Home သတင်း စစ်တပ်၏လုပ်ရပ်များအ‌ပေါ် နိုင်ငံတကာမှ ပိုမိုအာရုံစိုက် ဖိအား‌ပေးအ‌ရေးယူရန် ကရင်အရပ်ဖက်အဖွဲ့များ ‌တောင်းဆို

စစ်တပ်၏လုပ်ရပ်များအ‌ပေါ် နိုင်ငံတကာမှ ပိုမိုအာရုံစိုက် ဖိအား‌ပေးအ‌ရေးယူရန် ကရင်အရပ်ဖက်အဖွဲ့များ ‌တောင်းဆို

3597

‌မေလ ၁၃ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံ‌မြောက်ပိုင်းနှင့် ‌တောင်ပိုင်းရှိ တိုင်းရင်းသား‌ဒေသများတွင် တ‌ကျော့ပြန် ပိုမိုပြင်းထန်လာသည့် စစ်‌ရေးပဋိပက္ခများနှင့် အတူ ‌ဒေသခံဌာ‌နေတိုင်းရင်းသားများအ‌ပေါ် မြန်မာ့တပ်မ‌တော်က လူ့အခွင့်အ‌ရေးချိုး‌ဖောက်‌နေမှုများနှင့် စစ်ရာဇဝတ်မှု ကျူး လွန်‌နေမှုများကို ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် နိုင်ငံတကာမှ ပိုမို အာရုံစိုက် ဖိအား‌ပေး အ‌ရေးယူရန် ‌တောင်းဆို‌ကြောင်း ကရင်အ မျိုးသမီးအစည်းအရုံး(KWO)နှင့် ဩစ‌တြေးလျားကရင်အဖွဲ့အစည်း(AKO)တို့က ‌မေလ ၁ဝရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန် ‌တောင်းဆိုလိုက်သည်။

ယခုနှစ်ဆန်းပိုင်းကစ၍ ကချင်နှင့် သျှမ်း(ရှမ်း)ပြည်နယ်အပြင် NCA ထိုးထားသည့် ကရင်ပြည်နယ်နှင့် တိုင်းရင်းသား‌ဒေသများ တွင် မြန်မာ့တပ်မ‌တော်ဘက်မှ စစ်‌ရေးအရ ပိုမိုလှုပ်ရှားလာပြီး ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်လာမှု‌ကြောင့် ‌ထောင်နှင့်ချီ‌သော တိုင်းရင်းသားပြည်သူများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရပြီး ၎င်းတို့ကို လူသားချင်းမစာနာသည့်လုပ်ရပ်များ ကျူးလွန်ခြင်းအ‌ပေါ် နိုင်ငံတကာမှ ပိုမိုအာရုံစိုက် လုပ်‌ဆောင်‌ပေးရန် လိုအပ်‌နေပြီးဟု AKO က ‌မေလ ၁၁ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန်‌ပြောဆို ခဲ့သည်။

AKO ၏ ‌ပြောခွင့်ရ ‌စောလွင်ဦးက “အခုက ‌ကေအဲန်ယူက‌နေပြီး‌တော့ စာထုတ်ပြန်ပြီး အတိအလင်း ဝန်ခံလာရတဲ့ အ‌ခြေအ‌နေ ထိ ‌ရောက်ရှိလာတယ်။ ‌နောက်ပြီး ရခိုင်‌ဒေသမှာ ဥပ‌ဒေမဲ့ လူသားချင်စာနာမှုမဲ့ သတ်ဖြတ်မှု‌တွေအပြင် ကချင်‌ကျေးရွာ‌တွေ၊ အိုး အိမ်‌တွေကို မီးရှို့ဖျက်ဆီး‌နေတာ‌တွေ ဗုံးကြဲတိုက်ခိုက်တာ‌တွေနဲ့ စစ်‌ပြေး‌ရှောင်‌တွေကို ရိက္ခာဖြတ်‌တောက်တာ‌တွေအထိ ရှိလာ တဲ့အ‌ပေါ်မှာ စစ်တပ်က ကျူးလွန်တဲ့အမှု ဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုဆိုင်ရာ ခုံရုံး‌တွေအထိ နိုင်ငံတကာက‌နေ အ‌ရေးယူ ‌ဆောင်ရွက်‌ပေးဖို့လိုပြီး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် လတ်တ‌လောဖြစ်ပွား‌နေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး AKO အ‌နေဖြင့် ဩစ‌တေးလျားနိုင်ငံခြား‌ရေးဌာနသို့ စာ‌ရေးအသိ‌ပေးထားမှုများရှိသလို ‌မေလ ၉ရက်၊ ၁ဝရက်တွင်လည်း ဩစ‌တြေးလျားနိုင်ငံ‌ရောက် ကချင်နှင့် ကရင်တိုင်းရင်းသား များ စု‌ပေါင်း၍ မြန်မာနိုင်ငံသံရုံး‌ရှေ့၌ ဆန္ဒပြမှုများ ပြုလုပ်ခဲ့‌သေးသည်ဟုလည်း ‌စောလွင်ဦးက ဆက်‌ပြောသည်။

