်းသားလူငယ်များ ပိုမိုလက်တွဲလုပ်‌ဆောင်ရန် KYO တိုက်တွန်း

2482

‌မေလ ၂၃ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

မြန်မာ့နိုင်ငံ‌ရေး ‌ပြောင်းလဲမှုဖြစ်စဉ်များတွင် တိုင်းရင်းသားများလိုလားသည့် အ‌ခြေခံအခွင့်အ‌ရေးများအတွက် အာမခံချက် မ‌ပေး နိုင်‌သေးသည့်အ‌ခြေအ‌နေတွင် တိုင်းရင်းသားလူငယ်များအ‌နေဖြင့် ပိုမိုလက်တွဲလုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း ကရင်လူငယ်အ စည်းအရုံး-KYO ဥက္ကဌ ‌စောလယ်နယ်က ယ‌နေ့ ကျ‌ရောက်သည့် ၂၉ကြိမ်‌မြောက် KYO ‌နေ့တွင် တိုက်တွန်း‌ပြောဆိုလိုက်သည်။

“ကျ‌နော်တို့မှာရှိ‌နေပြီးသား အမျိုးသားတန်းတူ‌ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ရနိုင်ဖို့က လက်ရှိမှာ နိုင်ငံ‌ရေးအရ လှုပ်ရှား တိုက်ပွဲဝင်‌နေရတဲ့ အ‌ခြေအ‌နေမှာပဲ ရှိ‌သေးတယ်။ အဂင်္လိပ်လက်ထက်ကတည်းက ‌သွေးခွဲအုပ်ချုပ်ခံလာရတာ‌ကြောင့် ကျ‌နော် တို့အကြားမှာ အမြင်မတူညီခဲ့ဘူး။ ယ‌နေ့အချိန်ထိလည်း အုပ်ချုပ်သူလူတန်းစား‌တွေကလည်း ‌သွေးခွဲအုပ်ချုပ်လာတာ‌ကြောင့် အမြင်မတူမှုက‌နေ ပဋိပက္ခ‌တွေဖြစ်‌နေရတာ‌ကြောင့် လက်တစ်ဆုပ်စာ အုပ်ချုပ်သူလူတန်းစားဖိနှိပ်မှုကို မတွန်းလှန်နိုင်‌သေးဘူး။ ဒါ‌ကြောင့် တိုင်းရင်းသားလူငယ်‌တွေအကြားမှာ လက်တွဲလုပ်‌ဆောင်ဖို့ အ‌ရေးကြီးလာသလို ကိုယ့်ရဲ့ဘုံရန်သူကိုလည်း ရှာ‌ဖွေ တတ်ဖို့လိုတယ်”ဟု ‌ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်၌ ပြုလုပ်ကျင်းပသည့် KYO ‌နေ့ အခမ်းအနားတွင် လက်ရှိ အရပ်သားအစိုးရအဖြစ် ‌ပြောင်းလဲလာ‌သော်လည်း တိုင်းရင်းသားများအတွက် အာမခံချက် တစုံတရာ မ‌ပေးနိုင်‌သေးသည့်အ ပြင် နှစ်ဖက်‌ဖော်‌ဆောင်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ တိုင်းရင်းသားများအတွက် ကန့်သတ်ချုပ်ချယ်မှုများရှိ‌နေသည့် အ‌ခြေအ‌နေ များတွင် တိုင်းရင်းသားလူငယ်များအကြား စုစည်းနိုင်ရန် စိန်‌ခေါ်ချက်များစွာရှိ‌နေသည်ဟုလည်း ‌စောလယ်နယ်က ဆက်‌ပြော သည်။

မြန်မာပြည်၏ လက်ရှိကာလတွင် စစ်အုပ်စုမှ ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို တင်းကျပ်စွာကိုင်စွဲပြီး ၎င်းဖွဲ့စည်းပုံ‌အောက်တွင် အရပ်သားအစိုးရကို လုပ်ပိုင်ခွင့် ‌ပေးထား‌သော်လည်း အရပ်သားအစိုးရတွင် လုပ်ပိုင်ခွင့် အားနည်း‌နေပြီး စစ်ဗျူရိုကရက်ဓနရှင် လူတန်းစားများ၏ အကျိုးစီးပွားကို တည်ငြိမ်စွာ ဆက်လက် ရပ်တည်နိုင်ခြင်းရှိမရှိ စမ်းသပ်အကဲခတ်‌နေသည့်ကာလတွင်သာ ရှိ‌နေ‌သေးသည်ဟုလည်း KYO ဥက္ကဌ၏ မိန့်ခွန့်၌ ထည့်သွင်း‌ဖော်ပြထားသည်။

ယ‌နေ့ပြုလုပ်သည့် (၂၉)ကြိမ်‌မြောက် KYO ‌နေ့သို့ KNU တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်း အပါအဝင် ဗဟို‌ကော်မတီဝင် အချို့နှင့် KNLA တပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ KYO ‌နွေရာသီ ရက်တိုသင်တန်း တက်‌ရောက် ‌နေကြသည့် ကရင်လူငယ်များ စုစု‌ပေါင်း နှစ်ရာနီးပါးတက်‌ရောက်ခဲ့ပြီး သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်အသီးသီးမှ အမှာစကား ‌ပြော ကြားခြင်း၊ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းအချို့မှ ‌ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့တက်‌ရောက်လာသူ ကရင်လူငယ် ‌နော်ဆဲဘဲ‌ဖောက “အခုအချိန်မှာ ကရင်လူငယ်‌တွေအ‌နေနဲ့ ကိုယ့်အမျိုးသား ‌ရေးလုပ်ငန်း‌တွေမှာ ပိုမို ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ကရင်လူငယ်‌တွေမှာ အားနည်းချက် ‌တွေ အများကြီးရှိလာတယ်။ ဒါ‌ကြောင့် ကျမတို့ ကရင်လူငယ်‌တွေ ကိုယ့်သမိုင်းနဲ့ ကိုယ့်အမျိုးသား‌ခေါင်း‌ဆောင်‌တွေ ဘာလုပ်‌နေ တာလဲဆိုတာကို ‌လေ့လာပြီး‌တော့ ပညာ‌ရေးကိုလည်း ‌လေ့လာသင်ယူရင်း ပိုမို ပူး‌ပေါင်းလုပ်‌ဆောင်ကြဖို့ လိုတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ကရင်လူငယ်အစည်းအရုံး-KYO ကို နှစ်ကြိမ် ဖွဲ့စည်းတည်‌ထောင်ခဲ့ရပြီး ဒုတိယအကြိမ်ကို ၁၉၈၉ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့တွင် ယခင် KNU ဗဟိုဌာနချုပ်‌ဟောင်း မာနယ်ပ‌လော၌ ဖွဲ့စည်းခဲ့သည်။