Home သတင်း တီကျစ်‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံ ရပ်ဆိုင်းရန် ‌ဒေသခံများ လိုလား

တီကျစ်‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံ ရပ်ဆိုင်းရန် ‌ဒေသခံများ လိုလား

3642

‌မေလ ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ် တီကျစ်‌ဒေသတွင်ရှိသည့် တီကျစ်‌ကျောက်မီး‌သွေး လျှပ်စစ် ဓာတ်အား ‌ပေးစက်ရုံမှာ ‌ဒေသခံပြည်သူလူထု၏ ကျန်းမာ‌ရေးအ‌ခြေအ‌နေများနှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးခြင်း‌ကြောင့် ချက်ချင်းရပ်တန့်‌ပေးရန် တီကျစ်‌ဒေသခံများက လိုလား‌နေကြ‌ကြောင်း သိရသည်။

တီကျစ်‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေး စက်ရုံနှင့် ပတ်သက်ပြီး ‌ဒေသခံခွန်ဝင်းထိန် က “ ‌ကျောက် မီး‌သွေး စက်ရုံက ကျ‌နော်တို့‌ဒေသခံ‌တွေကို ဒုက္ခ‌ပေးတာ အရမ်းများ‌နေပြီ။ ‌ကောင်းကျိုး‌ပေးတာ မရှိဘူး။ အိပ်ချိန်‌တွေမှာလည်း ဆူညံတဲ့ မိုင်း‌ပေါက်ကွဲသံ‌တွေ‌ကြောင့် အိပ်မရဘူး။ အခိုးအ‌ငွေ့၊ ‌ညော်နံ့ ‌တွေလည်း ရှူ‌နေရတယ်။ ရွာမှာလည်း သားပျက်သား‌လျှော‌တွေ၊ ‌ခေါင်းအရမ်းကိုက်တာ၊ ‌သွေးတိုး၊ နှလုံးစတာ‌တွေ အရမ်းဖြစ်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လျှပ်စစ်ဓာတ်အား‌ပေး စက်ရုံ‌ကြောင့် ‌ဒေသခံများအ‌ပေါ် ဆိုးကျိုးသက်‌ရောက်မှုများဖြစ်‌ပေါ်လာသည့်အတွက် ၎င်းစက်ရုံစီမံကိန်းအား ချက်ချင်းရပ်ဆိုင်း‌ပေးရန် တီကျစ်‌ဒေသခံများအပါအဝင် ပအိုဝ်း လူငယ်အစည်းအရုံးတို့မှ ပြီးခဲ့သည့် ‌မေလ ၂၈ ရက်‌နေ့က သ‌ဘောထားထုတ်ပြန် ‌တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအ‌ကောင်အထည်‌ဖော်ချိန်မှ စတင်၍ လယ်ယာ‌မြေသိမ်းဆည်းမှုများရှိခဲ့ပြီး ‌လျော်‌ကြေး‌ငွေ အချို့သာ‌ပေးကာ တန်ဖိုးနှင့်ထိုက်သင့်‌သော ‌လျော်‌ကြေးများ ‌ပေး‌ချေမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း၊ ‌ဒေသခံများ၏ ကျန်း မာ‌ရေးကို ဆိုးရွားစွာ ထိခိုက်မှုများရှိ‌ကြောင်းလည်း ပအိုဝ်းလူငယ်အစည်း အရုံးမှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးခွန်ဦး က ‌ပြောသည်။

ထို့အပြင် ‌ကျောက်မီး‌သွေး သတ္ထုတွင်း စတင်တူး‌ဖော်သည့်အချိန် ၂၀၁၃ ခုနှစ်တွင် မိုင်းတွင်းနှင့် မလွတ်ကင်းသည့် ‌တောင်လပို့နှင့် လိုင်ခါး‌ကျေးရွာ ၂ရွာရှိ လူဦး‌ရေ ၄၀ဝ ‌ကျော် အိမ်‌ထောင်စု ၇ဝ ‌ကျော်ခန့် ‌ပြောင်း‌ရွှေ့‌နေထိုင်ခဲ့ ရပြီးဖြစ်‌ကြောင်း တီကျစ်‌ဒေသ ‌ကျောက်မီး‌သွေး သတ္ထုတွင်းတူး‌ဖော်မှုနှင့် လျှပ်စစ် ဓာတ်အား‌ပေးစက်ရုံမှ လူထုများအ‌ပေါ် ဆိုးကျိုးသက်‌ရောက်မှုဆိုင်ရာ ထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

တီကျစ်‌ကျောက်မီး‌သွေး သတ္ထုတွင်းမှာ မျက်နှာပြင် ဧက ၅၀ဝ အထိ ကျယ်ဝန်း‌သော မြန်မာနိုင်ငံ၏ အကြီးဆုံး အပွင့် ‌ကျောက်မီး‌သွေးတွင်း ဖြစ်ပြီး ‌နေ့စဉ် ‌ကျောက်မီး‌သွေး တန်ချိန် ၂,၀၀ဝ ခန့် ထုတ်လုပ်‌နေသည့် ‌ကျောက်မီး‌သွေး တွင်းလည်း ဖြစ်သည်။