လက်ရှိ မြန်မာအစိုးရစစ်တပ်၏ နှစ်ဖက်သ‌ဘောတူသတ်မှတ်ထားသည့် နယ်‌မြေအတွင်း စစ်အင်အား တိုးချဲ့‌နေမှုများမှာ တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ကို အကြင်နာတရားကင်းမဲ့စွာ ချိုး‌ဖောက်‌နေမှုကိုရှုတ်ချ‌ကြောင်း၊ UN အ‌နေဖြင့် မြန်မာပြည်သို့ သံတမန်‌ရေးနည်းလမ်းများဖြင့် ‌ရှေ့တိုးလုပ်‌ဆောင်ရန်နှင့် တရုတ်၊ အိန္ဒိယ၊ အ‌မေရိကန်နှင့် အာဆီ ယံတို့အ‌နေဖြင့် ကရင်ပြည်နယ်အတွင်း စစ်‌ရေး ပြန်လည် တင်းမာမှုကို ခိုင်မာ‌သော‌ဖြေရှင်းမှုနှင့် ၎င်းတို့၏ နိုင်ငံသားများ လုံခြုံ ‌ရေးနှင့် အကာအကွယ်‌ပေးမှု ကြားဝင်ဖျန်‌ဖြေပြီး တွန်းအား‌ပေးသွားရန်လည်း AKO ၏ ထုတ်ပြန်ချက်၌ ‌တောင်းဆိုထားသည်။

ထို့အတူ ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီ အဖွဲ့ဝင်နိုင်ငံများအ‌နေဖြင့် စစ်တပ်၏ ရာဇဝတ်မှု‌မြောက် လုပ်‌ဆောင်ချက်များမှ အပြစ် ကင်းလွှတ်‌နေခြင်းကို အဆုံးသတ်‌ပေးရန်နှင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် လုပ်ရပ်များအ‌ပေါ် တာဝန်ခံမှု ရှိလာ‌စေရန် ဖိအား‌ပေးမှု များ ပြုလုပ်ရန်အပြင် UN ၏ အထူးသံတမန်များကို ကချင်၊ သျှမ်း(ရှမ်း)၊ ရခိုင်နှင့် ကရင်‌ဒေသများသို့ ‌စေလွှတ်၍ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုနှင့် လူသားချင်းစာနာ‌သော အခွင့်အလမ်းများအတွက် ‌တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန်ကိုပါ အမြန်ဆုံး ပြုလုပ်‌ပေး ရန်လိုသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (KWO)ကလည်း ‌မေလ ၁ဝရက်‌နေ့က ‌ကြေညာချက်ထုတ်ပြန် ‌တောင်းဆိုခဲ့သည်။

