Home သတင်း ဂျပန်နိုင်ငံအ‌ခြေစိုက် လူမှုအဖွဲ့အစည်းမှ ကွီး‌လေး အထက်တန်း‌ကျောင်းအတွက် ကျပ်သိန်း (၄၀၀)‌ကျော် လှူဒါန်း

ဂျပန်နိုင်ငံအ‌ခြေစိုက် လူမှုအဖွဲ့အစည်းမှ ကွီး‌လေး အထက်တန်း‌ကျောင်းအတွက် ကျပ်သိန်း (၄၀၀)‌ကျော် လှူဒါန်း

2468

‌မေလ ၉ ရက်၊ ၂၀၁၈။ နန့်ဘွားခလိန်

ဂျပန်နိုင်ငံအ‌ခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Telecom for Basic Human Needs (BHN) မှ ကရင်အမျိုးသား အစည်းအရုံး (KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ် ကွီး‌လေး‌ကျောင်း‌ကျေးရွာရှိ ကွီး‌လေးအထက်တန်း‌ကျောင်းအတွက် ကျပ် သိန်း‌ပေါင်း (၄၀၀)‌ကျော် တန်ဖိုးရှိ‌သော သင်‌ထောက်ကူပစ္စည်းများကို ‌မေလ ၈ ရက်‌နေ့တွင် သွား‌ရောက်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

Telecom for Basic Human Needs (BHN) မှ ကွီး‌လေးအထက်တန်း‌ကျောင်းအတွက် ပထမဆုံးအကြိမ်သွား ‌ရောက်လှူ ဒါန်းခြင်းဖြစ်ပြီး ထိုသို့လှူဒါန်းရခြင်းနှင့်ပတ်သက်၍ BHN မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ မစ္စတာ နာအိုရှီဂီ ရှီမူရာ (Mr. Naoshige Shimura )က ယခုလို‌ပြောသည်။

၎င်းက“ကွီး‌လေးရွာကို သွားတဲ့အချိန်မှာ သူတို့ရဲ့ လိုအပ်ချက်‌တွေ ‌တောင်းဆိုမှု‌တွေအ‌ပေါ်မှာ စာနာမှုနဲ့‌ထောက်ပံ့‌ပေး တာဖြစ်တယ်။ ပြီး‌တော့
‌ကျောင်းသူ/‌ကျောင်းသူ‌တွေရဲ့ အနာဂတ်အတွက်‌ရော အ‌ထောက်အကူဖြစ်‌စေပါလိ်မ့်မယ်။ ဒါကို ပြည်နယ်အစိုးရ‌ရော KNU ကပါ ခွင့်ပြုတယ်။ အဲ့ဒီအပြင် ဂျပန်အစိုးရအ‌နေနဲ့လည်း ဒီလို‌ထောက်ပံ့မှု‌တွေ အတွက်လက်ခံ တယ် ။ အဲ့ဒါ‌ကြောင့် ဒီ‌နေ့မှာ ဒီလိုမျိုး ‌ထောက်ပံ့လှူဒါန်းရခြင်းဖြစ်တယ် ”ဟု ‌ပြောဆိုသည်။

‌ကျောင်းသားလူငယ်များ စာသင်ကြားရာတွင် အ‌ထောက်အကူပြုနိုင်‌စေရန် ရည်ရွယ်ပြီး Telecom for Basic Human Needs (BHN) မှ ကျပ်သိန်း‌ပေါင်း (၄၀၀)‌ကျော် တန်ဖိုးရှိ‌သော ဆိုလာ အချပ် ၄၀၊ Lenovo ကွန်ပျူတာ အမျိုးအစားလက်ပ်‌တော့ပ် ( ၁၂ ) လုံးနှင့် Printer စက်များကို ‌မေလ ၈ ရက်‌နေ့တွင် သွား‌ရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ကွီး‌လေး အထက်တန်း‌ကျောင်းသည် (KNU ) တပ်မဟာ (၁) အတွင်းရှိ ကရင်ပညာ‌ရေးဌာန (KED) သင်ရိုးညွှန်းတမ်းကို သင်ကြား‌နေသည့် တစ်ခုတည်း‌သော အထက်တန်း‌ကျောင်းဖြစ်ပြီး ဆရာ/ဆရာမ စုစု‌ပေါင်း (၂၅ )ဦး နှင့် ‌ကျောင်းသား/‌ကျောင်းသူ စုစု‌ပေါင်း (၃၇၈)ဦး ပညာသင်ကြားလျက်ရှိသည်ဟု သိရသည်။

ကွီး‌လေး အထက်တန်း‌ကျောင်းအုပ် ဆရာ‌စောမင်းမင်းက “မီးလည်းရှိပြီ။ ကွန်ပျူတာလည်းရှိပြီဆို‌တော့ အများကြီး အ ‌ထောက်အကူဖြစ်တာ‌ပေါ့။ ‌ကျောင်းက ဆရာ/ဆရာမ‌တွေလည်း ကွန်ပျူတာနဲ့ပတ်သက်တာ အများကြီးပိုသိလာမယ်။ က‌လေး‌တွေလည်း ကွန်ပျူတာကို ဘာသာရပ်တစ်ခုအ‌နေနဲ့ သင်နိုင်မယ်”ဟု ‌ပြောသည်။

ကွီး‌လေး အထက်တန်း‌ကျောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဦး‌ဆောင်ကာ ‌ဒေသခံများနှင့် စု‌ပေါင်း၍ ကိုယ်ထူကိုယ်ထဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ပညာ‌ရေးဌာန-KED ၏ သင်ရိုးညွှန်းတမ်းစနစ်ဖြင့် ၅ တန်း မှ ၁ဝ တန်းအထိ ဖွင့်လှစ်သင်ကြား‌နေ‌သော စာသင်‌ကျောင်း ဖြစ်သည်။