‌ကျောက်မီး‌သွေးလျှပ်စစ်ဓာတ်အား‌ပေး စက်ရုံမှ ကာဗွန်ဒိုင်‌အောက်ဆိုက်များ ထွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်‌ပေါ် တွင် ကမ္ဘာကြီးကို ပူ‌နွေး‌စေ‌သော Green House (ဖန်လုံအိမ်ဓာတ်‌ငွေ့)ထွက်ခြင်း နှင့် အဆိပ်ဓာတ်‌ငွေ့များထွက်ခြင်း စသည်တို့‌ကြောင့် ပြည်သူလူထု၏ ကျန်းမာ‌ရေးကို ထိခိုက်‌စေသည့်အပြင် ‌ကျောက်မီး‌သွေးတူး‌ဖော်ခြင်း‌ကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီး‌စေသည်ဟုလည်း သဘာဝပတ်ဝန်းကျင်အ‌ရေးလှုပ်ရှား‌ဆောင်ရွက်သူများက ‌ပြောဆိုသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ပညာရှင် ရန်ကုန်နည်းပညာ တက္ကသိုလ် ဓာတုအင်ဂျင်နီယာ ဌာန အချိန်ပိုင်း ပါ‌မောက္ခ ‌ဒေါက်တာ‌ကျော်ငြိမ်း‌အေးက “ မြန်မာနိုင်ငံမှာ ထွက်တဲ့‌ကျောက်မီး‌သွေးက သက်တမ်းနုတယ်။ အရည် အ‌သွေးမပြည့်မှီဘူး ။ သက်တမ်းနုတဲ့ ‌ကျောက်မီး‌သွေးအ‌နေနဲ့က မသန့်ရှင်းဘူး ။ သက်နု‌ကျောက်ဖြစ်တဲ့ အတွက် ကာဗွန်ချည်းဘဲ သက်သက် မ‌ဖောက်ဘဲနဲ့ ဆာလ်ဖာအဖြိုက်နက် ‌တွေပါလာနိုင်တယ်။ အဲ့‌တော့ သဘာဝပတ်ဝန်း ကျင်ထဲကို နိုက်ထရိုဂျင်ရဲ့‌အောက်ဆိုက်‌တွေ ဆာလ်ဖာရဲ့‌အောက်ဆိုက်‌တွေ ဝင်လာနိုင်တယ်။ အဲ့ဒါ‌တွေက အန္တရာယ်များတယ် ” ဟု ‌ပြောသည်။

ထို့အတူ ‌ကျောက်မီး‌သွေးလျှပ်စစ် ဓာတ်အား‌ပေးစက်ရုံ တည်‌ဆောက်မည်ဆိုလျှင် အစိုးရအ‌နေဖြင့် ဖြစ်လာနိုင်မည့် ‌ကောင်းကျိုး၊ ဆိုးကျိုးများကို ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ တွက်ချက်ခြင်း၊ အရည်အ‌သွေးပြည့်မှီ‌သော ‌ကျောက်မီး‌သွေးများသာ အသုံးပြုခွင့်‌ပေးခြင်း၊ ‌ကျောက်မီး‌သွေးမှ ထွက်လာသည့် အ‌ငွေ့ကို ‌လေထုထဲသို့ မပျံ့နှံ့‌စေရန် ‌ဆောင်ရွက်‌ပေးခြင်း၊ အဆိပ်‌ငွေ့‌လျော့ကျ‌စေသည့် နည်းပညာများကို အသုံးပြု‌စေခြင်း စသည်တို့ကို ကြိုတင်လုပ် ‌ဆောင်သင့်‌ကြောင်းလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ပညာရှင်များက ‌ပြောဆိုသည်။

‌ကျောက်မီး‌သွေးသည် အခြားလျှပ်စစ်ထုတ်ကုန်များထက် ‌ဈေးသက်သာပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်‌ရေး အတွက်များစွာ အ‌ရေးပါသည့်အပြင် လျှပ်စစ်မီးပြည့်ဝစွာ ရရှိမည်ဆိုလျှင် ထင်း၊ မီး‌သွေးဖြင့် ချက်ပြုတ်ရန် မလိုအပ် ‌တော့သည့်အတွက် သစ်‌တောသစ်ပင်ခုတ်မှု ‌လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင်ကို တဖန်ထိန်းသိမ်းရာ ‌ရောက်‌ကြောင်းကိုလည်း ‌ဒေါက်တာ‌ကျော်ငြိမ်း‌အေးက ဆက်လက် ‌ပြောသည်။

တီကျစ်‌ကျောက်မီး‌သွေး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံကို ၂၀၀၁ ခုနှစ်၊ နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေး‌ကောင်စီ (နဝတ) အစိုးရလက်ထက်တွင် စတင်အ‌ကောင်အထည်‌ဖော်ပြီး တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှုလုပ်ငန်း‌ကော်ပို‌ရေးရှင်း ကုမ္ပဏီ (China National Heavy Machinery Corporation-CHMC) က ၂၀၀၂ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့လည်ပတ်ပြီး‌နောက် ၂၀၁၄ ခုနှစ်တွင် စက်ပျက်ခြင်း၊ နည်းပညာအားနည်းခြင်း ၊ ‌ဒေသခံပြည်သူများက ရပ်ဆိုင်း ရန် ‌တောင်းဆိုးခြင်းများ‌ကြောင့် ‌ခေတ္တရပ်နားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာ ၂၂ ရက်‌နေ့တွင် ဓာတ်အား‌ပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်‌ရေးအတွက် တရုတ်နိုင်ငံမှ Wuxi Huanggaung Electric Power Engineering ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သ‌ဘောတူ စာချုပ်ကို လက်မှတ်‌ရေးထိုးခဲ့ကြသည်ဟု သိရသည်။