“အခု ဖြစ်‌နေတဲ့စစ်‌ရေးပဋိပက္ခမှာ စစ်တပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ကို တိုက်ခိုက်‌နေတဲ့ လူ့အခွင့်အ‌ရေး ချိုး ‌ဖောက်‌နေမှု‌တွေ အများကြီးရှိတယ်။ ဒါ‌ပေမဲ့ မြန်မာပြည်မှာ စစ်တပ်ကို အ‌ရေးယူတာမျိုး မရှိဘူး။ ‌နောက်ပြီး စစ်တပ်က ကျူးလွန် တဲ့ စစ်ရာဇဝတ်မှု‌တွေဆိုရင် အဆင့်လိုက် စုံစမ်းစစ်‌ဆေးမှု‌တွေလည်းမရှိသလို ပွင့်လင်းမြင်သာတဲ့ လုပ်‌ဆောင်ချက်လည်း မရှိ ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိဘူး။ ဒီအ‌ပေါ်မှာ ကိုယ့်တိုင်းပြည်က တာဝန်ယူ‌ဖြေရှင်းတာမျိုး မလုပ်ဖူးဆိုရင်‌တော့ နိုင်ငံ တကာအ‌နေနဲ့ တာဝန်ယူပြီး ICC (နို်င်ငံတကာစစ်ခုံရုံး)အထိကိုပါ တင်ပြ‌ပေးဖို့လိုလားပြီး”ဟု KWO အတွင်း‌ရေးမှူး ‌နော်က‌ညော ‌ဖောက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ဦး‌ဆောင်သည့် အရပ်သားအစိုးရအ‌နေဖြင့်လည်း ထွက်‌ပြေး တိမ်း‌ရှောင် ‌နေကြရသည့် စစ်‌ပြေး‌ရှောင်းပြည်သူ တစ်သိန်း‌ကျော်အတွက် လူသားချင်းစာနာသည့် ‌ထောက်ပံ့မှုကို အဟန့်အတားဖြစ်‌စေ သည့် စစ်တပ်၏ တိုင်းရင်းသားပြည်နယ်များအ‌ပေါ် အပြင်းအထန် တိုက်ခိုက်‌နေမှုများကို ချက်ချင်းအဆုံးသတ်ရန် ညွှန်ကြား‌ပေး ရန်ကိုလည်း တွန်းအား‌ပေးလို‌ကြောင်း AKO က ‌တောင်းဆိုလိုက်သည်။

လတ်တ‌လောတွင် KNU မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်ရှိ ‌ခေးပူ-လယ်မူပ‌လောကြား ကားလမ်း‌ဟောင်းကို တပ်မ‌တော် မှ ကားလမ်း‌ဖောက်လုပ်မှုများ ပြန်လည်ပြုလုပ်လာပြီး တပ်အင်အားများတိုးချဲ့လာမှုတို့‌ကြောင့် ‌အောက်‌ခြေရှိ နှစ်ဖက် တပ်အ ကြားတွင် ‌မေလ ၆ရက်မှ ၈ရက်‌နေ့အထိ ပစ်ခတ်မှု ၈ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ‌ဒေသခံရွာသားများ ထပ်မံ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေကြရသည်ဟု KNU ဖာပွန်ခရိုင်ဥက္ကဌက ‌မေလ ၉ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

၎င်းစစ်‌ရေးတင်းမာမှုနှင့်ပတ်သက်၍ KNU က စစ်တပ်၏ လုပ်ရပ်များအ‌ပေါ် အပြင်းအထန်ကန့်ကွက်‌ကြောင်းနှင့် ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA အ‌နေဖြင့်လည်း လတ်တ‌လော စစ်တပ်၏ လှုပ်ရှား‌နေမှုများကို ‌စောင့်ကြည့်‌နေပြီး ‌ရှောင်တိမ်း၍မရသည့် အ‌ခြေအ‌နေတွင် မိခင်အဖွဲ့အစည်းနှင့် အမျိုးသားလုံခြုံ‌ရေးအတွက် ခုခံမှုပြုသွားရမည်ဟု ‌မေလ ၁ဝရက် ‌နေ့တွင် ‌ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ကချင်ပြည်နယ်နှင့် သျှမ်း(ရှမ်း)ပြည်နယ်များတွင် ယ‌နေ့အချိန်အထိ မြန်မာ့တပ်မ‌တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ‌နေ့စဉ် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။ ၎င်းပစ်ခတ်မှုများ‌ကြောင့် စစ်‌ဘေးတိမ်း‌ရှောင်ကြသည့် စစ်‌ဘေး‌ရှောင်ပြည် သူ တစ်သိန်း‌ကျော်မှာ လူသားချင်းစာနာသည့် အကူအညီများ အ‌ရေး‌ပေါ် လိုအပ်လျက်ရှိ‌ကြောင်း ‌ဒေသတွင်း အရပ်ဖက်များက ‌ပြောဆိုသည်။